#ရထားပေါ်ကမိန်းကလေး
#ချမ်းမြေ့ဝင်း(ဘာသာပြန်)

ဇာတ်လမ်းက ရေချယ်နဲ့စတယ်
အိမ်ထောင်ကွဲနေတဲ့ရေချယ်ရဲ့ လေလွင့်တဲ့ရက်တွေနဲ့ ကျပျောက်နေတဲ့မှတ်ဥာဏ်တွေ..

မီဂန်ပျောက်သွားတော့ ရေချယ်လိုလို သူလိုလို ငါလိုလို အားလုံးက ဆက်စပ်နေတော့ ဘယ်သူကြောင့်များလဲလို့ စိတ်ဝင်စားရမယ့် စာအုပ်။

ကိုယ်ကတော့ ကိုယ့်ဘာသာစုံထောက်လုပ်ပြီး သတ်မှတ်လိုက်တဲ့ တရားခံတစ်ယောက်ရှိတယ်..ဖတ်နေတဲ့အချိန်အတွင်း သူလို့ပဲစိတ်ထဲမှတ်ပီး ဘယ်သူ့ကြောင့်ဆိုတာတောင်စိတ်မဝင်စားနိုင်ဘူး..ရေချယ်ကိုပဲ အာရုံစိုက်နေမိတယ်..
ဘယ်လိုအခြေအနေမျိုးဆို ရေချယ်ပုံမှန်ပြန်ဖြစ်လာနိုင်လဲ..
ဘာလို့ဒီလိုဖြစ်ရတာလဲ..
ရေချယ်ကတော့ ဘယ်လိုနေသင့်ပီ..ဘယ်လိုတွေးသင့်ပီဆိုတာတွေနဲ့ပဲ စိတ်ကယောက်ယတ်ခတ်နေတယ်။
မီဂန်အမှုကို ကူညီပေးတော့လည်း ဘာလို့ကူညီတာလဲလို့အသည်းအသန်လိုက်တွေးရတယ်..
ကူညီပေးလိုက်ရင် သူသက်သာသွားမှာလား..
သူသဘောကျတဲ့ သူတွေးထားတဲ့ပျော်စရာRelationshipကို နှမြောတသစိတ်နဲ့ ကူညီတာလား။
အဲဒီပတ်ဝန်းကျင်ကို သံယောဇဉ်တွယ်နေတုန်းလား။

ဖတ်နေတဲ့တလျှောက်လုံး ရေချယ်ကိုပဲ ပူပန်ရင်းက
နောက်ဆုံးမရောက်ခင်လေးမှာမှ တရားခံက ကိုယ်ထင်တဲ့လူမဟုတ်တာ သိသွားတာ..

ဖတ်ရတာ တော်တော်ကြီးကို ကောင်းတယ်။
တစ်မျက်နှာချင်းစီတိုင်းကို မျက်စိထဲမြင်ယောင်တယ်။

ဇာတ်သိမ်းလေးလည်း ကြိုက်တယ်
မဖတ်ရသေးဘူးဆိုရင် ဖတ်ကြည့်ဖို့ ပြောချင်ပါတယ်