နွေလောင်တောင်တန်း

( 1 မှတ်ချက်)

9000 (ကျပ်)

နွေ​နေပူမှာ ​
လောဘ၊ ​ဒေါသ ၊​ အာဏာ ၊
အကျိုးစီးပွားနဲ့ အဓမ္မကို
ရှို့ပစ်တဲ့မီးအသွင်နဲ့ ​ရောက်ရှိ​လာတဲ့ ​
နွေ​လောင်​တောင်တန်း….

◾ဆရာစိုးဘားဒိုင်ဟာ
နှင်းသည်း​လေရိုင်းဆိုတဲ့ ပထမစာအုပ်ထဲမှာ
နှင်းနှင်းဖြူဆိုတဲ့ အမျိုးသမီးဇာတ်​ကောင်ကို ပင်လယ်ဓါးမြ​တွေကြားထဲမှာ စိတ်ဝင်စားစရာ၊ စိတ်လှုပ်ရှားစရာ၊ သည်းထိတ်ရင်ဖို ဇာတ်ကွက်​တွေနဲ့အတူ ဖန်တီးပုံ​ဖော်ထားတယ်။

◾မိုးသက်မုန်ဆင့်ဆိုတဲ့ ဒုတိယစာအုပ်ထဲမှာ​တော့
ကျားပါးစပ်ကျွန်းဆိုတဲ့ ​နေရာတစ်ခုမှာ အခြား​​သော ဇာတ်​ကောင်​တွေနဲ့အတူ အဖွဲ့သား​တွေကြားက အခဲမ​ကြေမှု၊ ​လောကီပညာအသုံးချ စီးပွား​ရေး​လောကနှင့် အာဏာ​လောကထဲက ​ခြေရှုပ်မှုများကို ဇာတ်ရှိန်တက်အောင် ခြယ်မှုန်းထားပြန်တယ်။

◾​နွေ​လောင်​တောင်တန်းက​တော့ တတိယအုပ် ဇာတ်သိမ်းပိုင်းပဲဖြစ်ပါတယ်။ ဒီစာအုပ်ထဲကျားပါးစပ်ကျွန်း​ပေါ်က လျှို့ဝှက်ချက်တစ်ခုနဲ့အတူ ပရ​လောကသား​တွေ ပါဝင်လာပြီး တိုက်ခိုက်မှု​တွေ ၊ အစီအရင်​တွေ၊ သည်းထိတ်ရင်ဖို အဖြစ်အပျက်​တွေဟာ ပိုမိုပြင်းထန်လာခဲ့တယ်။ အဲဒီလိုနဲ့ နွေလောင်တောင်တန်းဟာစိတ်ဝင်စားဖွယ် ရင်သိမ့်တုန်ဖတ်ရဖို့ ဖြစ်လာခဲ့တော့တယ်။ ပထမအုပ်နဲ့ဒုတိယအုပ်တွေထဲက အချိတ်အဆက်တွေ၊သဲလွန်စတွေ၊အဆက်အစပ်တွေဟာလည်း ဇာတ်သိမ်းပိုင်းမှာ ရှင်းလင်းထွက်ပေါ်လာပါတယ်။

စာအုပ်အရွယ်အစား

5.5 × 0.5 × 8.3 inches

ပုံနှိပ်မှတ်တမ်း

ပန်းဆက်လမ်းစာပေ၊ 2023 မတ်လ (ပထမအကြိမ်)

52 in stock

နွေလောင်တောင်တန်း အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Khin Thida Htaik

