အမှတ်မရှိ လမ်းမရှိ
ကီလီဗောတံတား
? သူ့နာမည်က စက်ဝိုင်းတဲ့ နာမည်ကလည်းလူနှင့်လိုက်ပါဘိ
ကြုံလိုက်ရတဲ့ ဒုက္ခတွေကပြေးကပ်ရှောင်ရှားစရာနေရာမရှိ ဒုက္ခဆိုတဲ့စက်ဝိုင်းထဲလွတ်ရာလွတ်ကြောင်းပတ်ပြေးနေရတဲ့
သူမ ငယ်ဘဝကကြမ်းတမ်းလို့ လွတ်ရာလွတ်ကြောင်းထွက်ပြေးခဲ့ပါရဲ့ စိတ်တော့လွတ်လပ်သွားပါရဲ့ လောကငမိုက်သားတွေရဲ့အန္တရယ်ကမလွတ်နိုင်လို့ ငယ်ငယ်ရွယ်ရွယ်မှာ ကြုံရာလူနဲ့ အိမ်ထောင်ပြုရရှာတယ်
မိဘစွန့်ပစ်ခံခဲ့ရတာမို့ ဘဝတူမိဘမဲ့လေးတွေကို သနားသလို
ကိုယ်ဝန်ရလာပြီဆိုကတည်းက ရင်သွေးကို မအေလိုမိဘမဲ့အဖြစ်မခံနိုင်လို့ အခက်အခဲတွေကြားရုန်းရင်းကန်ရင်း အိုမရှိအိမ်မရှိ
ပွဲခင်ထဲမှာမွေးခဲ့ရှာတဲ့ မိခင်မေတ္တာ ကိုဖော်ပြပေးသွားတဲ့ စက်ဝိုင်း ?
- နာမည်နဲ့လိုက်အောင်ဆင်းရဲရှာတဲ့လမ်းဘေးနေလမ်းဘေးစား သူမ နှင့် သူမဘဝတူတွေအကြောင်း
- ဆိုးရွားလှတဲ့သူမရဲ့ ထောင်တွင်း အတွေ့အကြုံ
- တစ်သက်မှာတစ်ခါသာချစ်မိတဲ့အချစ်ဦးကို မျှော်ရင်း ကံကြမ္မာအရ ကြုံရာလူနဲ့လက်ထပ်ရရှာတဲ့သူမအကြောင်း
-အိမ်ထောင်ရေးကံမကောင်းခဲ့ရှာတဲ့ အမျိုးသမီးတို့ရဲ့ ဘဝကိုခက်ခက်ခဲခဲရှင်သန်ရပုံတွေ
-သားသမီးကံမကောင်းရှာလို့ အရွယ်အိုမှ ကြုံရာလုပ်ကိုင်စားနေရရှာတဲ့ မိဘတွေအကြောင်း
စတာတွေကို ဖော်ပြပေးသွားမယ့် စာပေကင်ပေတိုင် လက်အောက်မှာနှစ်၃၀လောက်အပိတ်ခံခဲ့ရတဲ့စာအုပ်ကောင်းတစ်အုပ်"အမှတ်မရှိ လမ်းမရှိ ကီလီဗောတံတား"
သာမန်လူတဲ့မမြင်နိုင်မတွေ့နိုင်တဲ့ ဆိုးရွားလှတဲ့ အခြေအနေအရပ်ရပ်ကလူတွေရဲ့ ဘတကိုဖော်ပြပေးမဲ့ စာအုပ်ကောင်းတစ်အုပ်'အမှတ်မရှိလမ်းမရှိ ကီလီဗောတံတား"