စမ်းရေကြည်နု

( 2 မှတ်ချက်)

3500 (ကျပ်)

စာမျက်နှာ

239

စာအုပ်အရွယ်အစား

5.6 x 0.5 x 8.2 inches

ပုံနှိပ်မှတ်တမ်း

ငါတို့စာပေ၊ 2020 ဇွန်လ၊ (ပ-အကြိမ်)

4 in stock

စမ်းရေကြည်နု အား ဝေဖန်သုံးသပ်မှု 2 ရှိပါသည်။

  1. Thidar Htwe

    #စမ်းရေကြည်နု
    #လင်းခါး
    ခေါင်းစဉ်လေးဖတ်ပြီး ဇာတ်လမ်းလေး အေးချမ်းမယ် ထင်ခဲ့ပေမယ့် တကယ်ဖတ်မိတဲ့အခါ ဇာတ်လမ်းထဲက ဘဝတွေက လက်တွေ့ဆန်ပြီး ပူလောင်လှတယ်။ အဓိကဇာတ်ကောင်ကတော့ ဦးကြည်နုပေါ့။ ကလေးနှစ်ယောက်မိခင်လည်းဖြစ် နှစ်လင်ကွာလည်းဖြစ်တဲ့ ညိုမာကို မငြိုငြင်ဘဲ “ကိုယ့်အချစ်နဲ့အရာရာကို အကောင်းတိုင်းဖြစ်စေရမယ်”ဆိုတဲ့ ဦးကြည်နု။ မယားရဲ့စေခိုင်းချက်အတိုင်း ကိုယ့်ကိုကိုယ် တကယ်ရူးလားမရူးလားပင် မသိတော့တဲ့ ဦးကြည်နု အပြင် သီသီမေ၊သံချောင်း၊ဝင့်ဝါစသည့် တခြားဇာတ်ကောင်တွေရဲ့ ဘဝပေါင်းစုံ စရိုက်ပေါင်းစုံကို စမ်းရေလမ်းလေးထဲမှာ တွေ့နိုင်တယ်။ ကိုယ့်မှာ ဇာတ်လမ်းလေးဖတ်ပြီး သနားပေမယ့် စာရေးဆရာရဲ့ အရေးအသားကြောင့် ပြုံးမိသေးတယ် (ဝင့်ဝါရဲ့ကလေးခုနစ်ယောက် အသားအရောင်၇ရောင် တန်းစီထားလိုက်ရင် မိုးရွာပြီး မြင်ရတဲ့ သက်တံ့လိုဘဲ) ဆိုတာမျိုးလေး
    တကယ်ဖတ်လို့ကောင်းပါတယ် (ငိုရတာကလွဲလို့?)

  2. အရှင်ပညိဿရ

    #စမ်းရေကြည်နု……
    ________________

    ကြည်နု…….။

    မွေးလာကတည်းက အဖေ၊အမေတွေက မလိုချင်လို့ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းရဲ့ တံခါးပေါက်ဝမှာ စွန့်ပစ်ခြင်း ခံထားရသူ။

    ဘုန်းတော်ကြီးက မြင်တွေ့ကောက်ယူပြီးကျွေးမွေးပြုစုစောင့်ရှောက်တဲ့အပြင်
    ရေးတတ်ဖတ်တတ်အောင် ပညာလည်းသင်ပေး(ကိုရင် ၂-နှစ်ဝတ်ပေး)ခဲ့လို့သာ ဘဝအစပိုင်း ခဏလေးမှာ အဆင်ပြေခဲ့ရင်း ကြီးပြင်းလာရသူ။

    အလုပ်လုပ်နိုင်တဲ့အရွယ်ရောက်လာတော့ ဘုန်းကြီးကျောင်းမှထွက်ကာ ဆန်အိတ်စတဲ့ အလေးအပင်တွေကို ထမ်းရတဲ့ ကုန်တင်၊ကုန်ချ၊အထမ်းသမားဘဝနဲ့ ဘဝတစ်ဆစ်ချိုး ပြောင်းလဲခဲ့ရသူ။