    ဆရာစိုးဘားဒိုင်ရဲ့ နွေ၊မိုး၊ဆောင်း သုံးရာသီနဲ့ထွက်ထားတဲ့ စာအုပ်တွေရှိပါတယ်။အဲဒါတွေ
    ကတော့ နှင်းသည်းလေရိုင်း၊ မိုးသက်မုန်ဆင့်နဲ့
    နွေလောင်တောင်တန်းဆိုတဲ့ စာအုပ်သုံးအုပ်ပါပဲ။
    ကျွန်မက နှင်းသည်းလေရိုင်းကို ဇန်နဝါရီလ ၂၀၂၂မှာစဖတ်ခဲ့ပါတယ်။ စဖတ်ဖတ်ချင်းမှာပဲ “လူမှားသတ်မိတဲ့ကွင်းဆက်တစ်ခုကနေ”စထားတာမို့စိတ်ဝင်တစားနဲ့တောက်လျှောက်ဖတ်ဖြစ်ခဲ့တယ်။သံယောဇဥ်တွယ်မိတဲ့သူကတော့နှင်းနှင်းဖြူဆိုတဲ့၁၆၊၁၇အရွယ်ဇာတ်ကောင်လေးပေါ့။
    တစ်ခါ၊သူ့ရဲ့အဆက်ဖြစ်တဲ့”မိုးသက်မုန်ဆင့်”ကိုတော့ နှင်းသည်းလေရိုင်းဖတ်အပြီး၊၆လအကြာ၊ဇူလိုင် ၂၀၂၂မှာ ဖတ်ဖြစ်ပါတယ်။အဲသည်လောက်အချိန်ကြာသွားပေယ့်လည်း၊နှင်းနှင်းဖြူတို့၊ဦးတောင်ပုံ၊ဦးတောင်တန်းတို့၊
    မောင်သက်မင်လေးတို့ကိုမေ့မသွားခဲ့ပါဘူး။
    မိုးသက်မုန်ဆင့်မှာတော့မောင်သက်မင်လေးရဲ့
    အကြောင်းကအများဆုံးပေါ့လေ။သုံးနှစ်သားအရွယ်မောင်သက်မင်ကလေးကိုလင်းပိုင်ကလေးကယ်တင်ခဲ့တဲ့ပုံရိပ်လေးကိုလည်း
    ချစ်ခဲ့ရတာပဲ။ဒါတွေကိုလည်းခုထိမမေ့ခဲ့ပြန်ဘူး။
    အခုနောက်ဆုံး “နွေလောင်တောင်တန်း”ကိုတော့ မနှစ်ကတည်းက ဖတ်ခဲ့တာ။ဒါပေမယ့်၊
    စိတ်ဝင်စားတာတွေများပြီးစာအုပ်ဆီပြန်မလှည့်နိုင်ခဲ့ဘူး။ဆိုပါတော့ စာအုပ်ထဲမှာ”ရွှေရင်ကျော်”ဂိုဏ်းအကြောင်းပါလာပြီဆိုရင် ကျွန်မကစိတ်ဝင်စားသွားပြီး စာအုပ်ဘေးချပြီး၊လိုင်းပေါ်ကနေ ရွှေရင်ကျော်နဲ့ပတ်သတ်သမျှအချက်အလက်တွေလိုက်ဖတ်လိုက်တာ တစ်နေကုန်ရော။
    တစ်ခါ”မြေပုံတင်တယ်”ဆိုတဲ့စကားလုံးတွေ့တဲ့အခါလည်းဒီလိုပဲ။ လိုက်ရှာမိပြန်ရော။ဖိုလ်ထိုးတဲ့အကြောင်းပါလာပြန်တော့လည်း အဲဒါတွေ
    စိတ်ဝင်စားဟိုဂရု၊ဒီဂရုရောက်ဖြစ်ပြန်သေးတယ်။သွပ်ဘယ်နှစ်ဆ၊ဘာဘယ်နှစ်ဆရောရင်
    ရွှေဖြစ်တယ်တို့ဘာတို့ဖတ်ရင်းနဲ့ဖိုလ်ထိုးချင်စိတ်ပါပေါက်သွားပြန်ရော
    ရွာလည်ပုံများပြောပါတယ်😅

