ရေသေအိုင်

( 4 မှတ်ချက်)

8500 (ကျပ်)

– စာအုပ်လေးရဲ့အဖွင့်စာမျက်နှာမှာတင် စာဖတ်သူကိုအထူးဆွဲဆောင်မယ့်ဘဝသရုပ်ဖော်စာအုပ်ကောင်းပဲဖြစ်ပါတယ်။
– သူငယ်ချင်းလေးယာက်ရဲ့ဘဝဖြတ်သန်းမှု၊ခံယူချက်၊အတွေ့အကြုံနှင့်နှလုံးသားခံစားမှုများကို ရသမြောက်စွာရေးဖွဲ့ထားပြီး လက်တွေ့ဘဝကို ထင်ဟပ်စေမယ့်ဇာတ်အိမ်အဖွဲ့များကြား ဆွတ်ပျံ့လွမ်းမောဖွယ်ဖတ်ရှုရမယ့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။
– ဘဝကိုကြိုးစားဖြတ်သန်းနေသော ခေတ်လူငယ်များနှင့် လက်တွေ့ဘဝထဲမှ လောကဓံအကြောင်းမြင်သိခံစားလိုသူတို့အတွက် လက်မလွှတ်သင့်တဲ့စာအုပ်လေးဖြစ်ပါတယ်

 

စာမျက်နှာ

228

စာအုပ်အရွယ်အစား

5.5 x 0.4 x 8.2

ပုံနှိပ်မှတ်တမ်း

ငါတို့စာပေ၊ 2019 ဇူလိုင်လ (ပ-ကြိမ်)

စျေးနှုန်းအပြောင်းအလဲ

23.7.2026 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 8500 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။

2 in stock

ရေသေအိုင် အား ဝေဖန်သုံးသပ်မှု 4 ရှိပါသည်။

  1. Aye Mya Hpoo

    ပါပီယွန်လို ပြောရရင်တော့
    လင်းခါးဆိုတဲ့လူကြီး မကောင်းဘူးဆိုပြီး ပြောပစ်ချင်တော့တယ်။စာအုပ်အစမှာကတည်းက မဖြစ်ရသေးတဲ့ မျှော်လင့်ချက်ကို နိဂုံးဆိုတဲ့ စာမျက်နှာနဲ့ သတ်ထားတယ်။စာအုပ်ဖတ်နေစဥ်အတွင်းမှာ မျှော်လင့်ချက်တွေ တောက်လျှောက်ပြန်ပျိုးတယ်။ဒီနိဂုံးပြန်ပြောင်းသွားမှာပါဆိုပြီးတောင် တွေးလာတဲ့အထိပျိုးတယ်။နောက်ဆုံးမှာ မျှော်လင့်စရာမရှိတော့အောင် ပြန်ရိုက်ချိုးသွားတယ်။

    ဒီစာအုပ်ဖတ်ပြီး ပတ်၀န်းကျင်က လူနေမှုဘ၀တွေမြင်လာတယ်။
    အာဏာရှင်တွေရဲ့ ပြောမပြနိုင်လောက်အောင် ချမ်းသာကြွယ်၀မှုတွေ မြင်လာတယ်။
    လယ်မြေတွေသိမ်းပြီး ဓာတုစက်ရုံဆောက်၊ အဲ့ဒီက လူတွေကို ဖြည်းဖြည်းချင်းသတ်မယ့် ဓာတ်ငွေ့တွေ ပြန်ထွက်လာတာတွေ မြင်ရတယ်။
    လူအချင်းချင်း ရာထူးမြင့်ရင်မြင့်သလောက် လက်အောက်ငယ်သားအပေါ် ကျွန်ဆန်ဆန်ပြောဆို ခိုင်းစေမှုတွေ မြင်ရတယ်။
    စသဖြင့်ပေါ့ အခြေခံလူတန်းစားဘ၀တွေ …
    ဒီစာအုပ်မှာ အထူးခြားဆုံးက သူငယ်ချင်းသံယောဇဥ်လေးပဲ။
    ယောက်ျားလေး လေးယောက်ရဲ့ ငယ်ဘ၀ ပင်ပန်းဆင်းရဲမှု ပုံရိပ်တွေ၊ပျော်ရွှင်စရာလေးတွေ။ခိုင်မြဲလွန်းတဲ့
    သံယောဇဥ်ကြိုးတွေ။
    ယောက်ျားလေးတွေရဲ့ သဘောသဘာ၀တွေ။
    နောက်ဆုံး သူတို့ရဲ့ အရွယ်မတိုင်ခင် နေ၀င်သွားကြရတဲ့ ဘ၀တွေ။

