" အိမ်ကျွန် " တဲ့...
သိပ်ကိုမနှစ်မြောချင်စရာစကားလုံးပဲ...
ဒီအမည်ကိုအခေါ်ခံရတဲ့သူဆို စိတ်ထဲဘယ်လိုနေပါ့မလဲ?
ဒီလိုနဲ့ မျက်နှာဖုံးပေါ်မှာ အမျိုးသမီးငယ်လေးကိုမြင်ပြီး
ကျွန်တော်ဖတ်ဖို့အကြောင်းဖန်လာခဲ့တယ်...
စိတ်ကူးယဥ်ဖန်တီးရေးသားမှုမျိုးမဟုတ်တဲ့ တကယ့်ဤကမ္ဘာမြေကြီးမှာ မကြာသေးတဲ့နှစ်ကာလက ဖြစ်ပျက်သွားခဲ့တဲ့ Really Biography...
ခါးခါးသီးသီး " အိမ်ကျွန် " ဆိုပြီး အခေါ်ခံရတဲ့ "မန်ဒီနေဇာ" ရဲ့
နှုတ်ကနေတစ်ကမ္ဘာလုံးသို့ပျံ့အောင်ပြောပြပေးခဲ့တယ် ...
နူဘာတောင်တန်းတွေဝန်းရံနေတဲ့ ကျေးရွာလေးတစ်ရွာမှာ
" မန်ဒီနေဇာ" က မိသားစုမောင်နှမတွေနဲ့ ပျော်ရွှင်စွာနေထိုင်တယ်... အိမ်ရဲ့အငယ်ဆုံးလေးမလို့ အကုန်လုံးကဝိုင်းချစ်တာခံရတယ် ... မန်ဒီရဲ့ဘဝက ပျော်စရာကောင်းခဲ့တယ် သာယာခဲ့ရတယ် ချမ်းမြေ့ခဲ့ရတယ်
မိဘနှစ်ပါးရဲ့ထိန်းသိမ်းမှု အစ်ကိုအစ်မတို့ရဲ့ဂရုစိုက်မှု အေးချမ်းတဲ့မွေးရပ်မြေ မှာ အပူအပင်ကင်းကင်းနဲ့ မန်ဒီ ဘဝက
ရေထဲမှာလှပစွာဖူးပွင့်နေတဲ့ ကြာပွင့်လေးပမာ...
ကျောင်းနေအရွယ်ရောက်ပြန်တော့ မန်ဒီ က စာတော်တယ်
နူဘာစကားကိုမပြောရပဲ အာရပ်စကားကိုပဲ ဆရာ ဆရာမတွေက သင်ပေးတယ်... အဲဒီစကားကိုပဲပြောတယ်
မပြောရင် ဒဏ်ခတ်တယ်... အာရပ်ကမ္ဘာဆိုတော့ ကြီးစိုးမှု ရှိတာပေါ့... သူမအဖေကအလိုလိုက်ပေမယ့် သူ့သမီး ကို
သတ္တိရှိအောင်သင်းတယ် ...ဒါကို ယာခင်းထဲ တစ်ယောက်တည်း
ဖြတ်သန်းရတဲ့နေရာမှာတွေးရင်သိနိုင်မယ် ...
မေတ္တာတရားကြီးမားပြီး ကိုယ်ပိုင်ဆိုင်တဲ့အရာနဲ့ပတ်သက်ရင်
အတ္တကြီးတာတွေဟာ အချို့နေရာတွေမှာ မနိုင်ဝန်ဖြစ်တတ်ကြောင်း မန်ဒီ ရဲ့ ကြောင်လေးမွေးတဲ့ အရာက
ပြပေးပါလိမ့်မယ်... ဒီလို အပူအပင်မရှိ စိတ်ချမ်းသာစရာပြည့်ဝတဲ့ သူမရဲ့ဘဝမှာ တစ်နေ့တော့
မကောင်းဆိုးဝါး အကြမ်းဖက်သူတွေရဲ့ ဝါးမျိုမှုခံလိုက်ရတယ်...အဲဒီကတည်းကစပြီး မန်ဒီ ရဲ့ ဘဝက
အလင်းရောင်မဲ့နေတဲ့ အိမ်ကျွန်ဘဝကို ရောက်ခဲ့ရတော့တယ်...
ကျွန်အဖြစ်ရောင်းစားပြီး အခကြေးငွေတစ်ပြားမှမရပဲ
တစ်သက်လုံး အိမ်ကျွန်ဖြစ်ရတယ်...
မှောင်မိတ်နေတဲ့အခန်းထဲမှာ တိရစ္ဆာန်တစ်ကောင်သဖွယ်
ဆက်ဆံခံရပြီး အိပ်စက်ရတယ်... အမြဲလိုလို ဆူပူမှူ ရိုက်နှက်မှူ တွေကို ခံရတယ် ... အသက် ၁၂ နှစ် အရွယ် မိန်းကလေးဟာ
သူမရဲ့မိသားစုနဲ့တွေ့ရဖို့ ဇာတိမြေပြန်ရဖို့ ကြိုးစားနေခဲ့တယ်
ဘာသာရေးကိုယုံကြည်ပြီး သူမကိုးကွယ်တဲ့ဘာသာတရားကို
လေးစားတယ်... နှစ်ပေါင်းများစွာ အိမ်ထဲကအိမ်ပြင်မထွက်ရတဲ့ မန်ဒီ...
