"အိမ်ပြန်မယ့်နေ့"စာအုပ်လေးက အရှေ့မှာထွက်ခဲ့တဲ့ "ကမ္ဘာမြေရဲ့ တစ်နေရာ" စာအုပ်ရဲ့နောက်ဆက်တွဲ အဖြစ်ထွက်တာဆိုလို့ "ကမ္ဘာမြေရဲ့တစ်နေရာ"ထဲက မဖော်ပြခဲ့တဲ့ ပဟေဠိတွေသိရမလားလို့ပေါ့။ နောက်ဆုံးတော့ "စစ်ငြိမ်း"က"စစ်ငြိမ်း" ပါပဲဆိုတာ စာရေးသူမှတ်ချက်လေးဖတ်ပြီးနားလည်ခဲ့ရတယ်။

"စာရေးသူဟာ အကြောင်းအရာတစ်ခု၊ခံစားမှုတစ်ခုကို စိတ်ထဲထည့်ထားပြီး story တစ်ခု ရေးပါတော့တယ်။သူ့စိတ်ထဲဘာရှိနေခဲ့တယ်၊ဘာတွေးနေခဲ့တယ်ဆိုတာကိုတော့ စာဖတ်သူအား ထုတ်ပြောမှာမဟုတ်ပါဘူး။"တဲ့

ဘာကြောင့်မှန်းမသိ၊ဘာဖြစ်ခဲ့မှန်းမဖော်ပြ၊ဘာဖြစ်သွားလဲ ဆိုတာ စာဖတ်သူကို ကိုယ့်ဖာသာစဉ်းစားခိုင်းပြီး ဆွဲဆောင်မှုရှိတဲ့story တစ်ပုဒ် ဖြစ်လာတာကတော့ စာရေးသူရဲ့ super power ပါပဲ။

ချာလီဝင်စတန်တစ်ယောက် အိမ်ပြန်ဖြစ်မပြန်ဖြစ်လည်းခုထိစဉ်းစားနေဆဲပါပဲ . . .

တချို့ကိစ္စတွေမှာအချက်အလက်ကအရေးမကြီးဘူးမဟုတ်လား။ခံစားလို့ရပြီးသိနေတာမျိုးလေ။