တစ်ဖတ်သတ် ဆိုသည်မှာ........
တစ်ဖတ်သတ်ဆိုတာ တစ်ဖတ်လူက မင်းကိုမချစ်ဘူးဆိုရင် မင်းဘယ်လောက်ပေးဆပ်ပေးဆပ် အလကားပဲ နန်းနွယ်ရေ.......
အကြင်သူသည်၊ဒီစာအုပ်လေးကိုဖတ်ဖြစ်တာသိပ်မကြာသေးဘူးဗျ။ အရင်ကတော့အမှုမဲ့အမှတ်မဲ့ပဲ၊ဒီလောက်လည်းကောင်းမယ်မထင်ခဲ့ဘူး၊ ဖတ်ကြည့်တောမှတော်တော်လေးကိုကောင်းတာပါ။ဒီစာအုပ်မှာခေတ်နှစ်ခုကိုယှဉ်ပြီးရေးထားတာလေးကို ကျွန်တော် တော်တော်သဘောကျတယ်။မျက်မှောက်ခေတ်မှာဟိုတယ်တည်ဆောက်ဖို့ project တစ်ခုကြောင့် နန်းဆောင်ကြီးကိုရောက်လာတဲ့ အဖွဲ့တစ်ဖွဲ့ရယ်၊နန်းဆောင်ကြီးမှာဖြစ်ပျက်ခဲ့တဲ့ သမိုင်းကြောင်းတွေရယ်ကို ဆက်စပ်ပြီးရေးဖွဲ့ထားတယ်။
နန်းနွယ်၊စိတ်ရင်းကောင်းတဲ့ နန်းနွယ်၊ဘယ် အတတ်ပညာမဆို ခဏလေးလေ့လာလိုက်စားရုံနဲ့ ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်တဲ့ ပါရမီပါတဲ့အဆောလတ်မြို့ မျက်နှာဖုံးသူဌေးသားလေး နန်းနွယ်။ တစ်နေ့ နန်းနွယ်တစ်ယောက် သူ့အချစ်ဆုံးသူငယ်ချင်းစောဖြူနဲ့အတူနာမည်ကြီးဇာတ်ပွဲတစ်ပွဲကို သွားကြည့်ပြီးအပြန် ရင်ထဲမှာမီးပွားလေးတစ်ခုပေါက်ဖွားလာခဲ့တယ်။အဲ့မီးပွားလေးကသူ့ ဘဝတစ်ခုလုံးကိုပြောင်းလဲလိမ့်မယ်၊အဲလောက်အခြေအနေထိလောင်ကျွမ်းသွားလိမ့်မယ်လို့ဘယ်သူကထင်မှာလဲ။နန်းနွယ်ကိုပြောင်းလဲသွာစေတဲ့သူက..................ဇာတ်သမလေးယမင်းသူဇာ၊ တော်တော်ကိုလှတဲ့မိန်းကလေးဗျ။မျက်လုံး၊နှုတ်ခမ်း၊နှာခေါင်း အပြစ်ပြောစရာမရှိအောင်ကိုလှတာပါဗျာ။ရီလိုက်ရင် ပါးမို့မို့လေးနှစ်ဖက်ပေါ်က ပါးချိုင့်လေးကအသက်။

အဲ့လောက်လှမှတော့လည်းနန်းနွယ်စွဲမက်ရင်လည်းစွဲမက်လောက်စရာပါပဲ၊နန်းနွယ်မှမဟုတ်ပါဘူး ယောကျာ်းတော်တော်များများကြားမှာ နာမည်ကြီးတဲ့သူပေါ့။ဒါပေမဲ့နန်းနွယ် ယမင်းသူဇာလေးကိုသဘောကျတဲ့ပုံနဲ့ အခြားသောသူတွေသဘောကျတယ့်ပုံစံကတော့တော်တော်လေးကိုကွာခြားတယ်ဗျ။ယမင်းရုပ်လေးက အာရုံငါးပါးထဲမှာမှ အဆင်းနဲ့အတွေ့(အထိအတွေ့)ဆိုတဲ့အာရုံမှာထူးချွန်နေလေရဲ့။အဲတော့ယမင်းရုပ်လေးရဲ့ ကျွန်ပိုင်ရှင်ဖြစ်တဲ့ဇာတ်ဆရာသောင်းတန်ကစီးပွားရှာပါလေရော။ကျွန်တစ်ယောက်ဆိုတော့လည်းစိတ်မပါပေမဲ့ပြုမှုနေထိုင်ရတာပေါ့။သောင်းတန်ကလည်စျေးအများဆုံးပေးနိုင်တဲ့လူကိုမှယမင်းနဲ့ပျော်ပါးခွင့်ပေးတာပေးတာ။နန်နွယ်နွယ်တစ်ယောက်အခြေအနေတွေကိုသိသွားတဲ့အချိန်၊ယမင်းလေးကိုရတဲ့နည်းနဲ့ကာကွယ်ဖို့ကြိုးစားတော့တာပဲ။ယမင်းလေးရဲ့ညတွေကိုသောင်းတန်စီကနေစျေးကြီးကြီးပေးဝယ်၊ပြီးတော့ယမင်းလေးကိုမထိရက်၊မတို့ရက်နဲ့သူမအိပ်ပျက်ညတွေကိုကာကွယ်ပေးပါလေရော။