    အဲဒါနဲ့ပဲ
    ၂၀၂၃ကတည်းက ဖတ်လာခဲ့တဲ့”နွေလောင်တောင်တန်း” ဟာ ၂၀၂၄အထိရောက်သွားတယ်ဆိုပါတော့လေ။
    နွေလောင်တောင်တန်းဆိုတဲ့အတိုင်း ဦးတောင်တန်းနဲ့ အစပြုထားပါတယ်။ရှေ့နှစ်အုပ်မှာပါခဲ့ကြတဲ့ ဦးမထီတို့၊ဆရာကြီးတို့ကိုလည်း
    ပြန်တွေ့ရပါတယ်။သည်တော့၊ကျားပါးစပ်ကြီး
    ကလည်းပါလာရပြန်တာပေါ့။
    ဆရာက ဒီစီးရီးစ်ထဲမှာပါတဲ့”နှင်းနှင်းဖြူ”က
    အပြင်မှာတကယ်ရှိတဲ့ဇာတ်ကောင်လို့ပြောထားတာမို့၊သူ့အကြောင်းတွေဖတ်ရရင်၊စိတ်ဝင်တစားနဲ့ကိုဖတ်ဖြစ်တယ်။ထည့်မဖြစ်လို့ချန်ခဲ့ရတဲ့
    အကြောင်းအရာတွေလည်းရှိတယ်ဆိုတာကြောင့် မချင့်မရဲလည်းဖြစ်ရပါတယ်။
    ဘာပဲဖြစ်ဖြစ်၊မကောင်းတဲ့သူတွေကတော့
    မကောင်းတဲ့လမ်းတိုင်းသွားကြရတာပဲမို့
    ဇာတ်သိမ်းကိုတော့သက်ပြင်းတချချနဲ့ဖတ်ဖြစ်ခဲ့ရပါတယ်။
    စာအုပ်သုံးအုပ်စလုံးက စာမျက်နှာတွေအများကြီးနဲ့အထူကြီးတွေမို့၊ပျင်းစရာကောင်းလိမ့်မယ်လို့ထင်နိုင်ပါတယ်။ဒါပေမယ့်၊တကယ်ဖတ်ကြည့်တဲ့အခါ၊စိတ်ဝင်စားဖို့ကောင်းပါတယ်။စာအုပ်တွေထဲမှာ ဂမ္ဘီရဆန်ဆန်အဖြစ်အပျက်တွေပါတယ်၊စိတ်ဝင်စားစရာ ရေလမ်းခရီးတွေပါတယ်၊
    (ဆရာက မြိတ်၊ထားဝယ်ဘက်ကသူမို့ထင်ရဲ့၊
    ပင်လယ်ကမ်းခြေဒေသတွေ၊ရေလမ်းခရီးတွေ
    ၊သံလိုက်အိမ်မြှောင်တွေသုံးပြီး မြေပုံတင်တဲ့ကိစ္စတွေနဲ့ပတ်သတ်ရင်ဗဟုသုတစုံစုံနဲ့ တော်တော်ဖတ်ချင်စဖွယ်ဖြစ်အောင်ရေးနိုင်တယ်။ဒါကြောင့်လည်းဆရာငြိမ်းအေးအိမ်က “ရေပိုင်မြေပိုင်စိုးဘားဒိုင်”ရယ်လို့ချီးကျူးတာထင်ပါရဲ့)
    လောဘဒေါသမောဟတွေနဲ့တည်ဆောက်ထားတဲ့လူ့သဘာဝ၊လူ့မေနာအကြောင်းတွေပါတယ်။ ဒါကြောင့်၊ဖတ်ရတာ စိတ်ဝင်စားဖို့ကောင်းတယ်ပြောတာပါ။
    အကယ်၍များဒီစီးရီးစ်ကိုစိတ်ဝင်စားလို့ဖတ်ချင်တယ်ဆိုရင် “လှိုင်းကြည်ဖြူရဲ့ပင်လယ်”
    ကနေစဖတ်ဖို့အကြံပေးချင်ပါတယ်။တစ်အုပ်ချင်းဖတ်လည်းရပေမယ့်၊အစဥ်လိုက်ဖတ်ရင်တော့ဘာ့ကြောင့်ဘယ်လိုဖြစ်သွားကြသလဲဆိုတဲ့ကွင်းဆက်ကိုထိထိမိမိရမှာမို့ပါ။

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

စိုးဘားဒိုင် စာအုပ်များ