    မနေ့ညက ဖတ်ရင်းကို ယူကြုံးမရ ငိုရတာ။
    ဖတ်ရင်းစဥ်းစားမိတာက
    သတိမထားမိလိုက်တဲ့ သေခြင်းတရားအကြောင်းကိုပေါ့။
    မနက်ဖြန်မှာဒါမှမဟုတ် အခုများ ကျွန်တော်ချစ်ရတဲ့ လူတွေထဲက တစ်ယောက်ယောက်ကို ဆုံးရှုံးရရင်ဆိုတဲ့ အတွေးပေါ့။
    ကျန်ခဲ့တဲ့လူက ဘယ်သူဖြစ်ဖြစ် နောင်တနဲ့ မကျန်ခဲ့စေချင်တော့ဘူး ဆိုတဲ့အတွေးပေါ့။
    အထူးသဖြင့် ကိုယ် နောင်တမရချင်တာပဲ။

    ဒါ့ကြောင့် ကိုယ့်ကိုယ်ကို အသေးအဖွဲကအစ ပြင်နေတယ်။
    ဥပမာ .. မနက်ပိုင်း မေကြီးနဲ့ စျေးလိုက်ရရင် စောလို့ မထဘဲ မနေတော့ဘဲ စျေးလိုက်ပြီး ထီးဆောင်းပေး စျေးခြင်းကူသယ်ပေးတာမျိုးလိုပေါ့။

    သေချာတာတော့ မသိလိုက်တဲ့ ကွဲကွာခြင်းတွေမှာ မလုပ်ပေးလိုက်ရလေခြင်းဆိုပြီး နောင်တနဲ့ မရှင်သန်ချင်တော့တာပဲ။

  2. May Yoon

    စာအုပ်လဲပြီးသွားရော ကိုယ့်အနားမှာရှိတဲ့ ကိုယ်ချစ်ရတဲ့သူတွေက အချိန်မရွေးပျောက်ကွယ်သွားနိုင်တယ်ဆိုတာကိုသိလာပြီး အတူရှိကြတုန်းမှာ ပိုချစ်ပေးဖို့ကိုအလေးအနက်ထားတွေးမိလာတယ် မိသားစုတွေကိုလဲပိုအချိန်ပေးဖြစ်သွားတယ်
    ဖတ်စေချင်တယ်

  3. Kaung Myat Thi (verified owner)

    စာရေးဆရာရဲ့ သရုပ်ဖော်မှုတွေက ပီပြင်လွန်းတာမလို့ ဖတ်စေချင်တယ်

  4. Tommy

    အဓိကဇာတ်ကောင်အကြောင်းနဲ့သူငယ်ချင်း၃ယောက်အကြောင်းကိုလက်တွေ့ကျကျ လူငယ်ဆန်ဆန်ရေးသားထားတဲ့စာအုပ်ကောင်းတစ်ခုပါ ဖတ်ကြည့်လိုက်တာနဲ့တင် မြို့ကြီးတွေမှာ‌‌လိုမဟုတ်ဘဲတောင်တွေတန်းတွေရှိတဲ့နေရာတစ်ခုရဲ့အကြောင်းအပါအဝင် အာဏာရှင်လူကြီးတွေရဲ့ပိုင်ဆိုင်မှုတွေ၊ သူများမြေပေါ်အတင်းအဓမ္မယူပြီးတည်ဆောက်ဒုက္ခပေးနေတဲ့အကြောင်းတွေပါဖတ်ရမှာပါ စာပေမြတ်နိုးသူတိုင်းဖတ်ရှုသင့်ပါတယ်

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

လင်းခါး စာအုပ်များ