ကိုယ့်အတွက်တော့ ကြည်နူးမှုကို အပြည့်အဝပေးနိုင်တဲ့ စာအုပ်လေး?
စာထဲပါတဲ့ ဂီတသံတွေ သီချင်းတွေကို ကိုယ်လက်လှမ်းမီသလောက် ရှာဖွေနားထောင်ဖြစ်တယ်
တစ်ချက်တစ်ချက်မှာ ဇွန်မိုးရဲ့ အပျော်တွေ ကိုယ့်ဆီ ကူးစက်လာတယ်(ဂီတအကြောင်း ဂစ်တာအကြောင်း သီချင်းနားထောင်ရုံက လွဲပြီး ဘာမှ မသိတဲ့ ကိုယ်က ဇွန်မိုး ကလပ်ဇစ်ဂစ်တာသံကို စမြည်းစမ်းတဲ့ အချိန်၊ ရွှေကြိုးကြာကျွန်းစိုက်ခင်းမှာ မှော်ဝင်သလို ဂစ်တာတီးမိတယ်ဆိုတဲ့ လသာသာည၊ ကလပ်ဇစ်ကယ် ဂစ်တာတစ်လက် သူ့လက်ဝယ် ပိုင်ဆိုင်ရတဲ့အချိန်တွေမှာ ဇွန်မိုးနဲ့ ထပ်တူနီးပါး ပျော်မိတယ်)
ည၁၀နာရီဝန်းကျင်လောက် ဆိုက်ကားသိမ်းပြန်လာတဲ့ ဆိုက်ကားဆရာကြီးရဲ့ လေချွန်သံကိုလည်း စိတ်မှန်းနဲ့ လွမ်းရတယ်(နားထောင်ဖူးချင်လိုက်တာဆိုတာ)
အထူးသဖြင့်တော့ ဇွန်မိုးရဲ့ ပတ်ဝန်းကျင်အသိုင်းအဝိုင်းကို လေးစားချစ်ခင်မိတယ်(ငြိမ်းချမ်းတယ်လို့ ခံစားရလို့?)
ကိုယ်ပြောတာထက်ကို ပိုပြီး ဖတ်ရကြိုးနပ်လွန်းပါတယ်၊ စိတ်ကြည်နူးမှု ငြိမ်းချမ်းမှုကို ပြန်ရှာဖွေဖို့ လိုနေတဲ့ အခါမျိုးမှာ ထပ်ဖတ်ဖြစ်ဦးမှာပါ♡☆♡
ကိုယ်တိုင်ဖတ်ကြည့်ပြီး အဖိုးတန်လွန်းတဲ့အရသာကို ခံစားကြည့်ကြစေချင်ပါတယ်