ကချင်ပြည်နယ်မှာရှိတဲ့ ရွာလေးတစ်ရွာနဲ့ စာအုပ်ပါအကြောင်းတွေက စာရေးသူရဲ့ စိတ်ကူးယဉ်ထားတဲ့ အရာတွေဆိုပေမယ့် သဘာဝလွန်ပုံစံတွေကြိုက်တဲ့သူတွေကို အဆုံးထိဆွဲခေါ်သွားနိုင်တဲ့ ဇာတ်လမ်းလေးပါ။
အဓိကဇာတ်ကောင်ဖြစ်တဲ့ နန္ဒဦးမော်ဟာ accidence ကြောင့် သူမသိတဲ့ တောတွင်းနေရာတစ်ခုကို ရောက်သွားခဲ့တယ်။ နိုးနိုးလာချင်းမှာပဲ သူ့ဘေးနားမှာ အရွယ်စုံ၊ ပုံစံစုံ၊ ဖြူဖျော့နေတဲ့လူတွေကို တွေ့လိုက်ရတယ်။
ထိုလူတွေက သူ့အနားကို လိုချင်တပ်မက်တဲ့မျက်လုံးတွေနဲ့ တိုးကပ်လာချိန်မှာ ဩဇာသံပါတဲ့ အသံတစ်သံကို ကြားလိုက်ရတယ်။ မြန်မာစကားမဟုတ်တဲ့ တိုင်းရင်းသားစကားသံနဲ့ အဆုံးမှာတော့ သူ့ကိုဝိုင်းနေတဲ့သူတွေဟာ မီးခိုးငွေ့တွေလို လွင့်မျောကွယ်ပျောက်သွားကြတယ်။
ထိုအသံပိုင်ရှင်က လွှမ်း။ ၁၇ နှစ်လောက်အရွယ် ကောင်မလေးတစ်ယောက်၊ မျက်နှာမှာ စာလုံးအသေးလေးတွေပုံစံ စုတ်ထိုးရာလေးက ဘယ်ကွန့်ညောကို တုန့်ကွေးသွားတဲ့ပုံစံနဲ့၊ ပါးလျပ်လျပ်ခန္ဓာကိုယ်ရှိတဲ့ မိန်းမငယ်လေးတစ်ယောက်ပဲဖြစ်တယ်။
သူမကဘယ်သူလဲ။ ဘာကြောင့် သူမလိုမိန်းမငယ်လေးရဲ့စကားသံနောက်မှာ ထိုလူတွေက ပျောက်ကွယ်သွားတာလဲ။ လူအုပ်စုကြီးရဲ့ လိုချင်တပ်မက်မှုအပြည့်နဲ့ အကြည့်ခံလိုက်ရတဲ့ နန္ဒဦးမော်ရဲ့ ပုံစံအစစ်ကရော ဘာလဲ။ သူ့ကိုယ်သူ ဘာမှန်းမသိတဲ့သူကို လွှမ်းက ကူညီပေးမှာလားဆိုတာကို စိတ်ဝင်တစားနဲ့ ဖတ်ရှုရမှာဖြစ်ပါတယ်။
သဘာ၀လွန်၊ စိတ်ကူးယဉ်ဆန်ဆန်ကြိုက်တဲ့သူတွေ၊ မြန်မာ့တိုင်းရင်းသားတွေရဲ့ အငွေ့အသက်လေးတွေကို ဖတ်ရတာ သဘောကြတဲ့သူတွေအတွက် လက်မလွှတ်သင့်တဲ့စာအုပ်ပါ။