"၁၃ထပ်မှာ အစ်ကို့ကို စောင့်နေဆဲ"
အဲ့ဒီတိုက်မှာ ၁၃ထပ်ဆိုတာ တကယ်ရှိတာလား...အစ်ကိုဆိုတဲ့သူကရော တကယ်ရှိခဲ့တာလား... အညိုဆိုတဲ့ သူမကတော့ အစ်ကို့ကို တကယ်စောင့်နေခဲ့တာပါ🤎
အညိုက ဆေးလိပ်တွေ သောက်တယ်။
အစ်ကိုက စာအုပ်ဖတ်တယ်။ဝရန်တာလေးမှာ အပင်လေးတွေ စိုက်တယ်၊ ရေလောင်းတယ်။လူမြင်ကွင်းတွေ သိပ်မထွက်ဘဲ ၁၃ထပ်က အခန်းလေးထဲမှာပဲ
အစ်ကိုနဲ့ အညိုတို့ အချိန်တွေကို ကုန်ဆုံးကြတာများတယ်။
ဒီလိုနဲ့ တစ်နေ့ အညို့ဘဝထဲကနေ အစ်ကို ပျောက်ဆုံးသွားခဲ့ရတယ်။
လူတွေကလည်း ပြောကြတယ် အညိုက
မရှိတာကို ရှိတယ်ထင်နေတာတဲ့....
အစ်ကိုဆိုတာရော ၁၃ထပ်ဆိုတာရောက
အပြင်မှာ တကယ်မရှိဘူးတဲ့လေ...။
"သူ" နဲ့ စတွေ့တော့ "သူ"လည်း အညို့ကို
မယုံကြည်ခဲ့ဘူး။နောက်ပိုင်းမှာတော့ အညို့ရဲ့ စိတ်တံခါးတွေကို ဖွင့်ကြည့်ဖို့
ကြိုးစားရင်း ပျောက်ဆုံးနေတဲ့
၁၃ထပ်ကိုလည်း ရှာတွေ့ခဲ့တယ်။
အညို့ အပေါ်မှာ ထားတဲ့ "သူ့" ရဲ့
ချစ်ခြင်းမေတ္တာတွေကိုရော ခံစားမိခဲ့တယ်🤎
အညို့ရဲ့ ကမ္ဘာဟာ အစ်ကိုပဲ။
အရာရာဟာ အစ်ကို့အပေါ်မှာပဲ မူတည်နေခဲ့တာ...ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးနေခဲ့တဲ့ အညို့ကို အစ်ကိုမပါဝင်တဲ့ အညို့ကမ္ဘာသစ်လေး ဖြစ်လာအောင် "သူ"တစ်ယောက်က ကူညီလမ်းပြပေးခဲ့တယ်။
"ဆံပင်တွေကို တခြားသူအတွက် မဟုတ်ဘဲ နွေ့အတွက် နွေ အရှည်ပြန်ထားတဲ့ တစ်နေ့ ကျွန်တော် နွေ့ဆီ လှမ်းလာခဲ့မယ်"
ဂမုန်းနွေ (ခေါ်) အညိုဆိုတဲ့ အမျိုးသမီးလေးဆီ "သူ" တကယ်ပြန်လာခဲ့တာလား...."နွေ"ကြိုက်တဲ့ နေကြာပန်းတွေ
ပွေ့ပိုက်ထားရင်းနဲ့ပေါ့...🌻🌻🌻
ကျွန်မကတော့လေ အစ်ကိုဆိုတဲ့သူထက်
နွေ့ဘဝလေးကို ပြန်ရှာပေးခဲ့တဲ့"သူ"
ဆိုတဲ့ တစ်ယောက်ကို လေးစားသဘောကျနေမိတာရယ်🥰 "နွေ"နေတဲ့ ၁၃ထပ်ကို တကယ်ပြန်လာတဲ့သူက "သူ" ပဲ ဖြစ်စေချင်ပါတယ်လို့ 😁🤎
ဖတ်ရတာ အရမ်းမိုက်တာနော်...သဘောကျနေရောပဲ အညို့ကို သနားလိုက်၊
ဆရာမကို မြင်ယောင်လိုက်ပဲ။တကယ်ကို စိတ်နှစ်ပြီး ရေးတဲ့စာတွေမို့ထင်ပါရဲ့...။
အညိုနဲ့ဆရာမက တစ်ယောက်တည်းဖြစ်နေခဲ့တယ်လို့ကို ခံစားလိုက်ရတာပါ။
"နရသူ"ဖတ်တုန်းက ကောင်လေးဆီကရခဲ့တဲ့ ကြည်မြ နွေးထွေးမှုတွေကို ထပ်ပြီး
"သူ့" ဆီကနေတဆင့် ဆရာမက စာဖတ်သူတွေအတွက် လက်ဆောင်ပေးလိုက်တယ်လို့ ခံစားရပါတယ်။ဖြစ်နိုင်ရင်
"နွေ"နဲ့ "သူ့"အကြောင်းကို အဆက် အနေနဲ့ ထပ်ဖတ်ချင်မိတဲ့အထိပေါ့ရှင်🤎
#ခေတ်ရှေးညို
#၁၃ထပ်မှာအစ်ကို့ကိုစောင့်နေဆဲ
#ပန်းဆက်လမ်းစာပေ
#reviewby하은
#3Nov2023