ဒီစာအုပ်ကိုဖတ်ဖို့ အတွက် အချိန်မပေးနိုင်လို့ အသံဖိုင်ဘဲ စာလုပ်နေရင်း နားထောင်ခဲ့ရတာပါ ကိုယ်တိုင်မဖတ်ရပေမယ့် တကယ့်ကို ကောင်းတဲ့စာအုပ်တစ်အုပ်ပါ သူဌေးသားလေး နန်းနွယ်ရဲ့ ပေးဆပ်ပြီး ချစ်တတ်တဲ့ အချစ်မျိုးကို တော့ သဘောကြမိပါရဲ့ ဒါပေမယ့်ကျွန်မရဲ့ အမြင်ကတော့သူ့ရဲ့အချစ်ကတစ်ဖတ်ကို အစွန်းရောက်နေတယ်လို့ယူဆမိတယ် သူဇာကြတော့လဲ မိမိကိုယ်စည်းစိမ်ရှိသမျှ အကုန်ခံပြီး ကာကွယ်ပေးတဲ့သူကိုကြတော့ မမြင်မိဘဲ အာဏာရရေးအတွက် မိမိကို အသုံးချသွားတဲ့ မင်းသားကိုမှချစ်မိတဲ့ အတွက်အားမလိုအားမရဖြစ်မိတယ် စာအုပ်ကိုနားထောင်ပြီးရလိုက်တာက ယောင်္ကျားလေးတွေက သူတို့တကယ်ချစ်တဲ့သူဆို ဘာမှ လိုချက်တပ်မတ်မှုမရှိဘဲ ပေးဆပ်ပြီးချစ်ကြတယ် မိန်းကလေးတွေကြတော့ သူတို့တကယ် မချစ်ရင် သူ့အပေါ်ဘယ်လောက်ကောင်းကောင်း အကောင်းလို့ မမြင်နိုင်ကြဘူး တစ်ဖတ်က ပေးတဲ့ မေတ္တာတွေကို စိတ်‌အနှောင့်အယှတ်ဖြစ်စေတယ်လို့ထင်ကြတယ် ဇာတ်ဆရာ သောင်းတန် ကြတော့လဲ ငွေမျက်နှာတစ်ခုထဲကို သာ မြင်တယ် ဘယ်သူတွေဘာဖြစ်ဖြစ်ငါနဲ့မဆိုင်ဘူးဆိုတဲ့ လူမျိုးပေါ့။တကယ်ကိုကောင်းတဲ့စာအုပ်ပါ အချိန်ပေးနိုင်တဲ့တစ်နေ့ကြရင် ကိုယ်တိုင်ဖတ်ဖြစ်အောင်ကြိုးစားပါဦးမယ်။ စာရေးသူကိုလဲ အခုလိုမျိုးကောင်းတဲ့ စာအုပ်လေးတွေ ထပ်ပြီးတော့ ရေးသားနိုင်ပါစေလို့ဆုတောင်းပေးပါတယ်။