နောင် ရက်တွေကြာလာတော့ရှိသမျှစည်းစိမ်ကုန်ရလောက်တဲ့အခြေအနေတွေဖြစ်လာတဲ့အထိပဲ။အဲ.....ရင်နာစရာဇာတ်လမ်းကအခုမှစမှာ။နောက်ဆုံးဗျာယမင်းလေးကိုသူမရဲ့လက်ရှိဘဝထဲကရုန်းထွက်နိုင်အောင်အစစအရာရာကူညီပေးပြီးသောင်းတန်ဆီကပါ ဝယ်မည်ဆိုကာမှ.....
ကျွန်မမှရှင့်ကိုမချစ်နိုင်တာတဲ့...။အဲ့အပိုင်းရယ်၊နောက်ဆုံးအပိုင်းရယ်က ဖတ်တဲ့သူရင်ထဲတစ်မျိုးကြီးပဲ။ယမင်းမှာကနဂိုထဲကချစ်နေတယ့်လူရှိနေတာကို။တိုင်းပြည်ရဲ့မင်းသားတစ်ဦးဖြစ်တဲ့ သံပျင်မင်းသားဗျ။
စစ်ရေးစစ်ရာမှာကျွမ်းကျင်သလိုတိုင်ပြည်ရဲ့အရေးပါတဲ့ဂဏ္ဌမှာလည်းပါဝင်သူတစ်ယောက်။နောက်ပိုင်းယမင်းသူဇာလေးရဲ့အလှက နှစ်ပြည်ထောင်မင်းတွေစစ်ဖြစ်ရတဲ့အထိကျော်ကြားလာလေတော့တိုင်းပြည်ရတနာအသုံးတော်ခံအနေနဲ့ဝေဠုဝတီမင်းသမီးဘွဲကိုခံယူသွားတဲ့အခါနန်းနွယ်နဲ့ပိုပြီးအလှမ်းဝေးသွားခဲ့တယ်။ဒီလိုသုံးပွင်ဆိုင်အချစ်ဇာတ်လမ်းတွေမှာဆိုတစ်ယောက်ကတော့အရှုံးပေးရတာပဲမဟုတ်လား......

ဒါကအနည်းအကျင်းပဲရှိပါသေးတယ်။နန်ဆောင်ကြီးမှာနန်းနွယ်ကြောင့်ဖြစ်ခဲ့တယ့်ကျိန်စာတွေ၊ထူးခြားမှုတွေအကြောင်းကိုတော့စာဖတ်တဲ့အခါခံစားမှုလျှော့သွားမှာဆိုးလို့ကျနော်အရှည်ကြီးမပြောတော့ဘူး။အချစ်ဆိုတာထက်ပိုတယ့်ရသနဲ့သုတတွေကိုလည်းဆရာသိုးဆောင်းကထည့်သွင်းပုံဖော်ထားတယ်။ပုဂံမနူဟာဘုရားကမနူဟာမင်းကြီးရဲ့စိတ်ခံစားမှုကိုကိုယ်စားပြုတဲ့အကြောင်း၊အရာရာမှာဘက်ညီမှုဆိုတာအရေးကြီးတဲ့အကြောင်း၊စကားလုံးတွေကစွမ်းအားကြီးတဲ့အကြောင်း၊အရောင်တွေကလူ့စိတ်ကိုပြောင်းလဲပေးနိုင်တဲ့အကြောင်းနှင့်အရောင်နဲ့အလင်းဆက်စပ်မှုအကြောင်းတွေကိုသုတအနေနဲ့ထည့်သွင်းထားပြီးတော့၊ရသအနေနဲ့လူ့သဘာဝစရိုက်တွေကိုပေါ်ပေါ်လွင်လွင်ထောက်ပြထားတယ့်စာအုပ်ကောင်းလေးတစ်အုပ်ဖြစ်တဲ့အတွက်recommendပေးလိုက်ပါတယ်ခင်ဗျာ။ဆရာသိုးဆောင်းရဲ့ masterpiece တစ်ခုဖြစ်တဲ့အတွက်စာအုပ်ဖတ်ပြီး ရင်ထဲတော့ ဟာတာတာကြီးကျန်ခဲ့လိမ့်မယ်။စာဖတ်တယ်ဆိုတာစာအုပ်ကိုသေချာကိုင်ပြီးဖတ်ရမှတကယ့်အနှစ်သာရလို့ကျနော်ကတော့ထင်တာပဲ။စာရေးဆရာကိုလည်းအားပေးရာရောက်တယ်ထင်လို့ပါခင်ဗျာ့။
#သိုးဆောင်း
#အကြင်သူသည်