    တစ်နေ့တော့ ကားသမားတစ်ယောက်နဲ့ရင်းနှီးပြီး ပထမဦးဆုံး ကားစပယ်ယာအဖြစ်နဲ့ တခြားမြို့တစ်မြို့ကို သွားကြတဲ့အခါ ပထမဆုံးလုပ်တဲ့အခေါက်မှာတင် ထမင်းဆိုင်မှာ ထမင်းစားနားရင်း အိပ်ပျော်သွားလို့ သူတို့ကားက ဘယ်အချိန်ထွက်သွားမှန်းမသိတာနဲ့ အဲဒီမြို့မှာပဲ သောင်တင်ကျန်ရစ်ခဲ့ရသူ။

    အလုပ်မရှိ တစ်ကောင်ကြွက်ဘဝနဲ့ အထမ်းသမားအလုပ် လုပ်ကိုင်ရင်း (သူကျွမ်းကျင်တာဆိုလို့ ကုန်ထမ်းတဲ့အလုပ်ပဲ ရှိတာမို့) ထမင်းဆိုင်မှာ အမြဲ ထမင်းစားဖြစ်ကာ ဆိုင်ရဲ့စာပွဲထိုး ကလေး၂-ယောက်အမေ ညိုမာနဲ့ဖူးစာရေစက်ဆုံပြီး မိသားစုဘဝကို အတူထူ‌ထောင်ရှေ့ဆက်ခဲ့သူ။

    ညိုမာရဲ့ကလေး ၂-ယောက်ကိုလည်း သူ့ကလေးလို သဘောထားလို့ သူတတ်နိုင်တဲ့ ကုန်တင်၊ကုန်ချအလုပ်တွေ လုပ်ပြီး မိသားစုကို စောင့်ရှောက်လုပ်ကျွေးခဲ့သူ။

    ညိုမာနဲ့ညားပြီး သူတို့ရဲ့သမီးဦး သီသီမေလေး မွေးလာတော့ သူ့ဘဝမှာ တစ်ခါမှ မခံစားဖူးတဲ့ မိဘမေတ္တာဆိုတာကို စတင်ခံစားသိရှိလာခဲ့သူ။

    သမီးလေးရပြီဆိုကတည်းက သူ့အလုပ်တွေကို ဒီထက်မက ပိုကြိုးစားရင်း အဆင်မပြေတာတွေတောင် ဂရုမစိုက်ပါဘဲ ရေစည်ရောင်း၊ရေခဲချောင်းရောင်း၊ပူစီပေါင်းအရုပ်လေးတွေလုပ်ရောင်း စတဲ့ အလုပ်တွေကို လုပ်ရင်း မိသားစုတာဝန်ကို ယူလာခဲ့သူ။

    သူ့အလုပ်က မောပန်းတာတွေမှန်သမျှ သမီးလေးကို မြင်ရတာနဲ့တင် ပျောက်ချင်းမလှပျောက်ကာ အမြဲကြည်နူးဝမ်းသာနေခဲ့သူ။

    ဒီလိုနဲ့ သိပ်မကြာခင်မှာပဲ သားလေးတစ်ယောက် ထပ်ရလာလို့ အပျော်ကြီးပျော်နေတုန်း ရောဂါကြောင့် သူတို့သားလေးကို လက်လွှတ်ဆုံးရှုံးလိုက်ရသူ။

    သားလည်းဆုံး၊ အလုပ်တွေကလည်း အရင်လို အဆင်မပြေဖြစ်လာတော့ ညိုမာရဲ့အကြံပေးချက်အတိုင်း အရူးကြီးလိုဟန်ဆောင်ရင်း တစ်မြို့လုံးပတ်ကာ တောင်းရမ်းစားသောက်ပြီး လုပ်ကျွေးခဲ့ရသူ။

