ဖတ်နေတဲ့ စာအုပ်ထဲဒီစာအုပ်လေး ရင်ထဲအတော်လေးစွဲတယ်။ horrorဆိုပေမယ့် ကြောက်စရာစာအုပ်အဖြစ် မခံစားရဘဲ ဆင်ခြင်စရာလေးတွေ အသိလေးတွေ ကပ်မိတယ်။
☘️ မိဘတွေက သားသမီးချင်းအတူတူအပေါ် မေတ္တာ မျှ‌တစွာပေးမိရဲ့လား။မိဘပဲ သားသမီးအပေါ် ချစ်တာအတူတူပဲလို့ ဆိုရပေမယ့် တချို့မိဘတွေမှာ သားမို့ သမီးမို့ ပိုတယ်ဆိုတဲ့အစွဲလေးတွေက သိပ်ကြောက်ဖို့ကောင်းတာပဲ။ ကိုယ် မိဘနေရာကနေ အကြီး အလတ် အငယ်ရှိရင် အားလုံးအပေါ်အချိန်/မေတ္တာပေးမိရဲ့လားဆိုတာလားသတိကပ်စရာနော်
☘️ မိဘတွေက မောင်နှမချင်း ပြိုင်ဆိုင်လိုစိတ်ဖြစ်စေနိုင်တဲ့ အပြုအမူအ‌ေပြာအဆိုမျိုးတွေရှောင်သင့်တယ်။ တစ်ဖက်ကိုချီးကျူးတာက တစ်ဖက်ကို အားငယ်စေတာမျိုးဖြစ်နေစေပြီလားတွေးသင့်တယ်။ ဒါ...သိပ်အရေးပါတယ်။
☘️ မိဘကနေ ညီအကိုမောင်နှမချင်း ချစ်ခင်တတ်အောင်လမ်းပြသင့်သလို၊ ‌သွေးသားချင်း မုဒိတာစိတ်ပွားတတ်ဖို့ သွန်သင်ပေးဖို့ လိုပါတယ်။ သွေးသားခြင်းမှ မဟုတ်ပါဘူး။ မုဒိတာပွားတတ်တဲ့စိတ်အခံလေးရှိဖို့က အရေးကြီးတယ်။
အဲ့ မုဒိတာမပွားနိုင်တာကနေ ဣဿာမစ္ဆရိယ စိတ်‌ေ‌တွက လက်ရှိဘ၀တင်မဟုတ်ဘဲ နောင်ဘ၀ထိဆွဲချသွားတတ်ပုံများကြောက်ဖို့ကောင်းလိုက်တာ။
☘️ချစ်သူတွေကြား နယ်မကျွံသင့်တာတွေ၊ ဆေးပညာအသိ‌ေတွရှိ‌ေတာင် သတိဆိုတဲ့ စိတ်လေးကပ်မနေရင်ရင် အမှားကွင်းဆက်တွေ ဖြစ်တတ်ပုံ ဆင်ခြင်စရာလေးတွေလဲပါတယ်။
☘️လူ့သဘော လူ့မနောလေးတွေပါတယ်။မိတ်ဆွေကောင်းရှိခြင်းအကျိုးကြောင့် ပရပြိတ္တာလောက ကနေ လွှတ်မြောက်ဖို့အခွင့်ရပုံလေးတွေ။
☘️တိုက်ရိုက်ကြီးကြောက်ဟယ်...လန့်ဟယ် horror စာအုပ်ဆိုတာမျိုးမဟုတ်ပဲ။ "ဖြည်ရန်ကျန်‌ေသာ ဆက်ထုံးများ"ဆိုတဲ့ စာအုပ်နာမည်နဲ့လိုက်အောင် စာဖတ်သူ‌ကို ဖတ်ရင်း ဖြည်ရမယ့်အတွေးတွေ အများကြီး တစ်ဖက်လှည့် ပေးခဲ့သေးတာမျိုး...
☘️ကောင်းမူတွေမလုပ်နိုင်ပါဘူးဆိုရင်တောင် တစ်နေ့တစ်နေ့ စိတ်လေးစင်ကြယ်အောင်နေတတ်ဖို့ တကယ်လိုအပ်တယ်။ ကိုယ်အလုပ်တွေများရင် သတိကပ်ဖို့ ကိုယ့်ဘာသာသတိပေးရမယ်။
ဒေါသ၊မာန၊ဣဿာမစ္ဆရိယ သလ္လေခါ ၊
ဒေါသ၊ မာန ၊ဣဿာမစ္ဆရိယ‌ေတွခေါင်းပါးဖို့ တစ်နေ့ထက်တစ်နေ့ တိုးပြီး ဆင်ခြင်ရမယ်ဆိုတဲ့ သတိလေး ပို၀င်လာတယ်။
၂ရက်အတွင်းဖတ်နေတဲ့horrorစာအုပ်တွေထဲ ဒီစာအုပ်လေး ဘ၀င်အကျဆုံးပဲ။ယုတ္တိရှိရှ်ိ ဇာတ်လမ်းပိုင်နိုင်လိုက်တာ ဖတ်ကိုဖတ်သင့်တဲ့စာအုပ်တစ်အုပ်ပါပဲ။
#ဖြည်ရန်ကျန်သောဆက်ထုံးများ
#ဂျူလီယာမြင့်သိန်း