ဆရာမဝင်းဝင်းမြင့်( နန်းတော်ရှေ့ )ရဲ့ ပထမဆုံးလုံးချင်းဝတ္ထုလို့ဆိုရမယ်။၁၉၉၈ ခုနှစ်၊မြတ်မိခင်စာပေဆု(ပထမဆု)ရ လုံးချင်းဝတ္ထုပါ။
ခိုကိုးရာမဲ့မိန်းခလေးတွေကို စောင့်ရှောက်ကာ
ကွယ်မြှင့်တင်ပေးနေကြတဲ့ သီလရှင်ဆရာကြီးများနဲ့
လူပုဂ္ဂိုလ်များရဲ့ ပရဟိတစိတ်၊ပရဟိတမာန်၊ပရဟိတအလုပ်ကို ဂုဏ်ပြုရေးဖွဲ့ထားတဲ့ ဝတ္ထုလို့
လည်းဆိုနိုင်တယ်။အဓိကဇာတ်ဆောင်မိုးသည်းဖြူ
ဟာ မွေးကင်းစကလေးမှာပဲ စွန့်ပစ်ခံရပြီး ပရဟိတ
ဂေဟာကို ရောက်ရှိလာခဲ့တယ်။ကြီးပြင်းလာခဲ့တယ်။သူကြီးပြင်းလာခဲ့ရတဲ့ ရပ်ဝန်းဒေသရဲ့ နွေးထွေးမှုနဲ့အားမာန်တွေဟာ သူ့အရွယ်နဲ့အတူ ကြီးပြင်းရင့်သန်လာခဲ့တယ်။
ပညာကိုအာရုံထည့် ကြိုးစားတယ်။စိတ်ဓာတ်
ပိုင်းဆိုင်ရာ သူစံနမူနာတွေကို ခိုင်ခိုင်မာမာဆွဲကိုင်တယ်။သူလူဖြစ်လာရတဲ့ အဝန်းအဝိုင်းကို သူ့ကြောင့် ဘယ်လိုအစွန်းအထင်းအရိပ်မှ မထင်စေရဖို့နေ
ထိုင်ရှင်သန်တယ်။သူ့ရှင်သန်ခဲ့ရတဲ့ရပ်ဝန်းကို ထူထောင်ကြိုးစားအကောင်အထည်ဖော်နေကြတဲ့သူတွေရဲ့ ကျေးဇူးတရားကို ဦးထိပ်ပန်တယ်။
ကိုယ့်မွေးရက်၊မွေးနေ့ မသိတဲ့ကလေးမလေး
တစ်ယောက်ဟာ လူ့လောကထဲမှာ ရုန်းကန်ကြိုးစား
ရင် မာန်မာနအပြည့်ထားကာ ရပ်တည်နိုင်အောင်သူ့
ဘဝသူ မြင့်သထက်မြင့်အောင်ကြိုးစားတယ်။သူ့ဘ
ဝမှာ အချစ်ဆိုတာကို အာရုံထဲထည့်မထားပေမယ့်
အချစ်ဟာ သူ့ရင်ထဲကို အရောက်လာခဲ့တယ်။ချစ်သူတစ်ယောက်ရတယ်။အဲဒီချစ်သူက ဘဝကိုခက်ခဲပင်ပန်းစွာရုန်းကန်ခဲ့ရတဲ့ အမေတစ်ယောက်နဲ့
သူ့ဘဝအတွက် လွယ်ကူဖြောင့်ဖြူးစေမယ့် အဒေါ်က သားတစ်ယောက်လို ပြုစုပျိုးထောင်ခံခဲ့ရသူဖြစ်တယ်။
မိုးသည်းဖြူကံကောင်းတာက ရုန်းကန်ခဲ့ရတဲ့အမေရဲ့ အချစ်ကို သမီးတစ်ယောက်လိုရတယ်။အဒေါ်ကတော့ ပိုမိုပြည့်စုံပြီးအသိုင်းအဝိုင်းကောင်း
