
နှင်းသည်းလေရိုင်း
7000 (ကျပ်)
မှောင်ခိုလောက ခေတ်ကောင်းခဲ့တဲ့ ၂၀၀၀ ခုနှစ်ပိုင်းများမှာ မြီးကောင်ပေါက်စျေးကွက်လို့ ပြောကြတဲ့ ဆယ်ကျော်သက်မိန်းခလေးတွေကို မှောင်ခိုပစ္စည်း ကယ်ရီသယ်တဲ့နေရာမှာ ကုန်သည်မိန်းမကြီးတွေက အခပေး ခေါ်သုံးခဲ့ကြတယ်။ နှင်းနှင်းဖြူဟာ အဲဒီထဲက တစ်ယောက်ဖြစ်ပြီး၊ သူ့ကို ဖြားယောင်းကာ ကာမလိမ်လည်ရယူအရှက်ခွဲခဲ့တဲ့ လှေပိုင်ရှင်သမက်ကို ပင်လယ်ထဲသွားနေတဲ့လှေပေါ်မှ ဓားနဲ့ထိုးသတ်ပြီး ပင်လယ်ထဲကို ခုန်ချသွားခဲ့တယ်။
နှင်းနှင်းဖြူဟာ သေကံမရောက်ဘဲ ပင်လယ်ဓားပြတွေ ကယ်တင်သွားလို့ ဓားပြဗိုလ်ရဲ့မယား ဖြစ်သွားတယ်။ ပင်လယ်ဓားမြတွေ အခြေစိုက်တဲ့ လျှို့ဝှက်မှုတွေနဲ့ ပြည့်နှက်နေတဲ့ ကျားပါးစပ်ကျွန်းမှာနေရင်း ဓားမြဗိုလ်နဲ့သူ့လက်အောက်ငယ်သားတွေကြား ပြဿနာတက်၊ နာဂစ်မုန်တိုင်းက ကျွန်းပေါ်အထိတိုက်ခတ် စတာတွေကြုံရပြီး နှင်းနှင်းဖြူဟာ ထိုင်းနိုင်ငံရောက်၊ အဲဒီကနေ ရန်ကုန်ရောက်၊ အနှိပ်ခန်းဖွင့် ရှင်သန်ရင်း လင်သုံးယောက်ရတဲ့အထိ သူ့ဘဝဟာ သည်းထိတ်ရင်ဖိုတွေ ဆက်တိုက်ကြုံလာရတယ်။
လောကီပညာရပ်ကို နိုင်ငံရေး၊ စီးပွားရေးမှာ အသုံးချနေကြတဲ့ အသိုင်းအဝိုင်းနဲ့ ဆက်စပ်ခံလိုက်ပြီး၊ ပါတီတစ်ခုက ပြိုင်ဘက်ပါတီကို အနိုင်ရဖို့ လောကီ ပညာနဲ့ စီရင်တိုက်ခိုက်တဲ့နေရာမှာ ဘုမသိဘမသိ ပါဝင်ပတ်သက်ခဲ့ရကာ၊ ပုပ္ပါးမှာပြုလုပ်တဲ့ အဲဒီပွဲကနေ အပြန်မှာ ပရလောကသား ကားထဲပါလာပြီး ကားမှောက်မီးလောင်တာနဲ့ ကြုံရတယ်။
နှင်းသည်းလေရိုင်းဟာ ၂၀၀၆ နဲ့ ၂၀၁၅ ခုနှစ် ကာလနောက်ခံဝတ္ထုဖြစ်ပြီး၊ခေတ်ပြိုင်နိုင်ငံရေး၊ စီးပွားရေးလောက ကမောက်ကမတွေ၊ အရှုပ်အထွေးတွေ၊ ကလိမ်ကကျစ်တွေ၊ ယုတ်မာညစ်ပတ်မှုတွေနဲ့ ယက်ရှယ်ထားတဲ့ စိတ်ဝင်စားစရာ လုံးချင်းဝတ္ထုပါ။ စိတ်ထင်ရာ စိုင်းလုပ်တတ်တဲ့ နှင်းနှင်းဖြူရဲ့ ဘဝအရိုင်းနဲ့ လောကမာယာ၊ လူ့မာယာတွေအကြောင်း ရေးဖွဲ့ထားတဲ့ လုံးချင်းဝတ္ထုဖြစ်ပါတယ်။
စာမြည်းဖတ်ရန် | https://drive.google.com/file/d/1uBD4p5OjB2hC4Qkg3AVNAtOUDaVhTaD6/view?usp=sharing |
---|---|
စာမျက်နှာ | 424 |
စာအုပ်အရွယ်အစား | 5.7 × 0.7 × 8.2inches |
ပုံနှိပ်မှတ်တမ်း | ပန်းဆက်လမ်းစာပေ၊ 2021 ဒီဇင်ဘာလ (ပ-ကြိမ်) |
16 in stock
စိုးဘားဒိုင် စာအုပ်များ
-
စိုးဘားဒိုင်
နှင်းသည်းလေရိုင်း
7000 (ကျပ်)Rated 5.00 out of 5 based on 1 customer rating( 1 မှတ်ချက်) -
စိုးဘားဒိုင်
အောက်ခေါင်းကြီး
5000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
စိုးဘားဒိုင်
အောက်ခေါင်းကြီး (20% Off)
5000 (ကျပ်)4000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
စိုးဘားဒိုင်
ရေစီးကြောင်းများတဲ့ပင်လယ်
3000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်)
thar yar –
အခန်း၄၀ထိ ဖတ်ထားရသလောက်ကတော့ အရမ်းကောင်းပြီး အရမ်းစွဲလန်းစေတဲ့ ရသတစ်ခုဖြစ်မိပါတယ် ဆရာအောင်မြင်ပါစေ