လူဖြစ်ပေမယ့် လူ့အခွင့်အရေးဆိုတာမကြားဖူး မမြင်ဖူး တိရစ္ဆာန် သဖွယ် ဆက်ဆံခံရတဲ့မန်ဒီ ...
နာမည်ရှိပေမယ့် အိမ်ကျွန် ဆိုပြီး နှိမ်ချခေါ်ဆိုခံရတဲ့မန်ဒီ
ဒီမိန်းကလေးငယ်ဟာ တစ်နေ့တော့ သူမဘဝအတွက် ထွက်ပေါက်ကိုရှာဖွေခဲ့နိုင်တယ်... ငရဲခန်းမှာအချိန်အကြာကြီး
သက်ဆင်းခဲ့ရတဲ့ ဆယ်ကျော်သက် မိန်းကလေး ဟာ
ဓားတောင်မီးပင်လယ်ကို ရဲရဲကြီးဖြတ်ကျော်ခဲ့တယ်
ဒုက္ခကိုအာခံမယ်... သောကကိုရင်ဆိုင်မယ် ...
နောက်ဆုံး ဒီလိုဒုက္ခတွေနဲ့ကိုရင်ဆိုင်ရင်း အချိမ့အတန်ကြာဆူးခင်းလမ်းလျှောက်ခဲ့ရတဲ့ အမျိုးသမီးက
ပန်းခင်းလမ်းကိုအရောက်ကြိုးစားနိုင်ခဲ့တယ်...
တစ်ကမ္ဘာလုံးသို့ သူမအကြောင်းကိုဖြန့်ဝေတယ်...
အသားအရောင်ခွဲခြားခံရမှု အတွက် လှုပ်ရှားတယ်...
အခုထိရှိနေဆဲဖြစ်တဲ့ ကမ္ဘာပေါ် က ကျွန်အဖြစ်ရောင်းစားမှု
လူမဆန်တဲ့လုပ်ရပ် လူလူချင်းကုန်ကူးမှုတွေကို မန်ဒီနေဇာ က ထပ်မံ မီးမှောင်းထိုးပြပေးခဲ့တယ်... သူမမသိနားမလည်ခဲ့တဲ့
လွတ်လပ်မှုအစစ်အမှန်ကို လန်ဒန်မြို့ရောက်မှ အပြည့်အဝနားလည်တဲ့မန်ဒီ က လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူဖြစ်နေခဲ့ပါပြီ ...
ကြိုးစားမှု ထိုးဖောက်ရတဲ့သတ္တိနဲ့ Women Empowerment ဖြစ်စေတဲ့ မန်ဒီ ပါ...
ဖတ်ကြည့်ပါ ... တိုက်တွန်းပါရစေ ... ပေးလိုက်ရတဲ့အချိန်အတွက် မန်ဒီနေဇာ က နောင်တမပေးဘူး
စာရေးဆရာက ကျစ်လျစ်တဲ့စကားလုံးတွေနဲ့ မန်ဒီနေဇာ ရဲ့
ဇာတ်ကြောင်းကို ဟာမသွားအောင်
ဘာသာပြန်ပေးထားပါတယ်...ဒီစာအုပ်ဖတ်ခွင့်ရခဲ့လို့
ကိုယ့်ကိုယ်ကို လည်း ကျေးဇူးတင် ဘာသာပြန်ပေးတဲ့ဆရာကိုလည်း ဂုဏ်ပြုပေးပါတယ် ...
ဖတ်ပြီးစာနာကြည့်ပါ ... ကမ္ဘာပေါ်မှာရှိသမျှ လူတိုင်းလူတိုင်း
အဆင်မပြေကြပါဘူး... အခက်အခဲတွေ ဒုက္ခတွေ သောကတွေ
စတဲ့ ဘဝကပေးတဲ့စာမေးပွဲ တွေကို ဖြေဆိုနေကြရပါတယ်...
ဒါပေမယ့် ဒီလိုအရာတွေကို ကျတော်တို့ဖြတ်ကျော်နိုင်ပါတယ်
ဒီလိုမျိုး စုတ်ပြတ်သတ်နေတဲ့လောကဓံကနေ မန်ဒီ က အပြေးထွက်လာပြီး သူမရဲ့သတ္တိကိုပြပေးတယ်...
ကမ္ဘာ့လူထုကိုအသိပေးခဲ့တယ် ...
မင်းစာအုပ်စင်မှာရှိကိုရှိနေရမယ့်စာအုပ်မျိုးပါ...
ဒါကြောင့် စကားတစ်ခွန်းနဲ့နိဂုံးချုပ်ပါရစေ...
" We Can Do, We Can Change, Anything. "
ကျေးဇူးတင်ပါတယ်...