"သားသမီးမကောင်း မိဘခေါင်း" ဆိုတဲ့
စကားလေးလိုပဲ သား၊သမီး မလိမ်မာရင်
မိဘကိုပဲ ပြောဆိုဝေဖန်ကြပါတယ်။
ဒီစာအုပ်လေးထဲမှာတော့ ဖခင်ရဲ့ မိုက်မဲမှုကြောင့် သားဖြစ်သူအတွက်
ကြေကွဲဝမ်းနည်းစရာ အဖြစ်အပျက်တွေ
ကြုံတွေ့ခဲ့ရတာကို ရင်နဲ့အမျှ ခံစားဖတ်ရှုလိုက်ရပါတယ်။
ဖခင်ဖြစ်သူ "ကျောင်းစိတ္တ"က ဥပုသ်သီလဆောက်တည်တယ်၊ကောင်းမှုအလှူဒါနတွေပြုလုပ်တယ်။မကောင်းတဲ့ တစ်ချက်ကတော့ တခါတလေ အရက်သောက်တတ်တာပဲ။
သားဖြစ်သူ "အယ်ရိုး" ကတော့ ငှက်ပစ်၊အမဲပစ် အလွန်ဝါသနာပါသူ၊ သူ့ချစ်သူ "မယ်ဆစ်"ကလည်း ဒီအကုသိုလ်အလုပ်ကို မကြာခဏ ရှုံ့ချပြောဆိုတတ်လေရဲ့။
ဒါပေမဲ့ "အယ်ရိုး"က သူ့ဝါသနာကို မစွန့်လွှတ်နိုင်ဘူး။ဒီမကောင်းမှုက လွဲရင်
သေရည်သေရက်သောက်စားတာမျိုးတွေတော့ မလုပ်တဲ့သူမျိုး။ဖခင်ဖြစ်သူ "ကျောင်းစိတ္တ"အပေါ်မှာတော့အလွန် ရိုသေလေးစားတဲ့ သားကလေးပေါ့။
သူတို့နေတဲ့ သိမ်ကုန်းရွာကလေးမှာ
"နန်းနု" ဆိုတဲ့ စိတ်မနှံ့ရှာတဲ့ မိန်းကလေး
တစ်ဦးရှိတယ်။မိခင် ၊ ဖခင် တွေ ဓါးပြရန်ကြောင့် အသတ်ခံရတာကို မျက်မြင်တွေ့ခဲ့ရတာရယ်၊တစ်ဦးတည်းသော ကြီးတော်ကပါ ဆုံးပါးသွားတာရယ်ကြောင့်
စိတ်ဝေဒနာ ခံစားနေရသူလေးဖြစ်တယ်။
ရွာစကား၊ရွာအပြောတွေကြောင့်
"နန်းနု" အိမ်ကို ညဘက်ဆို ညောင်မိစ္ဆာကြီး ကျွဲစီးပြီး ရောက်၊ရောက်လာတယ်လို့ဆိုကြလေရဲ့...။"အယ်ရိုး"က "နန်းနု"
ရဲ့ သူငယ်ချင်းလည်း ဖြစ်တာရော၊
လူငယ်ပီပီ တစ္ဆေသရဲကို အယုံအကြည်
မရှိတာရယ်ကြောင့် ညဘက်ဆို "နန်းနု"တို့အိမ်ရှေ့အပင်ရိပ်ကနေ ညောင်မိစ္ဆာကို စောင့် စောင့်ကြည့်လေ့ရှိတဲ့ အကျင့်ရှိတယ်။
လူတွေမှာ မကောင်းမှု အကုသိုလ် စိတ်ယုတ်မာတွေဆိုတာ ရှိတတ်ကြတယ်။ကုသိုလ်စိတ်ရယ်၊သီလ၊သမာဓိ၊သတိတရားရယ်နဲ့ ထိန်းချုပ်ထားနိုင်တဲ့သူကိုသာ လူကောာင်းရယ်လို့ သတ်မှတ်ကြပါတယ်။
စိတ်မကောင်းတဲ့ "နန်းနု" အပေါ်မှာ
စိတ်ယုတ်မာဝင်ခဲ့တဲ့ "ကျောင်းစိတ္တ"တစ်ယောက် အဖြစ်ဟာလည်း သံဝေဂယူစရာပါ။သားဖြစ်သူ "အယ်ရိုး" က
အဖကို ရိုသေတဲ့သား၊အဖ စိတ်ဆင်းရဲတာ မကြည့်ရက်တဲ့သားမို့သာ အဖအပြစ်ကို ဝင်ခံလိုက်တာရယ်။ဖခင်ဖြစ်သူ"ကျောင်းစိတ္တ" ရဲ့ကာယကံမှု အကုသိုလ်ကတော့ ပျောက်ပျက်မသွားနိုင်ဘူး ဆိုတာလေး သတိချပ်မိပါတယ်။
မကောင်းမှု ပြုမိတာကို ကိုယ်တိုင်
သတိပြန်၊ ပြန်ကပ်တဲ့ "ကျောင်းစိတ္တ"
တစ်ယောက်ဟာ သေရည်သေရက်
ကြောင့် ရာဂစိတ် ဖုံးလွှမ်းသွားတဲ့အခါ၊
တူညီတဲ့ အမှားကို ထပ်ခါ၊ထပ်ခါ ပြုလုပ်နေမိတာကလည်း ဆင်ခြင်ဖွယ်ရာ
အချက်လေးတစ်ချက် ဖြစ်နေပါတယ်။
လူတိုင်းမှာ မကောင်းတဲ့ စိတ်အမှောင်ခြမ်းက ရှိနေတတ်ပါတယ်။သီလ လုံခြုံအောင် ထိန်းနိုင်တဲ့သူ၊ မထိန်းနိုင်တဲ့သူအပေါ် မူတည်ပြီး ကွဲပြားသွားကြတာပါ။
သံဝေဂရဖွယ်၊ဆင်ခြင်ဖွယ်စာအုပ်လေးမို့ လူတိုင်းဖတ်သင့်တဲ့ စာအုပ်လေးတစ်အုပ်ဖြစ်ပါတယ်။နောက်ပြီး "အယ်ရိုး"ရဲ့ ဖခင်အပေါ်ထားတဲ့ မေတ္တာတွေကို ခံစားမိတာမို့ စာအုပ်လေးဖတ်ရင်း ငိုမိ၊ဝမ်းနည်းမိပါတယ်🥺 သားအဖ မေတ္တာအဖွဲ့လေးကို ပေါ်လွင်အောင် ရေးသားထားတာလေးကလည်း သဘောကျစရာကောင်းပါတယ်။
မျက်နှာဖုံးပန်းချီလေးကို စာတစ်အုပ်လုံး
ဖတ်ပြီးခါမှ ကြည့်ရင် ပိုပြီး ခံစားမိပါလိမ့်မယ်❤️
#သိန်းသန်းထွန်း
#ဘယ်ပန်းချီရေးလို့မှမမှီ
#စာရိပ်မြိုင်စာပေ
#reviewby하은
#4Nov2023