မမြင်ချင်လောက်အောင်ပါပဲ ညီညီငယ်ရယ် ဘာလို့ဆိုမခံစားနိူင်လွန်းလို့ပါ ပန်းမဟုတ်သောဆိုတာနဲ့ ညီညီငယ်ကိုပဲခေါင်းထဲစူးစိုက်သွားတာ ငါရင်ကွဲရပါတယ် ဖက်ဖို့တိုက်တွန်းခဲ့တဲ့ငါ့အစ်မကိုလေ‌စိတ်ဆိုးမိချင်တယ် ငါမဖက်ခဲ့မိရင်ကောင်းသား နဂိုတည်းက ဟိုးကလေးအရွယ်ထဲက အခြောက် ဂန်ထူး ကနွယ့်ကလျနဲ့ ယောင်္ကျားလိုလို မိန်းမလိုလို ဟိုမရောက်ဒီမရောက်နဲ့ အဲ့လိုတွေပြောကြတဲ့ပတ်၀န်းကျင်ရယ် ငါ့မိသားစုကိုယ်တိုင်ကအစ ငါ့ကိုအဲ့လို‌ပြောကြတယ်
စိတ်ဒဏ်ရာတွေပေးကြတယ် အဲ့လိုပြောတာကြားရင်ကြားလိုက်တာနဲ့မျက်ရည်တွေကချက်ချင်းဝဲတတ်လာပြီး ငိုရတော့တာပါပဲတခါတလေသိစေချင်ပါတယ် ငါကရောအဲ့လိုဘ၀မျိုးကိုရချင်နေတာမှမဟုတ်တာ ဒါဟာဖြစ်တည်မှုပဲလေ တရားရှင်ကြီးများလိုလိုနဲ့ အတိတ်ဘ၀ကိုသူတို့ကမြင်ရတာကြနေတာပဲ အရင်ဘ၀ကသူမျသားသမီးကိုဖျတ်ဆီးခဲ့လို့ အခြောက်ဖြစ်နေရတာတဲ့ ဪ...အဲ့လောက်တောင်ပဲလား တရားဆိုတဲ့ဂုဏ်ပုဒ်ကိုထိပ်ဆီးတပ်ပီး ကလေးနဲ့မလိုက်အောင်နာကျင်မှုတွေစိတ်ဒဏ်ရာတွေပေးလိုက်ကြတာလူတွေရယ် ငါကရောအဲ့ဘ၀ကိုပျော်နေတယ်လို့ထင်နေတာလားလို့မေးလိုက်ချင်ပါတယ် ကျောင်းတတ်ပြန်တော့လည်း အဲ့စကားလုံးတွေကအရိပ်မဲလိုပဲထပ်ကြပ်မခွာလိုက်ကြတယ် ‌စာသင်တဲ့ဆရာမကအစ ငါ့ကိုမိန်းကလေးထိုင်ခုံကြားထဲမှာထိုင်ခိုင်းခဲ့တယ် ငါလေအရမ်း၀မ်းနည်းခဲ့တယ်ဘေးလူတွေကိုကြည့်လိုက်ရင်ယောင်္ကျားလေးကယောင်္ကျားလေးနေရာမှာပဲထိုင်ကြရတာလေ ဘာလို့ငါ့ကိုအဲ့ကြားထဲမှာတစ်ယောက်ထဲထိုင်ခိုင်းရတာလဲ မျက်ရည်တွေဝဲရုံပဲတတ်နိူင်ခဲ့တယ် ငါအပြင်ပန်းမငိုခဲ့နိူင်ခဲ့ပါဘူး ငါငိုချမိလိုက်ရင် ငါဟာလှောင်ပြောင်ရီမောခြင်းဆိုတဲ့ဆုထပ်ရသွားမှာငါသိပါတယ် မျက်တောင်လေးကိုအားပြုပီးမျက်ရည်လေးတွေကိုလေပြေလေးနဲ့အတူပုပ်ခက်ခဲ့ပါတယ် ရင်ထဲမှတော့ ဆို့နစ်ပြီးကျောက်တုံးကြီးကိုမ,ထားရသလိုပဲလေးလန်လွမ်းတယ်ပြိုကွဲနေရတာသူတို့တွေမသိပါဘူး စာတော်ချင်ခဲ့တဲ့ငါကအဲ့စိတ်ဒဏ်ရာတွေကြောင့်တူပါရဲ့ဘယ်လိုမှ စာတွေကိုအာရုံစိုက်မရတော့ဘူး ဘယ်လောက်ကျက်ကျက်မရောက်တော့ဘူး အဆိုးဆုံးကMath,sပေါ့ အိပ်မက်ထဲမှာတွက်ခိုင်းနေရင်အပြင်မှာပါအိပ်နေရင်းမျက်ရည်တွေကစီးကျနေတဲ့အထိပါပဲ အရမ်းကြောက်ခဲ့ရဆဲပါ ဟူး..တော်ပါပီလေ ညီညီငယ် ရဲ့ခံစားရမှုတွေကကိုယ်ဖြသ်နေသလိုတောင်တွေးမိနေလို့ပါလေ ဆရာဂျင်ဂျာ ကိုအရမ်းကျေးဇူးတင်ပါတယ်ဆရာ ညီညီငယ်နဲ့ဆုံတွေ့ပေးခဲ့လို့💯