အာရုံမများပါနဲ့

( 0 မှတ်ချက်)

15000 (ကျပ်)

◉ ဒီစာအုပ်က ဘာကိုမှ ဂရုမစိုက်ဖို့အကြောင်း အများကြီးပြောထားတဲ့ အရေးမပါတာကို အဖက်မလုပ်ခြင်းဆိုင်ရာ အကြံပြုလမ်းညွှန်စာအုပ်ဖြစ်ပါတယ်။

◉ သူများအတွေး လိုက်တွေး၊ သူများအမြင် လိုက်ထင်၊ သူများအလုပ် လိုက်လုပ်ပြီး ကိုယ့်ဘဝနဲ့ကိုယ် ရှင်သန်နေပါလျက်နဲ့ သူများအကြောင်း ကိုယ့်အကြောင်းလုပ်ပြီး ပူလောင်နေမိတတ်ကြတဲ့သူတွေအတွက် ရည်ရွယ်ပြီး ရေးထားတဲ့ စာအုပ်ဖြစ်ပါတယ်။

◉ အရေးမပါတဲ့ အကြောင်းကိစ္စတွေကို အရေးတယူလုပ်မိလို့ အပူများနေရပြီး၊ ရတက်မအေးနိုင်ကြတဲ့ အူကြောင်ကြားတွေအတွက် ရည်ရွယ်ပြီး ရေးထားတဲ့ စာအုပ်ဖြစ်ပါတယ်။

◉ မလေးစားတဲ့သဘော မဟုတ်ပေမဲ့ တချို့အမှန်တရားတွေက မှန်နေသည့်တိုင် လက်ခံဖို့ရာ ခဲယဉ်းပါတယ်။ ကိုယ့်အကြောင်းနဲ့ကိုယ်သာဆိုတော့ မတတ်နိုင်ပါဘူး။ ဒီစာအုပ်ကြောင့် အာရုံများသွားရတယ်ဆိုရင်တော့ ကိုယ့်အကြောင်းနဲ့ကိုယ် ဖြစ်သွားပါပြီ။

◉ ကိုယ့်ပူလောင်မှုကို သူများအပေါ် တမင်ကူးစက်အောင်လုပ်ပြီး၊ အာရုံပေးရတဲ့အပေါ် ကြိတ်ကျေနပ်နေတတ်တဲ့ လူပါးဝသူတွေဖြစ်နေရင်တော့ ဒီစာအုပ်ထဲက အကြောင်းအရာတွေက ထိပါးစော်ကားနေသလို၊ စောင်းမြောင်းနေသလို ဖြစ်ချင်ဖြစ်နိုင်ပါတယ်။

ဒီစာအုပ်ထဲမှာ
❖ အရေးမပါတာတွေကို ဂရုမစိုက်ဘဲနေတဲ့နည်း
❖ ခပ်ပေပေ ခပ်ချေချေ ခပ်တည်တည်နေတဲ့နည်းတွေ
❖ မသိချင်ယောင်ဆောင်ပြီး အာရုံကင်းအောင်နေတဲ့နည်းတွေ
❖ အချင်ယောင်ဆောင်ပြီး အာရုံရှင်းအောင်နေတဲ့နည်းတွေ
❖ အဖက်မလုပ်ဘဲ လျစ်လျူရှုပြီး အပူကင်းအောင်နေတဲ့နည်းတွေ
❖ အခြေအနေအရ လူပါးလုပ်ပြီး သောကကင်းအောင်နေတဲ့နည်းတွေ
❖ အာရုံကင်း အာရုံနည်းတဲ့ ဘဝရဲ့ အကျိုးကျေးဇူးတွေ
❖ ယူသင့်တဲ့အာရုံ မယူသင့်တဲ့အာရုံတွေအကြောင်းနဲ့
❖ မယူလည်း ရောက်လာတတ်တဲ့အာရုံတွေကို အသုံးချနည်းတွေ .. စသဖြင့် အာရုံနဲ့ပတ်သက်သမျှ ရှင်းပြထားပြီး၊ မလုပ်ချင်တာ လုပ်စရာမလိုဘဲ ဖြစ်ချင်တာ ရအောင် လုပ်သွားဖို့ရာ တိုးတက်ရာ တိုးတက်ကြောင်း ဘဝပြောင်းလဲရေးနည်းလမ်းတွေကို အကြံပြုတင်ပြထားပါတယ်။

စာမျက်နှာ

208(Woodfree paper)

စာအုပ်အရွယ်အစား

5.5 × 0.4 × 8.2 inches

ပုံနှိပ်မှတ်တမ်း

စာရိပ်မြိုင်စာပေ 2026 မတ်လ (ပထမအကြိမ်)

Out of stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“အာရုံမများပါနဲ့” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

လူသာ စာအုပ်များ