ဖန်ပုလင်းထဲက အသည်းကွဲပုစဉ်းပျံ
4000 (ကျပ်)
ယခု၀တ္ထုသည် ၁၉၉၆ ကနေ ၂၀၀၀ခုနှစ်အတွင်း ဆယ့်ခြောက်နှစ်တောင်မပြည့်သေးတဲ့ ဆယ်ကျော်သက်ချာတိတ်ကလေးတစ်ယောက်ရဲ့ အကြောင်းဖြစ်ပါတယ်။ ဒါပေမယ့် အသက်ဆယ့်ရှစ်နှစ်အောက်တွေဖတ်ဖို့ အဆင်မပြေပါဘူး။ ညစ်ညစ်ပတ်ပတ်ဆဲတာတွေ၊လိင်ပိုင်းဆိုင်ရာ အရေးအသားများပါဝင်ပါတယ်။ ဒီ၀တ္ထုဟာ ကလေးဘ၀၊ ကလေးဘ၀ ဆယ်ကျော်သက်ဘ၀ရဲ့ လိင်ပိုင်းဆိုင်ရာ ခံစားမှု၊ အတတ်ဆန်းချင်မှု၊ အတွေ့အကြုံ၊ နောက်ပြီး အခြားသော ကိစ္စများနှင့် ဆယ်ကျော်သက်လေးတစ်ယောက်ရဲ့ လူမှုဘ၀ဇာတ်လမ်းဖြစ်လာပါတယ်။
ဒီ၀တ္ထုကိုဖတ်ကြည့်တဲ့အခါ ခင်ဗျားတို့ရဲ့ ငယ်ဘ၀ကို၊ဒါမှမဟုတ် ငယ်ဘ၀ရဲ့ သူရဲကောင်း အစ်ကိုကြီးတစ်ယောက်ကို သတိရသွားစေမယ်ဆိုရင် ကျနော် စာမျက်နှာတွေအများကြီး ကျုံးရုန်းရေးရကျိုးနပ်တာပေါ့။ ဒါ့အပြင် အထူးခံစားချက်ကတော့ ငယ်ဘ၀ရဲ့ အချစ်ဇာတ်လမ်းကလေးတစ်ခုပါပဲ။
စာမျက်နှာ | 172 |
---|---|
စာအုပ်အရွယ်အစား | 5.2 x 0.4 x 8.3 inches |
ပုံနှိပ်မှတ်တမ်း | ကိုလတ်စာပေ၊ 2021 ဇန်နဝါရီလ (ပ-အကြိမ်) |
56 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