အကြင်သူသည်
💢💢💢
ဘုရင်တွေစိုးစံခဲ့တဲ့ခေတ် မင်းနေပြည်တော်အခါကာလမှာ "
ဒီပခုနှစ်တိုင်း"ရှိခဲ့ဖူးသည်။
သုဇလ္လဒီပတိုင်းမှာ မိဘနှစ်ပါးစလုံးမရှိတော့ဘဲ ဘဏ္ဏာထိန်းတစ်ယောက်ရဲ့အောက်မှာ အခြံအရံ အစေအပါးတွေနဲ့ ချမ်းသာကြွယ်ဝစွာကြီးပြင်းလာခဲ့တဲ့ သခင်လေးနန်းနွယ်နဲ့ မိဘတွေရဲ့အကြွေး‌
‌ဟောင်းတွေကြောင့် ဇာတ်ဆရာရဲ့လက်အောက်မှာ ဝဋ်‌ကြွေးကုန်သည်အထိ မိမိကိုယ်ကို ကျွန်တစ်‌ယောက်လိုသတ်မှတ်ထားခဲ့တဲ့
ကြွေရုပ်လို လှပနေပြီး ထိတွေ့ခဲ့ဖူးတဲ့ပုရိသအပေါင်းတို့ကိုရူးမူးသွားစေခဲ့တဲ့ ဇာတ်မင်းသမီး ယမင်းသူဇာတို့တွေ့ဆုံခဲ့ရပုံနှင့် အရူးအမူးချစ်မိသွားခဲ့တဲ့နန်းနွယ်ရဲ့ ရင်နစ်စရာဇာတ်လမ်းလေး။

ယမင်းသူဇာဆိုတဲ့ ခန္ဓာသည်တစ်ယောက်ကို မထိရက်မကိုင်ရက် တလေးတစား ငေးကြည့်ခဲ့ရလွန်းလို့ ချစ်စနိုးနဲ့ ယမင်းရုပ်လေး လို့
ခဏခဏရေရွတ်ခဲ့ရပြီး မိမိမှာရှိတဲ့စည်းစိမ်းတွေမကလို့ သွေးသားတွေခမ်းခြောက်သွားတဲ့အထိ ကာကွယ်သွားမယ်၊ဒါတွေမကလို့
နောက်ဆုံးစိတ်ဝိညာဉ်နဲ့ပါ ကာကွယ်စောင့်ရှောက်သွားမယ်လို့ပြောခဲ့တဲ့ သူဌေးလေးနန်းနွယ်တစ်ယောက် သူ့ရဲ့ယမင်းရုပ်လေးကို နောက်ဆုံးအချိန်အထိ ကာကွယ်ပေးဆပ်သွားနိုင်မလား။

တဏှာ၊ရာဂမီးတွေနဲ့ ပုရိသအရူးတွေရဲ့ အနန္တာရယ်ကြားထဲကနေ ယမင်းရုပ်လေးကိုကယ်တင်ခဲ့ချင်သော်လည်း ချစ်ရတဲ့သူမှာ ချစ်တဲ့သူရှိနေကြောင်းကိုသိခဲ့ရသော် ဘယ်လို ရင်နာစရာဇာတ်‌လမ်းတွေထပ်ရှိနေအုံးမလဲ။

ဇေယျဒီပ ကတ္တဒီပ နှစ်တိုင်းလုံးက သုဇလ္လဒီပကို စစ်ကြေညာလိုက်တဲ့အတွက်ကြောင့် တိုင်းပြည် ငြိမ်းချမ်းရေးကိုလိုလားတဲ့ အိမ်ရှေ့ကိုယ်တော်ကြီးက ယမင်းသူဇာအဖြစ်ကနေ မင်းသမီး ဝေဠုဝတီသို့
ထင်ရှားစေခဲ့ပြီး နန်းနွယ်ဟာ ယမင်းရုပ်လေးအနားကို ဘယ်လိုနည်းနဲ့ ကြိုးစားပြီးချည်းကပ်ခဲ့ရသလဲ။

သူမရဲ့အနီးအနားမှာနည်းမျိုးစုံနဲ့ ရှိနေခဲ့ပေမဲ့ ယမင်းရုပ်လေးတောင်မသိခဲ့ရတဲ့ အလွမ်းအဆွေးများစွာနဲ့ အရူးတဖွယ်ဖြစ်ခဲ့ရတဲ့
သူဌေးလေးနန်းနွယ်မှသည် ဆင်းရဲမွဲတေ လမ်းဘေးမှာအိပ်လမ်းဘေးမှာစားခဲ့ရတဲ့ ပေစုတ်စုတ်အရူးတစ်ယောက်အဖြစ်သို့ ဖြစ်ခဲ့ရတဲ့ စိတ်မချမ်းမြေ့စရာ အလွမ်းအခန်းတွေ။

ဘယ်လောက်ပဲ စိတ်တွေဝေဝါးပြီးရူးသွားခဲ့ရပေမဲ့
အချစ်ဆိုတာ ကာကွယ်ပေးခြင်းတစ်မျိုးပဲလို့ခံယူထားခဲ့နန်းနွယ်တစ်ယောက် ကံကောင်းစွာနဲ့ ကံကြမ္မာကသူ့ကို ကာကွယ်ခွင့်ပေးနိုင်မလား။
ယမင်းရုပ်လေးကို ကာကွယ်ပေးချင်တဲ့ စိတ်ဇောတွေနဲ့ ဘယ်လို တွေ အားကြိုးမာန်တက်နဲ့ ကြိုးစားရုန်ကန်ခဲ့ရသလဲ။

