မဂ္ဂဇင်းရွှေခေတ်(ဝတ္ထု၊ကဗျာ၊စာ၊အလင်္ကာ)(အမှတ်၄)

( 0 မှတ်ချက်)

25000 (ကျပ်)

တက္ကသိုလ်နန္ဒမိတ်သည် သုတ၊ ရသ စာနှစ်မျိုးလုံးရေးသည်။ ကဗျာ၊စကားပြေ နှစ်ထွေလည်းရေးသည်။ ပင်ကိုရော ဘာသာပြန်ပါ ပါသည်။ ရေးရာတွင် စာကြုံသုတကို အခြေခံရေးသည်လည်း ရှိသည်။ ကိုယ်ကြုံသုတကို အခြေခံရေးသည်လည်း ရှိသည်။ စာမျိုးစုံရေးသည်။ ကဗျာ၊ စာညွှန့်၊ ဆောင်းပါး၊ ဝတ္ထုတို၊ ဝတ္ထုရှည်၊ လုံးချင်းဝတ္ထု၊ ပြဇာတ်၊ ပုံပြင်၊ ဘာသာပြန်ဝတ္ထု စသည်ဖြင့် ဖြစ်သည်။ စာအမျိုးအစားစုံ၍ စာအရေအတွက်လည်း များပြားလှသည်။ ၁၉၅၀ ပြည့်နှစ်ဝန်းကျင်မှ ၁၉၈၀ပြည့်နှစ်လွန်များအတွင်း စာအများအပြား ရေးခဲ့သည်။ မဂ္ဂဇင်း၊ ဂျာနယ်များတွင် ရေးခြင်းနှင့် လုံးချင်းစာအုပ်များအဖြစ်ရေးခြင်းဖြစ်သည်။

ဆရာကြီးသည် မြန်မာစာပေဥယျာဉ်ကြီးတွင် စာပေသစ်ပင်ပန်းမန်များကို လန်းဆန်းဝေဆာ အလှဖြာအောင် တစ်ထောင့်တစ်နေရာက ပြုစုပျိုးထောင်ခဲ့သည့် စာဆိုရှင်ဖြစ်သည်။ ဆရာကြီး၏ စာပေလက်ရာများကို စုဆောင်း စုပေါင်း ဖော်ပြထားသည့် စာအုပ်အတွဲ (၄) တွဲရှိပြီး ယခုမှာ အတွဲ (၂) ဖြစ်သည်။

မဂ္ဂဇင်းရွှေခေတ် အတွဲ (၁) >>  https://www.pannsattlann.com/product/magazine-2/

မဂ္ဂဇင်းရွှေခေတ် အတွဲ (၂) >>  https://www.pannsattlann.com/product/magazine-3/

မဂ္ဂဇင်းရွှေခေတ် အတွဲ (၃) >> https://www.pannsattlann.com/product/magazine-4/

စာမျက်နှာ

495

စာအုပ်အရွယ်အစား

7.3x 0.9 x 10.3 inches

ပုံနှိပ်မှတ်တမ်း

အမြွှာညီနောင်၊ ၂၀၂၃ စက်တင်ဘာလ (ပထမအကြိမ်)

5 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“မဂ္ဂဇင်းရွှေခေတ်(ဝတ္ထု၊ကဗျာ၊စာ၊အလင်္ကာ)(အမှတ်၄)” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

တက္ကသိုလ်နန္ဒမိတ် စာအုပ်များ