    ညိုမာခိုင်းတာမှန်သမျှ တစ်ခုမကျန် လုပ်ပေးရင်း ကြီးပြင်းလာတဲ့ သမီးလေးကိုလည်း ညိုမာမသိအောင် မုန့်ဖိုး‌လေးတွေ ဖဲ့ဖဲ့ပေးလို့ ဘဝကို ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရသူ။

    မနက်တစ်ကြိမ် နေ့လယ်တစ်ကြိမ် တစ်ရက်ကို ၂-ကြိမ် အရူးသူတောင်းစားကြီးလို တောင်းရမ်းစားသောက်ရပြီး တောင်းလို့ရသမျှပိုက်ဆံအားလုံးကို ညိုမာ့ထံ အကုန်ပြန်အပ်ရသူ။

    မြို့ထဲမှာတောင်းရမ်းစားသောက်ရင်း မနက်တိုင်း ကိုစိန်လွင်ရဲ့ လက်ဖက်ရည်ဆိုင်မှာ သူလည်းလက်ဖက်ရည်ဝယ်‌သောက် ညိုမာအတွက်လည်း လက်ဖက်ရည်၊မုန့်ပါဆယ် အမြဲဝယ်ပေးခဲ့ရသူ။

    မရူးသေးခင်မှာရော ရူးပြီးချိန်မှာရော ဒီလက်ဖက်ရည်ဆိုင်‌မှာ မိုးရွာရွာ နေပူပူ မနက်တိုင်း အချိန်မှန်ရောက်လာလို့ ဆိုင်ပိုင်ရှင်နဲ့ရင်းနှီး ထို့နောက်တော့ သူ့အတွက်ဆို သီးသန့်ချန်ထားပေးတာမို့ ဒီဆိုင်လေးကပဲ သူ့အတွက် နံနက်စာ အဆင်ပြေရသူ။

    ဆိုင်ရောက်လာတိုင်းလည်း ဆိုင်ရဲ့စားပွဲထိုးလေး တင်တင်နဲ့ စလိုက် နောက်လိုက်နဲ့ ဘဝကို အဆင်ပြေသလို နေနေရသူ။ သူ့ကိုအရေးတယူ စကားလာပြောတာဆိုလို့ တင်တင်လောက်ပဲ ရှိခဲ့သူ။(ဆိုင်ပိုင်ရှင်နဲ့ စကားသိပ်မပြောဖြစ်တာလည်း ပါမယ်။)

    ဒီလိုနဲ့ သူ့သမီး သီသီမေလေး ရေနစ်သေသွားပြီးတဲ့အခါမှာတော့ ဘဝကို ဆောက်တည်ရာမရဘဲ ရူးသွပ်သွားခဲ့ရသူ (အစတုန်းက ဟန်ဆောင်ရူးတာ၊ သမီးသေမှ တကယ်ရူးသွားတာလည်း ဖြစ်ကောင်းဖြစ်မယ်လို့ဆိုတယ်)။

    သား၊သမီးတွေ မရှိတဲ့နောက်တော့ ငယ်ငယ်က ပင်ပန်းခဲ့တဲ့ ဒဏ်ရာဒဏ်ချက်တွေ၊ သူ့တစ်သက်လုံး အဖော်ပြု‌သောက်လာခဲ့တဲ့ ဆေးလိပ်ကြောင့် အမြဲတမ်းချောင်းတဟွတ်ဟွတ် ဆိုးနေရပြီး ရောဂါစွဲကပ်ခဲ့တဲ့သူ။

    ဒီကြားထဲမှာ စားပွဲထိုးလေး တင်တင်ကပါ ရူးသွားတဲ့အခါ အရူး အရူးချင်း ပြောချင်ရာတွေ ပြောကြပြီး နေ့ရက်တိုင်းကို ဆိုးရွားစွာ အသက်ဆက်ရှင်နေရသူ။

