တကယ်ကောင်းတဲ့ ဝတ္တုရှည်စာအုပ်တစ်အုပ်ပါ။ အမှားကို မှားပြန်သိရက်နဲ့ ကိုယ့်ကိုကိုယ် စိတ်ကြီးဝင်ပြီး အမှန်တရားကို ရင်ဆိုင်ရမှာတော့ ကြောက်ရွံ့နေခြင်းဟာ ကိုယ်ရဲ့စိတ် ကိုယ်ပြန်သတ်နေသလိုပါပဲ ကြောက်စရာကောင်းလောက် အောင် စိတ်ဝေဒနာတွေခံစားရစေတယ်။ ကိုယ့်ချစ်တဲ့ ကိုယ့်ပတ်ဝန်းကျင်ကလူတွေကိုလည်း နာကျင်စေတယ်။ ဇာတ်ကောင်တစ်ယောက်ချင်းစီတိုင်းရဲ့ စရိုက်တွေဟာ တကယ့်အပြင်လောကမှာ ရှိတဲ့လူတွေရဲ့ စိတ်ကို မြင်စေတယ်။ အတ္တကြီးမှု၊ စိတ်ကြီးဝင်မှု၊ ဆင်းရဲမှုလောကဒဏ်က ကိုယ့်ကို ကြီးစိုးသွားတဲ့အခါ မဖြစ်သင့်တာတွေကို ဖြစ်စေတဲ့အပြင် ပေးဆပ်မှုတွေကလည်းရှိလာတာပေါ့။ အဓိကဇာတ်ကောင်ဖြစ်တဲ့ ရပ်စ်ကိုလ်နီကော့ဖ်၊ သူက တကယ့်ကိုအခြေခံစိတ်ရင်းကောင်းတဲ့သူပါ။ သူတပါးကို ကူညီပေးတဲ့ စောင့်ရှောက်ပေးတယ်။ မရှိတာချင်းအတူတူ သူမှာရှိတဲ့ ပမာဏနည်းနည်းကိုတောင် တပြားမကျန် သူတပါးကို ပေးမဖို့ ဝန်မလေးတဲ့သူပါ။ သို့သော် အတွေးမှားတစ်ခုက သူ့ကို ဖျက်ဆီးလိုက်တဲ့အပြင် အမှန်တရားနဲ့ ကစားလိုက်တဲ့အခါမှာ မထင်မှတ်ထားအောင် ဆိုးရွားတဲ့ စိတ်တစ္ဆေက သူ့ကို ပြန်ခြောက်လှန့်လာတယ်။ တကယ့်ကို ဘဝမှာ အခါခါပြန်မှတ်မိစေမယ့် ဝတ္တုကောင်းပါ။ ဘာသာပြန်ပေးတဲ့ ဆရာကြီးဦးတင်မောင်မြင့်ရဲ့ ဘာသာပြန်စွမ်းရည်ကြောင့် ဒီဝတ္တုကို ပိုပြီး အမှတ်ရစေတာပေါ့။