ဒီစာအုပ်လေးကို နာမည်ကစကြိုက်လို့ ဝယ်ဖြစ်တာပါ
ကျွန်မတို့ ငယ်ငယ်က နတ်ကန္နားပွဲတွေ ခုလို မရှားသေးဘူးပေါ့နော် ရပ်ကွက်ထဲ နတ်ကန္နားပွဲကအသံကြားတာနဲ့ ရှေ့ဆုံးကနေ နေ့ရောညပါ ကြည့်တဲ့ကလေးထဲမှာ ကျွန်မပါတယ် ကျွန်မက ကပြတဲ့ နတ်ကတော်တွေ ဘေးကအရန်ဝင်ကတဲ့ LGBT လေးတွေဆိုလဲ ငယ်ငယ်ထဲက ချစ်တတ်ခင်တတ်တာ ဘယ်လောက်ထိလဲဆို သူတို့ရဲ့ မိတ်ကပ်လိမ်းတဲ့ နတ်စင်နောက်ထိ ရောက်တယ် ကျွန်မက သူတို့ ရင်တုထဲ့တာကအစ မိတ်ကပ်လိမ်းတာ နတ်ဝတ်နတ်စားဝတ်တာကအစ အစအဆုံး သိပ်ကြည့်ချင် သိချင်ခဲ့တာ နတ်ဆိုင်းတီးရင်ကို ပျော်တာ လက်ခုပ်လက်ဝါး လိုက်တီးပြီးတော့ကို အားပေးတာ မဖဲဝါဝင်လဲ ကျွန်မမကြောက် ဘာဝင်ဝင်မကြောက်ပဲ တအားစိတ်ဝင်တစားအားပေးတာ ငယ်ငယ်ကမေမေပြောတာတော့ ကြားခဲ့ဖူးတယ် အဘွားက တောင်ပြုံးဆို ဘာနေနေ မသွားမနေနိုင် နှစ်တိုင်းနွှဲတာတဲ့ ခုစာအုပ်အမြည်းဖတ်ရတော့ ကျွန်မ တောင်ပြုံးပွဲအကြောင်း သိချင်စိတ်က ပြန်ပေါ်လာလို့ ချက်ချင်းကို မှာဖတ်မိတာပါ အရမ်ကောင်းတဲ့စာအုပ်ပါ တောင်ပြူံးပွဲဆိုတာမရောက်ဖူးပေမဲ့ မျက်စိထဲ လိုက်ဖော်မိတဲ့အထိ ဆရာမရေးသားမှုက အရမ်းကောင်းပါတယ် တောင်ပြုံးပွဲအကြောင်းကို ဒီတိုင်းရေးထားတာမဟုတ်ပဲ ထည့်ထားတဲ့ဇာတ်ကောင်တွေရဲ့ ဇာတ်လမ်းပုံဖော်မှုလေးကလဲ သဘာဝကျကျနဲ့ ဖတ်လို့ကောင်းလိုက်တာ ဒီစာအုပ်လေး ဖတ်ကြည့်ဖို့ အကြုံပြုပါတယ်