သံလွင်မြစ်ကမ်းတိုက်ပွဲ

( 0 မှတ်ချက်)

4000 (ကျပ်)

အင်္ဂလိပ်စစ်တပ်တွေကို ကူညီတာဟာ မြန်မာပြည်ကို ပြန်လာပြီး အုပ်စိုးနိုင်အောင် ကူညီတာလို့တော့ မယူဆစေချင်ဘူး၊ ကျုပ်တို့က ဒီအချိန်မှာ အင်္ဂလိပ်ကို ကူညီတာဟာ ဂျပန်ကို ဆန့်ကျင်ချင်လို့ပဲ၊ စစ်ပြီးတဲ့အချိန်မှာ မြန်မာပြည်ကို မြန်မာတိုင်းရင်းသားတွေပဲ အုပ်ချုပ်ရမယ်..။

သူ့အမည်မှာ ပူချင်ကွေဖြစ်၏။ အညတြမြန်မာပြည်သား တစ်ယောက်ပင်…။ သူနေထိုင်သောဒေသမှာ ကိုးကန့်နယ်အတွင်းရှိ ပန်းဟိုင်ရွာဖြစ်သည်။ မျိုးချစ်ရဲဘော်ကြီး ပူချင်ကွေကဲ့သို့ မြန်မာပြည်လွပ်လပ်ရေးကို ရဲရဲနီသော ဆန္ဒဖြင့် လိုလား တောင့်တကာရရာ လက်နက်များဖြင့် သံလွင်မြစ် အနောက်ဘက်ကမ်းမှ ရက်စက်ရာတွင် ပြိုင်ဘက်ရှားလှသော ဖက်ဆစ်ဂျပန်တို့ကို ခုခံတိုက်ခိုက်နေသူမှာ “ကိုးဆိုင်း”ရွာမှ ရွာသူရွာသားများပင် ဖြစ်၏။

ကိုးဆိုင်းရွာသည် အခြားရွာများကဲ့သို့ သံလွင်မြစ် အရှေ့ဘက်ကမ်းတွင် ဆင်းရဲနွမ်းပါးသော ရွာတစ်ရွာမျှသာ ဖြစ်သည်။ သို့သော် ရွာသူရွာသားများမှာ လာမည့်ဘေးပြေးတွေ့မည်ဟူသော စိတ်ဓာတ်မျိုးကို ပြင်းပြင်းထန်ထန် မွေးမြူထားကြ၏။

မြန်မာပြည်ဖွားတိုင်းရင်းသားတို့၏ သူ့ကျွန်မခံလိုသော စိတ်ဓာတ်ကို ဖော်ထုတ်ရေးသားထား သမိုင်းနောက်ခံ ဝတ္ထုစာအုပ်တစ်အုပ်ဖြစ်ပါသည်။

စာမျက်နှာ

၂၉၅

စာအုပ်အရွယ်အစား

5.4x 0.5 x8.3 inches

ပုံနှိပ်မှတ်တမ်း

အမြွှာညီနောင်၊ ၂၀၂၁ ဖေဖော်ဝါရီလ (တတိယ-ကြိမ်)

4 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“သံလွင်မြစ်ကမ်းတိုက်ပွဲ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

တက္ကသိုလ်နန္ဒမိတ် စာအုပ်များ