ဒီစာအုပ်လေးဟာ တကယ့်တကယ် ဖတ်သင့်တဲ့စာအုပ်လေးတစ်အုပ် ဖြစ်ပါတယ်။ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်မှန်လို့ သိရပါတယ်။ ဘယ်သူတွေမိုက်မဲနေပါစေ ကိုယ်ရောက်ရှိတဲ့ ပတ်၀န်းကျင်တစ်ခုလုံး စရိုက်ဆိုးတွေဖြစ်နေပါစေ
ဘယ်သူတွေအကျင့်ပြတ်ပြတ် ကိုယ်မပြတ်ရဘူးဆိုတာ ဇာတ်ကောင် ဆရာတင်မောင်၀င်းက မီးမောင်းထိုးပြသွားပါတယ် (ဖတ်ရင်းနဲ့ လေးစားလိုက်တာ ရင်ထဲကြည်နူးနေမိတယ်) သူရဲ့ စိတ်ဓာတ်မြင့်မြတ်မှုတွေကို မြင်တွေ့နိုင်ပါတယ်။ ကျောင်းဆရာတစ်ယောက်လည်းဖြစ်နေတော့ ကျောင်းသားတွေအပေါ်ထားတဲ့ သူရဲ့စိတ်ထားသူရဲ့ စွန့်လွတ်အနစ်နာခံမှုတွေက တကယ်ကို လက်ဖျားခါမိလောက်အောင် လေးစားပီတိဖြစ်မိပါတယ်။
အမှန်တရားအတွက်ဆို ပြောရဲတဲ့ သူရဲ့သတ္တိ၊ ဘက်မလိုက်တတ်၊ လက်စားမှုကိုရွံမုန်း၊ ကိုယ်ကျိုးမငဲ့သူရဲ့စိတ်ထားမျိုးဟာ ဆရာကောင်းတစ်ယောက်က ဘယ်လိုမျိုးလည်း ပြောနေတာထက် ဒီဖြစ်ရပ်မှန်၀တ္ထုကို ဖတ်လိုက်မှ ပိုပြီးနားလည်လာမယ် ခံစားတက်လာမယ်လို့ မြင်မိပါတယ်။ ဒါတင်မကသေးပါဘူး ရပ်ရွာ ရပ်မိရပ်ဖပညာရေးဆို စိတ်မ၀င်စား၊ ပညာရေးကိုအားမပေးတတ် အကျင့်ပြတ် မင်းမှုစရိုက်တွေရှိတဲ့နေရာကို သူ့ရဲ့ စစ်မှန်သောမေတ္တာတရား၊ ဥာဏ်ပညာကြီးမားမှု၊ သူရဲ့ကြိုးစားမှုတွေနဲ့ကောင်းမွန်သော လူ့အဖွဲ့အစည်း နေရပ်ဒေသဖြစ်အောင် အကောင်းဆုံးကြိုးစားခဲ့တာ ပေါ်လွန်ပါတယ်။
ကိုယ်ကျင့်တရားမှာ ပြောစရာမလို ကောင်းတယ် မူးရစ်ဆေးနဲနဲလေးတောင် သူအသုံးမပြု၊ စေတနာထားတတ်လွန်းတဲ့ သူရဲ့စိတ်၊ ပြောသင့်တဲ့စကားဆို ရဲရဲ၀င့်၀င့်ပြောတယ်။ ဒါတင်မကပါဘူး ဒီ၀တ္ထုဟာ လူ့သဘောသဘာ၀တွေ အများကြီးတွေ့မြင်နိုင်ပါတယ်။ လမ်းမှားရောက်နေတဲ့ ကျောင်းဆရာအချင်းချင်းကို လမ်းမှန်ရောက်အောင် သူကြိုးစားဆွဲခေါ်ခဲ့တယ်။ တာ၀န်ယူမှု/ တာ၀န်ခံမှုအပြည့်ရှိတဲ့ ယောကျာ်းကောင်းတစ်ယောက်လို့လည်း မြင်မိပါတယ်။ ဆရာကောင်းတစ်ယောက်ဆိုလည်း မမှားပြန်ပါဘူး။ ဇာတ်ကောင် ဆရာတင်မောင်၀င်း တာ၀န်ကျရာဒေသမှာ သူနေခဲ့တဲ့ 2/3 နှစ်အတွင်း သူ့အတွေ့အကြုံဖြစ်ရပ်မှန်တွေ ၀တ္ထုမှာ တွေ့မြင်နိုင်တယ်။ ဒီ၀တ္ထုရှည်ကတော့ ရင်ထဲမှာ ပြန်စဥ်စားမိတိုင်း ဇာတ်ကောင်ရဲ့ စိတ်နေစိတ်ထားကို အားကျမိနေဆဲပါ။ ဖတ်ဖြစ်အောင် ဖတ်ကြည့်ပါ။ စေတနာအရင်းခံဖြင့် တိုက်တွန်းလိုက်ပါတယ်။