    သူ့ဘဝရဲ့ နောက်ဆုံးနေ့ရက်တွေ နီးကပ်လာတာနဲ့အမျှ ရောဂါဝေဒနာတွေကို သည်းခံနေရသူ။

    သူမအိပ်နိုင် မထနိုင်ဖြစ်နေတာတောင်မှ ပြုစုဖော် ဆေးရုံပို့ဖော် မရတဲ့ သူ့မိန်းမ ညိုမာကိုလည်း ဘာမှအပြစ်ရှာ ရန်မတွေ့နိုင်ခဲ့သူ။

    ဘေးပတ်ဝန်းကျင်က ဝိုင်းပြောအပြစ်တင်ကြမှ ညိုမာက ဆေးရုံကို ပို့ပေးတဲ့ခဏ‌လေးပဲ ဆေးရုံတက်နိုင်ခဲ့သူ။ (ဒါလည်း မကြာပါဘူး။)

    ဆရာဝန်တွေလည်း လက်လျှော့လိုက်တော့ ဆေးရုံကဆင်းလို့ အိမ်ပြန်ရောက်ပြီး အိမ်အပြင်ဘက်က ခုတင်ပေါ်မှာပဲ မစားနိုင်၊မသွားနိုင် အိပ်လို့လည်းမရ ထလို့လည်းမရ အိပ်မပျော်ဘဲ အမြဲလှဲနေခဲ့ရသူ။

    နောက်ဆုံးမှာတော့ ဒီလောကကြီးကနေ ‌ထွက်ခွာသွားရတော့မယ့်နေ့ကို သူလည်းသိတာမို့ အိပ်မရတဲ့ညတစ်ည ဝေဒနာတွေကို ခံစားရင်း လူတွေမနိုးကြသေးတဲ့ နံနက်ခင်း ၃-နာရီ‌ကျော်
    အိပ်ယာပေါ်က အားတင်းပြီးလူးလဲထကာ ဘာမှလည်းမစားရ မသောက်ရဆိုတော့ ခံတွင်းချဉ် အာသာ‌ပြေအောင်ဆိုပြီး သူ့ရဲ့အဖော်ဆေး‌လိပ်အတိုလေးကို မရမက လိုက်ရှာ မီးညှိလို့ တစ်ရှိုက်နှစ်ရှိုက် ရှိုက်လိုက်ရင်း ညိုမာနဲ့ဝေးရာ သူ့အိမ်လေးနဲ့ဝေးရာ လူတွေနဲ့ဝေးရာ (သူ့သမီး သီသီမေလေးရှိရာ) သူ့သမီးမြစ်ထဲဆင်းသွားတဲ့နေရာမှာ တစ်လှမ်းချင်း တစ်လှမ်းချင်း လှမ်းရင်း အဆုံးသတ်သွားခဲ့ရသူပါ။

    ကြည်နုအကြောင်း ပြောပြရတာနဲ့ကို အရှည်ကြီးဖြစ်နေပါပြီ။

    ညိုမာ၊သီသီမေ၊ရေခဲ၊တင်တင်၊ကိုစိန်လွင် လင်မယား၊‌ အေးကို၊ဇင်မာဦး၊
    ဦးညီပု၊ဦးပြုံးချို၊ဦးတင်‌အောင်၊ဝင့်ဝါ၊ဇော်မောင်၊ဒေါ်ဗိုလ်မ၊ဒေါ်မီမီတင်၊ကျော်ကျော် သူတို့အားလုံးဟာ သူတို့နေထိုင်ရာ ကြီးပြင်းရာ စမ်းရေလမ်းလေးထဲမှာပဲ သူ့နေရာနဲ့သူ အသားကျစွာ ရုန်းကန်ရင်း လှုပ်ရှားရင်း လောကကြီးထဲမှာ အသက်ဆက်နေကြရပါတယ်။

    သူတို့အကြောင်းကို ဒီထက်ပိုပြီးအသေးစိတ်သိချင်လျှင်တော့ ဆရာလင်းခါးရဲ့ စမ်းရေကြည်နု စာအုပ်မှာပဲ ဆက်လက်ဖတ်ပေးကြပါလို့ရေးရင်း နိဂုံးချုပ်လိုက်ရပါတယ်။

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

လင်းခါး စာအုပ်များ