အောက်မေ့ဖွယ်…သူ

( 1 မှတ်ချက်)

10000 (ကျပ်)

ဘဝကို လက်သင့်ခံလိုက်ဖို့ချည်း မဟုတ်ဘဲ
ဘဝရဲ့ အခြားနေနည်းတွေထဲ ကိုယ့်ကို
“မင်း” ဆွဲသွင်းသွားခဲ့တော့တာပဲ မဟုတ်လား။

ဘဝကို လက်သင့်ခံတာနဲ့ လက်လျှော့နေလိုက်တာလည်း
မတူသေးဘူးဆိုတာ သိစေခဲ့ရုံမက စိတ်ခွန်အားတွေကိုပါ
နိုးကြားလာစေနိုင်တဲ့သူ။

မင်းရဲ့နေနည်းထဲမှာ မင်းစုစည်းပေးတဲ့ ခွန်အားပေးတဲ့ ရှင်သန်ဆဲ။
ဒါဟာ မရဲ့ဘဝပါပဲလို့ မင်းပြောခဲ့လေတယ်။

ဝင်းဝင်းလတ်က စာရေးသူတို့ ဆွေမျိုးသားချင်းများကိုမှ မဟုတ်ပါ။ မည်သူ့ကိုမဆို အထူးသဖြင့် ငယ်ရွယ်သူများကို တစ်စုံတစ်ရာ ကြိုးစားသင်ယူလေ့လာနေဖို့ အမြဲတိုက်တွန်းအားပေးတတ်သူပါ။

သူမကွယ်လွန်ချိန်ထိ ရေးသားသော “ဘဝနှင့်အလုပ်ကို တည်ဆောက်ခြင်း” ဝတ္ထုရှည်တွင်လည်းကောင်း၊ ကတ္တီပါကားလိပ်များကြားမှာ” နှင့် အခြားဝတ္ထုတိုများ ဝတ္ထုတိုပေါင်းချုပ်တွင်လည်းကောင်း၊ ယခု “အောက်မေ့ဖွယ် သူ” လည်းကောင်း စီမံကိန်းဝန်ထမ်းဘဝနှင့် ကျေးလက်လူထုအခြေပြု ကျန်းမာရေးပညာပေးလုပ်ငန်း၊ ဖွံ့ဖြိုးရေးလုပ်ငန်းများအကြောင်း ကိုယ်တိုင်သိမြင်ခံစား ဖွဲ့နွဲ့ရေးသားသွားခဲ့ပါသည်။

​ဝင်းဝင်းလတ်သည် သူမဘဝထဲတွင် အတွေ့အကြုံများကို ယခုကဲ့သို့ ရေးဖွဲ့သွားရာမှာ သူမပြောဆိုသကဲ့သို့ လောကကို အကောင်းအမွန်တရားတွေ ပြည့်ဝစေချင်သောစေတနာများပင်..

ယခု “အောက်မေ့ဖွယ် သူ” တွင် ဝင်းဝင်းလတ်သည် ပြောင်းလဲလာသော အတွေ့အကြုံနှင့် ခံယူသိမြင်ပုံတို့ကို ဒေါက်တာမိုးကြည်ဝေဘဝတွင် ထင်ဟပ်ပေါ်လွင်စေခဲ့သည်။
– နှင်းနုအေး အမှာစာမှ ကောက်နှုတ်ဖော်ပြချက်

စာမျက်နှာ

249 (woodfree paper)

စာအုပ်အရွယ်အစား

5.3 x 0.4 x 8.2 inches

ပုံနှိပ်မှတ်တမ်း

ရွှေသစ္စာစာပေ၊ 2025 မတ်လ( တတိယအကြိမ်)

5 in stock

အောက်မေ့ဖွယ်…သူ အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Aeri Myat –

    “ဘဝက လွတ်မြောက်ဖို့ မကျင့်ကြံနိုင်သေးလို့ မလွတ်မြောက်နိုင်သေးဘူးဆိုရင်တော့ နောင်ဘဝဆိုတာ ရှိလာပါလိမ့်မယ်။အခုကျွန်တော့်ရဲ့ ဒီဘဝအလှူဟာ ကျွန်တော့်ရဲ့ ဘဝအခြေအနေအရ နောင်ဘဝတွေမှာ အကျိုးရချင်လည်း ရနိုင်မယ့် အခြေအနေပါ။ အဲ့ဒီနောင်ဘဝတွေမှာတော့ ကျွန်တော့်ကံကောင်းချင်လို့ ဒီစာသားလေးကို သုံးနေမိတာပါ။
    တကယ်သာ ဖြစ်နိုင်မယ်ဆိုရင်လို့လည်း
    ကျွန်တော်ရည်စူးပါသေးတယ်။”

    “တင်ဆောင်းဟန်”ဆိုတဲ့ လူတစ်ယောက်ကို စာဖတ်နေရင်း တကယ်ကို တွယ်ငြိမိရတယ်။ကြည်လင်တယ်၊ အေးချမ်းတယ်။သူဖြစ်ချင်တာတွေကိုလည်း ဖြစ်အောင် ကြိုးစားအားထုတ်တတ်တဲ့သူမျိုး။

    နှစ်ယောက်လုံး မြိုသိပ်ရတာတွေ များလွန်းလို့ “တင်ဆောင်းဟန်”ကိုရော “မိုးကြည်ဝေ”ကိုပါ သနားမိတယ်။

    ဖတ်ရတာလေ တကယ် အေးအေးချမ်းချမ်းလေးနဲ့ သဘောကျစရာကောင်းတယ်။

    သူ သဘောကျတဲ့ မိန်းကလေးကို ဘဝတလျှောက်လုံး ပြည့်စုံကောင်းမွန်စေချင်တဲ့ “တင်ဆောင်းဟန်”ရဲ့ စိတ်စေတနာတွေကို ခံစားမိတယ်။

    ဖတ်ပြီး မမေ့နိုင်တော့မယ့် “တင်ဆောင်းဟန်”ပါပဲ🤍

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဝင်းဝင်းလတ် စာအုပ်များ