#အမှောင်
ဒီစာအုပ်လေး ကတော့ Gillian Flynn ရဲ့ Dark Places ကို ဆရာချမ်းမြေ့ဝင်း က ဘာသာပြန်ပေးထားတာပါ။ ထိတ်လန့်ဖွယ် အဖြစ်အပျက် တွေနဲ့ သည်းထိတ်ရင်ဖို ဇာတ်ဝင်ခန်း တွေကြောင့် အသက် (၁၈)နှစ်အောက်တွေ ဖတ်ဖို့ မသင့်ပါလို့ ဆိုထားပါတယ်။ Mystery၊ Thriller ဆန်တဲ့ စာအုပ်လေးပါ။ ဇာတ်လမ်း က အမေရိကန် ကျေးလက်ဒေသ က လယ်သမား မိသားစုလေးရဲ့ သေဆုံးမှု ကို အခြေခံ ထားတာပါ။ ဇာတ်ကောင် သုံးယောက်၊ ရှုထောင့် သုံးမျိုး နဲ့ စုံထောက်ဆန် တဲ့ ဇာတ်လမ်း လေးမို့ ဖတ်နေရင်း နဲ့ ရင်မော၊ အဖြေရှာ နေရမဲ့ စာအုပ်ကောင်းလေးပါ။
#ပက်တီဒေး
လစ်ဘီဒေးရဲ့ အမေ၊ သားသမီး တွေ အပေါ် ထားတဲ့ မေတ္တာ က အနန္တ ပါ။
#ဘန်ဒေး
အမေ နဲ့ ညီမ ဖြစ်သူတွေ ကို သေစေမှုနဲ့ စွပ်စွဲခံထားရတဲ့ ဒေးမိသားစုရဲ့ သားကြီး။
#လစ်ဘီဒေး
ညတစ်ညမှာ အမေရော အစ်မနှစ်ယောက်ပါ ရက်ရက်စက်စက် အသတ်ခံလိုက်ရတယ်။
သိပ်ကံကောင်းပြီး မသေခဲ့ပေမဲ့၊ မိသားစု ပျောက်ခဲ့တဲ့ ဒေးမိသားစု ရဲ့ အငယ်ဆုံးလေး။ အသက် (၇) နှစ် အရွယ်မှာ ကြုံလိုက်ရတဲ့ ရက်စက်လွန်းတဲ့ ဖြစ်ရပ်ကို ရင်ထဲမှာ မြှုပ်နှံရင်း နေထိုင်ခဲ့တယ်။ မတွေး ချင်တော့တဲ့ အတိတ် က ရတဲ့ အကျိုးအမြတ်နဲ့ အသက် (၃၀) ထိ ရပ်တည်နေတဲ့ အမျိုးသမီး...။ အတည်တကျ ရှိမနေတဲ့ ဘဝ နဲ့ ခပ်ညံ့ညံ့ စိတ်ဓာတ် က သူ့ရဲ့ အဖော်ပဲ။ သုံးစရာ မရှိတော့လို့ ဆိုးရွားလှတဲ့ မိသားစု အဖြစ်အပျက် ကနေ ဝင်ငွေ ရှာဖို့ကြိုးစားရာမှ သိမ်းထားတဲ့ စိတ်ဒဏ်ရာ ကို တူးဖော်ကြည့်မိတဲ့ အခါ ဘာတွေ ဖြစ်လာမလဲ ပေါ့။ အမှန်တရား ကို ရှာရင်း ဘန်ဒေး ကပဲ မိသားစု ကို သတ်လိုက်သလား။ လူသတ်သမား က သပ်သပ်ရှိနေလား။ အတိတ်ကို တူးရင်း လစ်ဘီဒေး ဘာတွေ ဆက်တွေ့ မလဲ ဆိုတာ စိတ်ဝင်စားစရာ ပါ။
ပြန်မမှတ်မိချင်တော့ တဲ့ အဖြစ်အပျက်၊ မတို့ထိချင်တဲ့ အတိတ်၊ ခပ်နက်နက် စဥ်းစားရင် ရှာတွေ့နိုင်ပေမဲ့ လက်မခံနိုင်လို့ သိမ်းထားလိုက်တဲ့အမှန်တရား မျိုး...တွေက ကျွန်မ တို့ ရင်ထဲမှာ ရှိတတ်ကြပါတယ်။
ဆရာချမ်းမြေ့ဝင်း ရဲ့ အမှောင် စာအုပ်က ကျွန်မ တို့ရဲ့ မေ့ထားချင်တဲ့ အတိတ်တစ်ချို့ ကို သတိရစေပါတယ်။ ဆရာ့ရဲ့ လစ်ဘီဒေး လို ကျွန်မ တို့တတွေလဲ ရခဲ့ဖူး တဲ့ ဒဏ်ရာ တွေကို တစ်ရစ်ချင်း လှစ်၊ကိုယ့်အတိတ် ကို တူးဆွ၊မှားခဲ့ရင် တောင်းပန်၊ခွင့်လွှတ် ရင်း စိတ်ရဲ့ သက်သာရာ ကို ရစေဖို့ ရည်ရွယ်ရင်း ရှိတဲ့ စာအုပ်ကောင်းလေးမို့ ဖတ်ကြည့် ရန် စေတနာဖြင့်....။