တည်ထောင်သူနဲ့ရင်းနှီးမြှုပ်နှံသူ

( 0 မှတ်ချက်)

23500 (ကျပ်)

စွန့်စားစီးပွားရေးလို့ခေါ်တဲ့ Venture Capital လောကအတွက် ရှာမှရှား စာအုပ်ဖြစ်ပြီး၊ စွန့်ဦးတီထွင်လုပ်ငန်းရှင် (Entreprenure) တွေနဲ့အတူ စွန့်စားစီးပွားရေးနယ်ပယ်ထဲ ကျင်လည်နေသူ-လည်ပတ်နေသူ-လှုပ်ရှားရုန်းကန်နေသူ-ချင်းနင်းဝင်ရောက်မယ့်သူ စသဖြင့် လောကသားတိုင်း မဖြစ်မနေ ဖတ်သင့် သိသင့် နားလည်သင့်တဲ့ အကြောင်းအချက်တွေအားလုံးကို မကွယ်မဝှက် တင်ပြထားတဲ့ အနှစ်ချုပ် လိုတိုရှင်းလက်စွဲစာအုပ်ဖြစ်ပါတယ်။

ကမ္ဘာ့နဲ့ချီပြီး အောင်မြင်နေတဲ့ ထိပ်တန်းကုမ္ပဏီတိုင်း ပျိုးစဦးလို့ခေါ်တဲ့ (Startup) အခြေအနေကနေ စတင်ခဲ့ရတာဖြစ်ပြီး၊ အဲဒီ ပျိုးစဦးလုပ်ငန်းအခြေအနေကစလို့ အများပိုင်ကုမ္ပဏီအဖြစ် အစုရှယ်ယာတွေ ထုတ်ရောင်းနိုင်တဲ့ အနေအထားအထိ အောင်မြင်မှုခရီးလမ်းတလျှောက် တွေ့ကြုံရနိုင်တဲ့ စွန့်စားစီးပွားရေးဆိုင်ရာ စိန်ခေါ်မှုတွေ၊ အလားအလာရှိ ပြဿနာပဋိပက္ခတွေ စသဖြင့် လောကအတွင်း ရင်ဆိုင်ရမယ့် အရှုပ်အရှင်းတိုင်းကို နည်းကောင်းလမ်းမှန် ဖြေရှင်းကိုင်တွယ်နိုင်အောင် လမ်းညွှန်ပေးနိုင်တဲ့ စီးပွားရေးလုပ်ငန်းရှင်များလက်စွဲစာအုပ်ဖြစ်ပါတယ်။

မတည်ရင်းနှီးမြှုပ်နှံငွေ ထူထောင်နည်းတွေနဲ့အတူ၊ အရင်းရှင်တွေအပေါ် ချဉ်းကပ်နည်း၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ရန်ပုံငွေ စီမံခန့်ခွဲနည်း၊ စာရွက်စာတမ်းပြင်ဆင်နည်း၊ ကုမ္ပဏီဘုတ်အဖွဲ့ ဖွဲ့စည်းထူထောင်နည်း၊ ကုမ္ပဏီလုပ်ငန်း စီမံခန့်ခွဲလည်ပတ်နည်း စသဖြင့် စွန့်စားစီးပွားရေးလုပ်ငန်းဆိုင်ရာ နယ်ပယ်နဲ့ ပတ်သက်သမျှ အကြောင်းအချက်အားလုံးကို အရှင်းလင်းဆုံးသော တင်ပြချက်တွေနဲ့ လက်တွေ့အသုံးချနိုင်မယ့် အသုံးကျလမ်းညွှန်တွေကို ရနိုင်မယ့် စွန့်ဦးတီထွင်လုပ်ငန်းရှင်များလက်စွဲစာအုပ်ဖြစ်ပါတယ်။

စွန့်စားစီးပွားရေးလုပ်ငန်းနယ်ပယ်မှာ “အရင်းရှင်”အဖြစ် ရင်းနှီးမြှုပ်နှံသူ လုပ်ဖို့ တွေးနေသလား၊ ဒါမှမဟုတ် ဈေးကွက်ကောင်း လုပ်ငန်းကောင်း ခွင်ကောင်းချက်ကောင်း ရှိနေလို့ ကုမ္ပဏီတခု ထူထောင်ဖို့ရာ တည်ထောင်သူကြီး လုပ်ဖို့ တွေးနေသလား၊ ဘယ်လိုဖြစ်ဖြစ် ထူးချွန်ပြောင်မြောက်တဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်ကောင်းတယောက် ဖြစ်ဖို့အတွက် ဒီစာအုပ်က ဘက်ပေါင်းစုံကနေ အထောက်အပံ့ဖြစ်စေနိုင်ပါတယ်။

တောင်နဲ့မြောက်လိုဖြစ်နေတဲ့ အရင်းရှင်ရဲ့အမြင်နဲ့ တည်ထောင်သူရဲ့အမြင်တွေကို မကွယ်မဝှက် အရိုးရှင်းဆုံး တင်ပြထားတာဖြစ်တာကြောင့် စွန့်စားစီးပွားရေးနဲ့ ပတ်သက်သမျှ သိထားသင့်တာတွေကို ထင်မှတ်မထားလောက်တဲ့ အကြောင်းအရာတွေနဲ့အတူ နှိုင်းယှဉ်ပြီး လေ့လာခွင့်ရနိုင်မယ့် ရှာမှရှား စီးပွားရေး လက်စွဲစာအုပ်လည်း ဖြစ်ပါတယ်။

နားခါးလောက်စရာ အကြောင်းအရာတွေ၊ ထင်မထားလောက်အောင် ဝေဖန်ထားတဲ့ သုံးသပ်ချက်တွေ၊ အားနာပါးနာပြောတာမျိုးတောင် မဟုတ်ဘဲ တဲ့တိုးကြီး ထောက်ပြထားတဲ့ စီးပွားရေးလောက အရှုပ်အရှင်းတွေ၊ ဟန်ဆောင်နေလို့မရ ကိုယ်ညံ့ရင် ညံ့သလို နစ်နာသွားနိုင်မယ့် လှည့်ကွက် ရွှေ့ကွက်တွေ၊ စွန့်စားရတဲ့ စီးပွားရေးဖြစ်တာကြောင့် အလောင်းမတတ်ရင် အခေါင်းပါပြောင်သွားနိုင်တဲ့ ညံ့ကွက်နုံကွက်တွေ စသဖြင့် မတူညီတဲ့ ရှုထောင့်နှစ်ခုရဲ့ အမြင်တွေကို တဝကြီးလေ့လာခွင့် ရနိုင်မယ့် စီးပွားရေးသမားတိုင်းအတွက် လက်စွဲစာအုပ်ဖြစ်ပါတယ်။

စာမျက်နှာ

344 (Woodfree paper)

စာအုပ်အရွယ်အစား

5.6× 0.6×8.2 inches

ပုံနှိပ်မှတ်တမ်း

စာရိပ်မြိုင်စာပေ 2025 ဩဂုတ်လ ၊ ( ပထမအကြိမ်)

6 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“တည်ထောင်သူနဲ့ရင်းနှီးမြှုပ်နှံသူ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

လူသာ စာအုပ်များ