ဖန်ပုလင်းထဲက အသည်းကွဲပုစဉ်းပျံ
11000 (ကျပ်)
ယခု၀တ္ထုသည် ၁၉၉၆ ကနေ ၂၀၀၀ခုနှစ်အတွင်း ဆယ့်ခြောက်နှစ်တောင်မပြည့်သေးတဲ့ ဆယ်ကျော်သက်ချာတိတ်ကလေးတစ်ယောက်ရဲ့ အကြောင်းဖြစ်ပါတယ်။ ဒါပေမယ့် အသက်ဆယ့်ရှစ်နှစ်အောက်တွေဖတ်ဖို့ အဆင်မပြေပါဘူး။ ညစ်ညစ်ပတ်ပတ်ဆဲတာတွေ၊လိင်ပိုင်းဆိုင်ရာ အရေးအသားများပါဝင်ပါတယ်။ ဒီ၀တ္ထုဟာ ကလေးဘ၀၊ ကလေးဘ၀ ဆယ်ကျော်သက်ဘ၀ရဲ့ လိင်ပိုင်းဆိုင်ရာ ခံစားမှု၊ အတတ်ဆန်းချင်မှု၊ အတွေ့အကြုံ၊ နောက်ပြီး အခြားသော ကိစ္စများနှင့် ဆယ်ကျော်သက်လေးတစ်ယောက်ရဲ့ လူမှုဘ၀ဇာတ်လမ်းဖြစ်လာပါတယ်။
ဒီ၀တ္ထုကိုဖတ်ကြည့်တဲ့အခါ ခင်ဗျားတို့ရဲ့ ငယ်ဘ၀ကို၊ဒါမှမဟုတ် ငယ်ဘ၀ရဲ့ သူရဲကောင်း အစ်ကိုကြီးတစ်ယောက်ကို သတိရသွားစေမယ်ဆိုရင် ကျနော် စာမျက်နှာတွေအများကြီး ကျုံးရုန်းရေးရကျိုးနပ်တာပေါ့။ ဒါ့အပြင် အထူးခံစားချက်ကတော့ ငယ်ဘ၀ရဲ့ အချစ်ဇာတ်လမ်းကလေးတစ်ခုပါပဲ။
| စာမျက်နှာ | 240 (Burma Paper) |
|---|---|
| စာအုပ်အရွယ်အစား | 5.6 x 0.5 x 8.2 inches |
| ပုံနှိပ်မှတ်တမ်း | စာရိပ်မြိုင်စာပေ၊ 2025 ဖေဖော်ဝါရီလ (တတိယအကြိမ်) |
5 in stock







min khant htal –
ကျွန်တော်အရမ်းကြိုက်ခဲ့ရတဲ့စာအုပ်လေးဆိုလည်းမမှားဘူး
ဟန်နီမင်းလွင် လေးကိုသနားတယ်
ဒီစာအုပ်ကကျွန်တော့်အတွက်တော့အမှတ်တရတွေကိုပြန်ခေါ်ဆောင်စေတယ်
Heather Moe –
ဒီစာအုပ်လေးကို ဆယ်ကျော်သက် ကောင်လေးတစ်ယောက်အနေနဲ့ အတူတူပေါင်းသင်းတဲ့ သူ့သူငယ်ချင်းတွေအကြောင်း ဆက်စပ်ပြီးပဲ ဖတ်ရမယ်ထင်နေတာ ဘယ်ဟုတ်မလဲ ဖတ်လို့ ပြီးခါနီးကျမှ ဟောတော် ဆိုပြီး ကိုယ်ပါအံ့ဩပြီး ငိုလိုက်ရတာ🥲 ဆိုင်ထိုင်ရင်းဖတ်တာဆိုတော့ လူမိမှာလည်းစိုးရသေးတယ်