သူနဲ့ပဲ တူသားကိုသဘောတူတယ်။သူ့ချစ်သူကသူ့ကိုရွေးတယ်။လက်ထပ်ဖြစ်တယ်။အဒေါ်ရဲ့အမွေပြတ်စွန့်လွှတ်မှုနဲ့ ပိုင်ဆိုင်မှုတွေ စွန့်လွှတ်လိုက်ရတဲ့
အခြေအနေကိုဆိုက်သွားတယ်။
ကိုယ်ဝန်ရလာတော့ မိသားစုဘဝဆိုတာနဲ့ ရင်
သွေးဆိုတဲ့ နက်နက်ခံစားမှုဟာ မိုးသည်းဖြူအတွက်
ဘဝအားမာန်တစ်ခုဖြစ်လာခဲ့တယ်။ဒါပေမယ့်ကံမ
ကောင်းခဲ့ဘူး။ကလေးကနေရာမှား သန္ဓေတည်လို့
ဆေးရုံရောက်ပြီး မိခင်အသက်ကိုလုယူခဲ့ရတယ်။အကျိုးဆက်ကတော့ မိုးသည်းဖြူ ကိုယ်ဝန်မဆောင်နိုင်တော့ဘူး။ခင်ပွန်းဖြစ်သူ ထိုက်အောင်ရူးသွပ်တဲ့ မိသားစုပုံစံ ပျောက်သွားတယ်။
ဒီဝတ္ထုဟာ မိဘမဲ့စွန့်ပစ်ခံမိန်းခလေးတစ်
ယောက်ရဲ့ အစောင့်အရှောက်ခံဘဝမှာ ရခဲ့တဲ့အား
မာန်၊သတ္တိ၊ဘဝအမြင် လောကအမြင်တွေကို အာရုံ
စူးစိုက်ရေးသားထားတာဖြစ်လို့ မိုးသည်းဖြူဇာတ်
ဆောင်ဟာ မာနေတာကိုတွေ့ရမယ်။သူရင့်ကျက်လာရတာဟာ အခြားသာမန်မိန်းခလေးတွေနဲ့မတူဘဲ ပိုမို
စောစီးစွာရင့်ကျက်ကြီးပြင်းလာရတာမျိုးဖြစ်တယ်။
ရည်ရွယ်ချက်၊ဦးတည်ချက်အခိုင်အမာနဲ့တည်
ဆောက်ထားတဲ့ဝတ္ထုမျိုးပါ။ရေးသားဖန်တီးသူက
အဲဒီအပေါ်မှာ လုံးလုံးစိတ်ထည့်ထားတာကို ခံစားထိ
တွေ့ရမှာဖြစ်ပါတယ်။ဒီလိုဝတ္ထုမျိုးဟာ အရေးအသားအားနည်းရင် ဆောင်တိုင်းမမြောက်နိုင်တဲ့အနေအထားမျိုးဖြစ်သွားနိုင်ပါတယ်။
ဆရာမဝင်းဝင်းမြင့်(နန်းတော်ရှေ့)က သူ့ရည်ရွယ်ဦးတည်ချက်ကို အမိအရဆုပ်ကိုင်ထားသလို၊အရေးအသားကိုလည်း ဝါယမစိုက်ထားတာတွေ့ရတယ်။ဝတ္ထုအဆုံးသတ်မှာ မိုးသည်းဖြူတစ်ယောက် ခြင်းလုံးလေးတစ်လုံးရရှိလိုက်ပါတယ်။သူ့အိပ်မက်တွေရဲ့ဗဟိုချက်ကို ဆုပ်ကိုင်ခွင့်ရလိုက်တယ်လို့ဆိုရမှာပေါ့။ဒီဇာတ်သိမ်းဟာ ဒီဝတ္ထုရဲ့အခိုင်အမာချထားတဲ့ ရည်ရွယ်ဦးတည်ချက် ပန်းချီကားကို ဘောင်လှလှကွပ်ပေးလိုက်တယ်လို့ပဲဆိုရမယ်။