အင်ဖာတိုက်ပွဲ

( 0 မှတ်ချက်)

4000 (ကျပ်)

ကမ္ဘာ့စစ်သမိုင်းတွင် ရာဇဝင် အရိုင်းဆုံးသော…
၅လအတွင်း ဂျပန်စစ်သည်တော် ၅၀၀၀၀ ကျဆုံးခဲ့ရသော..
ပြောင်းဖူးဖက်ကို ပတ်တီး လုပ်ကာ မြက်ကို ဟင်းလုပ်၍ စားခဲ့ရသော…
အင်ဖာတိုက်ပွဲ….

အင်ဖာသည် မြန်မာပြည် အနောက်မြောက် နယ်စပ်နှင့် မိုင် ၅၀ ကွာသည်။ မိုင် ၅၀ ဆိုသောခရီးမှာ မော်တော်ကားလမ်း၊ မီးရထားလမ်းပေါက်သောဒေသ၌ တစ်နာရီ နှစ်နာရီမျှသာကြာသော ခရီးဖြစ်သည်။ သို့သော် အင်ဖာနှင့် ဗမာပြည် အနောက်မြောက်နယ်စပ်ကြားတွင် တောများ၊ တောင်များ၊ မြစ်များ ခံလျက်ရှိသည်။ အင်ဖာသည် အင်္ဂလိပ်အစိုးရက တိုက်ရိုက်အုပ်ချုပ်သော ပဒေသရာဇ်စနစ်ထွန်းကားရာ မဏိပူရပြည်၏ မြို့တော်တည်း။

လူသူအရောက်အပေါက်နည်းကာ မည်သူကမှ အရေးစိုက်ရမှန်း မသိခဲ့သော အင်ဖာသည် ဒုတိယကမ္ဘာစစ်ကြီးအတွင်း ဖက်ဆစ်နှင့် ဖက်ဆစ်ဆန့်ကျင်သူများ၏ စစ်ခင်းရာ စစ်တလင်းကြီးဖြစ်လာခဲ့ကာ ဂျပန်နှင့် အင်္ဂလိပ်ဗိုလ်ချုပ်ကြီးများ၏ ဉာဏ်ကစားရာ စစ်ဘုရင်ခုံကြီး ဖြစ်လာခဲ့သည်။

အင်ဖာတိုက်ပွဲသည် အာရှအရှေ့တောင်ပိုင်းတွင် ဖက်ဆစ်နှင့် ဖက်ဆစ်ဆန့်ကျင်သူများ၏ အရှုံးအနိုင်ကို အဆုံးအဖြတ်ပေးမည့် တိုက်ပွဲကြီး ဖြစ်လာပေပြီ။

စာမျက်နှာ

၂၉၅

စာအုပ်အရွယ်အစား

5.3x 0.5 x8.3 inches

ပုံနှိပ်မှတ်တမ်း

အမြွှာညီနောင်၊ ၂၀၂၀ ဇူလိုင်လ (စတုတ္ထ-ကြိမ်)

6 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“အင်ဖာတိုက်ပွဲ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

တက္ကသိုလ်နန္ဒမိတ် စာအုပ်များ