သိုးဆောင်းစာအုပ်တွေက ပဟေဠိနဲ့အဆုံးသတ်လေ့ရှိတယ်လို့ ကြားဖူးတယ်ပေါ့ သိုးဆောင်းကို စဖတ်မိတော့ ပညာရှိပိုင်း စာပေလေ့လာဖတ်‌လေ့ ရှိတဲ့လူဖတ်လို့ရလောက်တဲ့ အဆင့်မြင့်ရေးထားတာမဟုတ်ပါဘူး သာမန် ခံစားတတ်တဲ့လူဖတ်ပြီးခံစားနိုင်လောက်တဲ့ အနေအထားမှာတွေ့ရပါတယ်။
စာအုပ်ကလေးတွေ့တော့ ကချေသည်ရုပ်သေးရုပ်ပုံ ကြိုးဆွဲရာလုပ်ရတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်။ ဇာတ်ဆောင်တွေကတော့ ကြိုးဆွဲသူက ကံဇာတ်ဆရာ၊ ကသူက နစ်နစ်နာနာအလုပ်တွေလည်းလုပ်ကိုင်ရသလို အပြုံးနဲ့ သမာအာဇီဝကျတဲ့အလုပ်လည်းလုပ်ကိုင်ရတဲ့ မိန်းမပြည်တန်ဆာ ဇာတ်မင်းသမီးလေး၊ မင်းသမီးလေးကို တစ်ဖက်သက် ချစ်မိတဲ့ မင်းသမီးလေးရဲ့ ပြည်တန်ဆာအဖြစ်ညတွေကို ကာကွယ်ချင်တဲ့အဆောဗျတ်မြို့က သူဌေးလေးတစ်ယောက်၊ အဓိကက နှစ်ယောက်ပေါ့။ အချစ်ပေါ်အခြေခံပြီး ကျက်သီးထဖွယ် အကြောင်းအရာတွေကို စိတ်ဝင်စားအောင် စကားလုံးတွေရင်ထဲ ပွတ်သိပ်ထည့်သလို ဖတ်ပြီးရင် တစ်ခုခုကို ခံ‌စားနေရအောင် ရသပေးတဲ့ စာတစ်ပုဒ်ပါ။
ဖတ်ဖူးသမျှ ဇာတ်အိမ်လေးကို အကြိုက်ဆုံးပါ။