သိပါလေစကျောင်းသွားဖော် နှင့် ကစ္စပနဒီမှဧရာဝတီသို့ ရသဝတ္ထုတိုများ

( 0 မှတ်ချက်)

5000 (ကျပ်)

အမျိုးသားစာပေဆုရ ဆရာမဝင်းဝင်းလတ်ရဲ့
ကွယ်လွန်ခြင်း (၁၇) နှစ်ပြည့် အမှတ်တရအဖြစ်
ပြန်လည်ထွက်ရှိထားသည့် ရသစာအုပ်ကောင်းတစ်အုပ်…

• ယခုစာအုပ်တွင် “စလူးရွက်ဖြူ လက်ဝယ်ကိုင်မိုးလို့” အပါအဝင် “သိပါလေစကျောင်းသွားဖော်”၊ “ကစ္ဆပနဒီမှဧရာဝတီ” သို့ စသည့် ဝတ္ထုရှည်များနှင့်အတူ အခြား ၀တ္ထုတို (၄) ပုဒ် ပါ‌ဝင်ပါတယ်။

• ” စလူးရွက်ဖြူလက်ဝယ်ကိုင်မိုးလို့” ဟာ ၁၉၇၇ဝန်းကျင် ကျွန်မနဲ့ ဘဝတူ ဆေးကျောင်းဆင်းပြီးစ သူငယ်ချင်းများရဲ့ အတွေ့အကြုံများကို စုစည်းရေးဖွဲ့ခဲ့သော ဝတ္ထုတစ်ပုဒ်ပါ။ ကျောင်းဆင်းစမှာ ရုန်းကန်နေရတဲ့ ဆရာဝန်လေတစ်ယောက်ရဲ့ ရိုးသားစွာ မဆုတ်မနစ်ရုန်းကန်လှုပ်ရှားနေပုံမြင်ကွင်းလေးကို မြင်တွေ့ချင်တဲ့ ရည်ရွယ်ချက်တစ်ခုပါပဲ ” လို့ ဆရာဟိန်းလတ်နှင့် စာပေအင်တာဗျူးတစ်ခုမှာ ဆရာမ က ပြောပြထားပါတယ်။

• “သိပါလေစကျောင်းသွားဖော် ” တွင် ၁၉၈၂ ခုနှစ် ဩဂုတ်လတွင် စစ်တွေမြို့ “အိုင်စတာ” မီးပြတိုက်အနီးမှာ ပျက်စီးနစ်မြုတ်သွားသော (M.V JOOWAH) သင်္ဘောပေါ်မှာ တာဝန်ထမ်းဆောင်နေသော မြန်မာ သင်္ဘောသားအရာရှိများနှင့် နိုင်ငံခြားသားများ အသက်ဘေးမှ သီသီလေး လွတ်မြောက်ခဲ့ရမှုနှင့် ငယ်သူငယ်ချင်းချစ်သူနှစ်ဦးရဲ့ ချစ်ဇာတ်လမ်းကို လွမ်းမောဖွယ် ဖတ်ရှုခံစားရမှာဖြစ်ပါတယ်။

• မြန်မာပြည်တွင်းက ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်များရဲ့ ဝေးလံမြို့နယ်များ၊ စီမံကိန်းများမှာ NGO ကျန်းမာရေးဝန်ထမ်းအဖြစ် ဆောင်ရွက်စဉ် ကျောင်း၊ ဆေးပေးခန်း၊ လမ်းတံတားများ တိုးတက်ကောင်းမွန်ရရှိရေး ကြိုးပမ်းခဲ့ပုံနှင့် ဒေသခံကျေးရွာသူ၊ ကျေးရွာသားတို့ရဲ့ ရင်တွင်းခံစားမှုများ၊ ဘဝနေထိုင်မှုများ ရသစုံကို “ကစ္ဆပနဒီမှဧရာဝတီသို့” ဝတ္ထုမှာ ဖတ်ရှုခံစားရမှာဖြစ်ပါတယ်။

စာမျက်နှာ

175

စာအုပ်အရွယ်အစား

5.3 x 0.3 x 8 inches

ပုံနှိပ်မှတ်တမ်း

ရွှေသစ္စာစာပေ၊ 2023 မေလ (ဒု-ကြိမ်)

3 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“သိပါလေစကျောင်းသွားဖော် နှင့် ကစ္စပနဒီမှဧရာဝတီသို့ ရသဝတ္ထုတိုများ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဝင်းဝင်းလတ် စာအုပ်များ