မင်းသမီးလေးစံပယ်ရာ စံနန်းဆောင်သစ်ကို ဘယ်လိုရည်ရွယ်ချက်မျိုးနဲ့ ကာကွယ်တည်ဆောက်ပေးခဲ့သလဲဆိုတာကို လာရောက်အပျော်ကြံမယ့် ပုရိသတဏှာ‌ရူးတွေရဲ့ အရူးတစ်ယောက်လို ပြေးထွက်ခဲ့ရပုံကိုကြည့်ရင် သိနိုင်တယ်ဆိုပေမဲ့ အဆောက်အအုံတစ်ခုမှာ ဘယ်အရာ‌တွေက လူတွေရဲ့စိတ်ခံစားချက်ကိုပြောင်းလဲသွားစေခဲ့ရသလဲဆိုတာကို အသေးစိတ် ‌ပြောပြထားတဲ့ အချက်အလက်တွေ။

ပါရမီတော်အပြည့်နဲ့ ဉာဏ်ရည်ထက်မြက်လှတဲ့ နန်းနွယ် ရဲ့ဆောက်လုပ်မှု ပြီးစီးသွားတဲ့အချိန်မှာရောကံကြမ္မာက သူ့ရဲ့ယမင်းရုပ်လေးနဲ့တွေ့ခွင့်ပေးနိုင့်ပါ့မလာ။

ဝေဠုဝတီမင်းသမီးရဲ့ နောက်ဆုံးရည်မှန်းချက်ပန်းတိုင်ဖြစ်တဲ့ သူမရဲ့လုပ်အားခစစ်စစ်နဲ့ တည်ထားတဲ့ ဘုရားစေတီတော်ကြီးကိုတောင် ဖူးမြော်ခွင့်မရရှိခဲ့ရသည့်အပြင် သူမ ပြောပြချင်နေတဲ့
သခင်လေးနန်းနွယ်တည်ဆောက်ပေးခဲ့တဲ့ နန်ဆောင်သစ်မှာ စံပယ်ပြီးနောက်ပိုင်း ညတိုင်းမှာ သူမအန္တာရယ်ကင်းခဲ့ကြောင်းကို နန်းနွယ်နဲ့တွေ့ဆုံပြီး ပြောပြခွင့်ရနိုင်ပါ့မလား ။

အကြင်သူ (နန်းနွယ်) သည် လည်း အချစ်လွန်၍ သတ်စရာမလိုပဲ သေဆုံးသွားခဲ့ရသည့်အကြောင်းအရင်းကရော ဘာများဖြစ်မလဲ။
မျက်ရည်ကျစေလောက်တဲ့အထိ ရင်နစ်စရာဇာတ်လမ်းလေးတစ်ပုဒ်ပြီးဆုံးသွားခဲ့သည်။.........

ပြီးပါပြီး....
**********
ဒီဝတ္ထုမှာ စာရေးဆရာကတော့ ‌ယောက်ျားလေးတွေအတွက် ပေးချင်တဲ့ messageတွေရှိမယ့်ပုံပါပဲ။‌ပြီးတော့ အချစ်ကိုတန်ဖိုးထားသူတိုင်းဒီစာအုပ်ကို ဖတ်သင့်တယ်လိုထင်ပါတယ်။အချစ်ရဲ့လေးနက်ပုံ ၊အချစ်ရဲ့စွမ်းအားကြီးမားပုံတွေကို
နန်းနွယ်ဆိုတဲ့ အချစ်စစ်ကိုတန်ဖိုးထားတဲ့ ဇာတ်ကောင်တစ်ယောက်ကဖော်ပြ‌သွားပေးခဲ့တယ်။
နန်းနွယ်ရဲ့ အချစ်ဟာ အတုယူဖွယ်ကောင်းသလို လေးစားဖွယ်လည်းကောင်းခဲ့ပါတယ်။

ဝတ္ထုရဲ့အဓိကဖော်ပြချက်ကိုပြောရမယ်ဆိုရင် ယောက်ျားကောင်း ယောက်ျာမြတ်တို့ရဲ့ အချစ်သည် ရာဂမီးတွေနဲ့ လုံးလုံးမပတ်သတ်ကြောင်း၊ အချစ်ဆိုတဲ့အရာဟာ ကာကွယ်ပေးခြင်းတစ်မျိုး ဖြစ်ကြောင်း၊ ပြီးတော့
အဆောက်အအုံတစ်ခုကို ဆောက်လုပ်ရာတွင် အလင်း၊အရောင်၊စိတ်ခံစားချက် အပေါ်မူတည်၍ ‌လာရောက်ကြသည့်သူတိုင်းရဲ့စိတ်ကိုပြောင်းလဲစေတတ်ကြောင်းနဲ့ မနူဟာဘုရားရဲ့တည်ဆောက်ပုံကိုဥပမာပေးရှင်းလင်းဖော်ပြထားသည်ကို ဗဟုသုတအနေနဲ့အများကြီး သိရှိခဲ့ရပါတယ်။