Hola💫
📘ဒီလအတွက် ဖတ်ဖြစ်ခဲ့တဲ့ စာအုပ်လေးက
ဆရာချမ်းမြှေ့၀င်းဘသာပြန်ထားတဲ့ "ဆုလာ်" စာအုပ်လေးပါဗျ။
💫စာအုပ်လေးက ဖတ်ရတာပေါ့ပေါ့ပါးပါးပါပဲဗျ..
📘ဒီစာအုပ်လေးထဲမှာ........
အများနဲ့မတူ ထူးခြားတဲ့ မျက်နှာသွင်ပြင်ကို ပိုင်ဆိုင်ထားရတဲ့ "အော်ဂတ်စ်"ဆိုတဲ့ကောင်လေးတစ်ယောက်အကြောင်းကို ရေးထားတာပါ။
သူရဲ ထူးခြားတဲ့ မျက်နှာသွင်ပြင်ကြောင့် ကျောင်းအစစ်မှာ တစ်ခါမှ မတက်ဖူးခဲ့တဲ့ "အော်ဂစ်"
တစ်ယောက် အသက် ၁၁ နှစ်(၅တန်း) မှာ ကျောင်းအစစ်ကို တက်နေရတဲ့ အချိန်လေး အတွင်းက
အကြောင်းအရာတွေကို ဖတ်ရှုရမှာပါ.........
📘ဒီစာအုပ်လေးထဲမှာကျောင်းအစစ်မှာ တက်ရောက်ရမဲ့ အော်ဂစ်စ် အတွက် ကြုံတွေ့ရတဲ့ အခက်အခဲတွေ ၊ လှောင်ပြောင် ကဲ့ရဲ့ကြမည့် သူတွေ ၊ သူငယ်ချင်းဖြစ်ရုံနဲ့ မပြီးပဲ မိတ်ဆွေ ပီသ တဲ့ လူတွေ စညည့်ဖြင့် စာရေးသူက အပိုင်းလေးတွေနဲ့ ဖော်ပြပေးထားတာမလို့ ဖတ်ရှ ကြည့်ဖို့ အကြံပေးချင်ပါတယ်ဗျ။
🙋အထူးသဖြင့် ကျနော်တို့လို ကျောင်းသားအများစုနဲ့ လူငယ်လေးတွေ ပိုဖတ်သင့်ပါတယ်ဗျ။
ဒါဆို ကျနော်တို့ ရှင်သန်ရုန်းကန်နေရတဲ့ ဘ၀က
အော်ဂ်စ် ရှင်သန်ေနရတဲ့ဘ၀ထက်တော့
နည်းနည်း လောက်ဖြစ်ဖြစ် ပိုအဓိပ္ပါယ် ရှိတယ်ဆိုတာတော့ သိန်ုင်ပါသေးတယ်။💫💙
📝ကျွန်ုပ်နှစ်သက် သော စာကြောင်းများ🙋
📝အော်ဂတ်စ်ကနေလုံးလေးဆိုရင် အမေရယ် ၊အဖေရယ် ၊ ကျွန်မရယ်က အဲ့ဒီ နေလုံးကို လှည့်ပတ်နေတဲ့ ဂြိုလ်တွေဖြစ်လိမ့်မည်။
ဗီရာ ( အော်ဂတ်စ် ၏ အမ)
📝ကိုယ်ရဲ့ လုပ်ရပ်တွေဟာ ကိုယ့် မော်ကွန်းတွေပဲ ဖြစ်တယ်။
(ရှေးဟောင်း အီဂျစ်အုတ်ဂူတစ်ခုမှ စာသား)
📝အပြန်အလှန်လေးစားမည့်သူကိုသာ မိတ်ဆွေဖွဲ့ပါ။ (ကွန်ဖြူးရှပ်)
💫ဘယ်လို နည်းနဲ့ဖြစ်စေ...
💫ဘယ်လိုပုံစံနဲ့ ဖြစ်စေ.....
💫ဘယ်လိုနေရာမှာပဲဖြစ်စေ.....
💫ဘယ်အချိန်မှာပဲဖြစ်စေ............
💫ဘယ်သူ့အတွက်ပဲဖြစ်စေ.............
💫ဘယ်လောက်ကြာအောင်ပဲဖြစ်စေ.....
💙ကောင်းနိုင်သမျှ ကောင်းအောင်ကြိုစားပါ။
(ဂျွန်၀က်စ်လေရဲ့ စည်းကမ်းမှ)
📘ဒီစာအုပ်လေးဖတ်ပြီး ပို၍ ကြင်နာသနားတက်တဲ့ နှလုံးသား တွေ ပိုင်ဆိုင်နိုင်ပါစေဗျာ............
အခုလို ဒီစာအုပ်လေးကို ဘာသာပြန်ပေးတဲ့
ဆရာ Chan Myae Win ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်ခငဗျ။
#ဆုလာဘ်
#ချမ်းမြှေ့၀င်း
@James💫💙