


ဒုတိယပင်လယ်
5000 (ကျပ်)
ဒုတိယပင်လယ်ဆိုတာက စာရေးသူမှာ ငယ်စဉ်ကတည်းက ပင်လယ်ကမ်းခြေတွင် မွေးဖွားခဲ့ပြီး အရွယ်ရောက်ချိန်မှာ ပင်လယ်ဒေသတွင် ဆယ့်ငါးနှစ်ခန့် ကျင်လည်ဖြတ်သန်းခဲ့ပြီး ထို့ကြောင့် သူကျင်လည်ဖြတ်သန်းရာ ပင်လယ်ဒေသနှင့်ပတ်သက်ပြီး ပင်လယ်၀တ္ထုများကို ရေးသားခဲ့တာဖြစ်ပါတယ်။ တကယ့်ပင်လယ်နှင့် စာရေးသူဖန်တီးထားသော ပင်လယ်၀တ္ထုများသည် အနည်းငယ်ကွာခြားမှုတော့ရှိနိုင်ပါတယ်။
စာရေးသူက ပင်လယ်ကို သူ့ချည်းသတ်သတ်မဟုတ်ဘဲ ခေတ်ပြိုင်အနေအထား၊ လူမှုဘ၀နှင့်ရောကာ ဖန်တီးရေးသားခဲ့သည်။ စာရေးသူ၏ ဝတ္ထုတိုများတွင် ပကတိပင်လယ်ကို ဖော်ပြနေသော်လည်း ဝတ္ထုဖွဲ့စည်းပုံတွင် လူ့လောကသဘာဝနှင့် ပတ်ဝန်းကျင်လောကအမြင်တို့ ယှက်နွှယ် ပါဝင်နေပါလိမ့်မယ်။ သို့ဖြစ်၍လည်း စာရေးသူက သူပြုပြင်ရေးသားထားသော ပင်လယ် ဝတ္ထုတိုများပါ ပင်လယ်ကို ‘ဒုတိယပင်လယ်” ဟု ကင်ပွန်းတပ်ထားခြင်းဖြစ်ပါတယ်။
ပထမပင်လယ်မှာ စာရေးသူ ဖြတ်သန်းရင်ဆိုင် အန်တုကျော်လွှားခဲ့ရသော ပင်လယ်ဖြစ်ပြီး ဒုတိယပင်လယ်မှာ အပြင်ကနေပြန်ကြည့်ကာ သင်ယူတွေးခေါ် ခံစားထားခြင်းပါ။ ပထမပင်လယ်တွင် အတွေ့အကြုံကနေ ပင်လယ်ကို နားလည်အောင်ကြိုးစားခဲ့ပြီး ဒုတိယပင်လယ်တွင် ပင်လယ်ကနေ လောက အမြင် အားမာန်တို့ကို ထုတ်ယူရန် အားထုတ်ထားတာကို တွေ့မြင် ဖတ်ရှုရမှာဖြစ်ပါတယ်။
| စာမျက်နှာ | 144 |
|---|---|
| စာအုပ်အရွယ်အစား | 5.5 x 0.2 x 8.1 inches |
| ပုံနှိပ်မှတ်တမ်း | စာရိပ်မြိုင်စာအုပ်တိုက်၊ 2024 ဇွန်လ (ပထမအကြိမ်) |
14 in stock
စိုးဘားဒိုင် စာအုပ်များ
-
စိုးဘားဒိုင်နှင်းသည်းလေရိုင်း
7000 (ကျပ်)Rated 5.00 out of 5 based on 1 customer rating( 1 မှတ်ချက်) -
စိုးဘားဒိုင်မိုးသက်မုန်ဆင့်
7000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
စိုးဘားဒိုင်နွေလောင်တောင်တန်း
9000 (ကျပ်)Rated 5.00 out of 5 based on 1 customer rating( 1 မှတ်ချက်) -
စိုးဘားဒိုင်ဒုတိယပင်လယ်
5000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
စိုးဘားဒိုင်တတိယလက်ရေး
6000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်)


ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