ငယ်ဘဝစိတ်ဒဏ်ရာတွေရဲ့ ရိုက်ခတ်မှုကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားနေရရှာတဲ့ ယုဝေ....... မိဘနှစ်ဦးကြား မြေစာပင်ဖြစ်ခဲ့ရတဲ့ ယုဝေ..... သူ့ကိုယ်သူ အပြစ်တင်ရင်း နောင်တတွေ တစ်သီကြီးကြား အတော်ကြာကြာ ပိတ်မိနေတဲ့ယုဝေ....... ယုဝေအတွက် ပျက်စီးဆုံးရှုံးရခြင်းနဲ့ နာကျင်ခြင်းအမွေတွေကို မိဘတွေဆီက လက်မခံချင်သော်လည်း လက်ခံလိုက်ရတယ်..... မိခင်အပေါ် နာကျည်းမုန်းတီးစိတ်ကပဲ သူမအတွက် စိတ်ဒဏ်ရာတွေဖြစ်စေသလား......
ဒီစာအုပ်လေးက အမျိုးသမီးနှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းကို ရေးသားထားသလိုလိုနဲ့ သူတို့ရဲ့ စိတ်ဒဏ်ရာများကို ဘယ်လို ကုစားသလဲဆိုတာ အလေးပေးဖော်ပြထားလေးက အရမ်းဖတ်လို့ကောင်းပါတယ်..... ငယ်ဘဝစိတ်ဒဏ်ရာရှိသူတွေအတွက် Healing ဖြစ်နိုင်တဲ့ နည်းလမ်းတွေက အများကြီးအသုံးဝင်မယ်လို့လည်းထင်ပါတယ်......
ငယ်ဘဝမှာ ကျွန်မတို့မှာ စိတ်ဒဏ်ရာ အနည်းနဲ့အများဆိုသလိုတော့ရှိကြတာပဲ..... ဇာတ်လမ်းထဲမှာပါတဲ့ ယုဝေဆိုတဲ့ အမျိုးသမီးတစ်ယောက် စိတ်ဒဏ်ရာတွေနဲ့ကြီးပြင်းလာခဲ့ရတယ်..... စိတ်ဒဏ်ရာတွေများစွာရှိနေတဲ့ ကလေးတစ်ယောက်ဘဝကနေ အောင်မြင်ကြော်ကြားသည်အထိဖြစ်လာတယ်ဆိုတဲ့ ယုဝေရဲ့ အရည်အချင်းနဲ့ သူမရဲ့ ခံနိုင်ရည်စွမ်းတွေကိုဖတ်ကြည့်မယ်ဆိုလည်း စိတ်ဒဏ်ရာရှိနေသူတစ်ယောက်အတွက်တော့ အားတက်စရာပင်.....
ကြုံတွေ့ခဲ့ရသော မိခင်ရဲ့ သစ္စာဖောက်မှုကြောင့် သူ့ရဲ့ဖြစ်တည်မှုကို အမျိုးသမီးတစ်ယောက်အဖြစ် မရပ်တည်ချင်တော့ပဲ ပြောင်းလဲဖို့ကြိုးစားခဲ့တယ်..... ပြောင်းလဲပြောင်းလဲနိုင်ခဲ့တယ်..... ဘဝရဲ့ အချိုးအကွေ့တစ်ခုမှာပဲ အမျိုးသမီးတစ်ဦးနဲ့ ဆုံခဲ့ရတယ်..... ထိုအမျိုးသမီးနဲ့တွေ့ဆုံမှုမှာ ယုဝေအတွက် စိတ်ပိုင်းဆိုင်ရာ ဘာတွေအပြောင်းအလဲဖြစ်သွားနိုင်လဲဆိုတာတော့ စာဖတ်သူတွေ ရင်ခုန်စွာဖတ်ရှုစေချင်တယ်......
ကျွန်မတို့လည်းငယ်ဘဝကနေရခဲ့စိတ်ဒဏ်ရာတွေက ရှိကောင်းရှိခဲ့နိုင်တယ်.....ဒါပေမယ့် ပြင်းထန်လောက်တဲ့ ရိုက်ခတ်မှုတွေရှိခဲ့တယ် မရှိခဲ့ဘူးဆိုတာတော့ ကိုယ်ကိုယ်တိုင်သာ အသိဆုံးဖြစ်မှာပါ.... စိတ်ဒဏ်ရာရဲ့ သဘောသဘာဝကို ပိုမိုနားလည်းလိုလျှင် အတိတ်ကဖြစ်ခဲ့တဲ့ အတွေ့အကြုံ ထို အတွေ့အကြုံများကို ရရှိစေခဲ့သော အတိက်က အခြေအနေ အဖြစ်အပျက်များကို သုံးသပ်ရတယ်တဲ့..... စိတ်ဒဏ်ရာ မရှိသောသူဆိုတာ ရှိနိုင်လောက်မယ်မထင်ဘူးနော် ...... လူတိုင်း အနည်းနဲ့အများတော့ ခံစားဖူးကြမှာပဲ......အဓိက က ကိုယ့်ရဲ့ စိတ်ဒဏ်ရာတွေကိုနားလည်ပြီး ကိုယ်တိုင် ကုစားတတ်ဖို့လည်း လိုအပ်သေးတယ်.....
ဒီစာအုပ်လေးမှာတော့ ယုဝေတစ်ယောက် ပြင်းထန်တဲ့ စိတ်ဒဏ်ရာတွေကို ခံစားနေရဲ့တဲ့အချိန်..... သူ့ရဲ့ စိတ်ဒဏ်ရာတွေကို သူဘယ်လိုကုစားသွားသလဲ..... သူ့စိတ်သူ နားလည်ဖို့ ဘယ်လို အခက်အခဲပေါင်းများစွာကို ကျော်လွှားလာခဲ့ရလဲ.....နောက်ထပ်ပိုပြီးကောင်းမွန်တဲ့ ဘဝအခြေအနေကိုပိုင်ဆိုင်သွားမှာလား..... ဒါမှမဟုတ် ဒီလောကမှာ တစ်ဦးတည်းသော ချစ်ရတဲ့ သူကို ထပ်ပြီးဆုံးရှုံးရဦးမှာလား ..... အဲ့လိုဆိုရင်ရော ပိုပြီး ပြင်းထန်တဲ့ စိတ်ဒဏ်ရာ နောက်ထပ်များ ခံစားရဦးမှာလားဆိုတာတော့ ကျွန်မလည်း အတော်လေးစိတ်ဝင်စားမိပါတယ်.....
နောက်ထပ် နွေလည်ညမှာ မိုးအိပ်မက်တွေဆက်
မက်နေဦးမလား သိချင်မိတယ် ဆရာမ မမွန်ရေ ........
Review ရေးသားရာမှာ အမှားတစ်စုံတစ်ခုပါသွားခဲ့သည်ရှိသော် ဆရာမ Mon Halsey နဲ့ စာဖတ်သူတွေကို ကြိုတင်တောင်းပန်ပါတယ်.....
Thae JM
#နွေလည်ညရဲ့မိုးအိပ်မက်
#မွန်ဟော်စီ
#reviewbymotivatedyourself