
သိန်းသန်းကုဋေ
15000 (ကျပ်)
ငွေကြေးဥစ္စာဓနပေါများခြင်းထက်
ချမ်းသာကြွယ်ဝပြီး ပျော်ရွှင်ကြည်နူးနိုင်တဲ့
ဘဝကောင်းကို လိုလားသူတိုင်း ဖတ်ထားသင့်တဲ့ စာအုပ်ပါ။
ပြိုကွဲသွားခဲ့တဲ့ မိသားစုဘဝမျိုးနဲ့ ကြီးပျင်းခဲ့ရသလို၊ကြမ်းတမ်းခက်ခဲတဲ့ ငယ်ဘဝသင်ခန်းစာများစွာကို ရင်ဆိုင်ခဲ့ရပြီး၊ကြိမ်ဖန်များစွာ ကြိုးစားပေမဲ့ အလွဲများစွာကြောင့် ရှေ့မရောက်နိုင်ဘဲ အမြဲပြုတ်ကျခဲ့ရသလောက်၊နည်းနည်းလေးမှ တွန့်ဆုတ်သွားတာမျိုး မဖြစ်ဘဲအရဲစွန့် ကြိုးစားအားထုတ်နိုင်ခဲ့လို့ –“မရှိဆင်းရဲ” ဘဝကနေ “သိန်းသန်းကုဋေ” ချမ်းသာကြွယ်ဝတဲ့ “ကမ္ဘာကျော်သူဌေးကြီး” ဖြစ်အောင်ကိုယ်ထူကိုယ်ထကိုယ့်အားကိုယ်ကိုးကိုယ့်နည်းကိုယ့်ဟန်တိုးတက်ဖွံ့ဖြိုးနိုင်အောင် အားထုတ်ကြိုးစားဖော်ဆောင်နိုင်ခဲ့တဲ့“ဘဝသက်သေရှင်” စွန့်စားစီးပွားရေးလုပ်ငန်းရှင်ကြီး “Naval Ravikant” ရဲ့ –အတွေးအခေါ်တွေ၊ ခံယူချက်တွေ၊ ရှုမြင်သုံးသပ်ချက်တွေ၊ အဆိုအမိန့်တွေ၊ စီးပွားရေးဆိုင်ရာ သဘောထားမူဝါဒတွေ၊ လက်ခံကျင့်သုံးပုံတွေကို စုစည်းတင်ပြထားတဲ့ စာအုပ်ဖြစ်ပါတယ်။
စွန့်စားစီးပွားရေးနယ်ပယ်ထဲ အနေအထားတခုအထိ ရောက်ပြီးဖြစ်နေသူတွေ၊အခုမှ စပြီး စထွက်အနေနဲ့ အသင့်ဖြစ်အောင် ကြိုးစားနေသူတွေ၊အလုပ်တော့ လုပ်နေပါရဲ့ နောင်ရေးအတွက် ဘာဆက်လုပ်ရမလဲ မသဲကွဲဘဲ ဝေလည်လည်ဖြစ်နေရသူတွေဘဝရှေ့ရေးအတွက် ရတက်မအေးနိုင်သလို နောက်ဆံတင်းစရာ အကြောင်းကိစ္စများစွာကြောင့် ကျဉ်းထဲကြပ်ထဲရောက်သလို ခံစားနေရသူတွေပိုက်ဆံတော့ ရှိပါရဲ့ ဒါပေမဲ့ မပျော်နိုင်၊ ပျော်တော့ ပျော်နေသလို ဖြစ်နေပါရဲ့ ဒါပေမဲ့ မချမ်းသာ၊ရှာတော့ ရှာနေပါရဲ့ မလောက်ငှနိုင်ဘဲ၊ လျှောက်နေသလောက် ခရီးမပေါက်၊ ပျော်ချင်လျက်နဲ့ မပျော်နိုင်ရတဲ့ ဘဝအကြောင်းတရားတွေကို ရှင်းလင်းစွာ သိမြင်တွေးခေါ်နိုင်မယ့် လက်တွေ့အသုံးကျ ဘဝခရီးလမ်းညွှန်စာအုပ်ဖြစ်ပါတယ်။
| စာမျက်နှာ | 207(Woodfree paper) |
|---|---|
| စာအုပ်အရွယ်အစား | 5.5 × 0.4 × 8.2 inches |
| ပုံနှိပ်မှတ်တမ်း | စာရိပ်မြိုင်စာပေ 2026 ဇန်နဝါရီလ (ပထမအကြိမ်) |
17 in stock





ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