ကြယ်ရောင်ကဗျာ
5000 (ကျပ်)
ဒီစာအုပ်လေးဟာ ဆွစ်ဇာလန်နိုင်ငံရဲ့ မြို့နဲ့ နေရာတော်တော်များများနဲ့ မန္တလေးမြို့ကို နောက်ခံပြုရေးထားပါတယ်။ ဆွစ်ဇာလန်နိုင်ငံကို ရောက်နေချိန်မှာ တစ်မြို့၊ တစ်နေရာတည်းကို နောက်ခံပြုထားတာမဟုတ်ဘဲ တစ်နေရာကနေ တစ်နေရာကို သွားလာနေချိန်မှာ ပြောင်းလဲသွားတဲ့ မြို့အလိုက် ဒေသအလိုက် နောက်ခံကို ပုံဖော်ထားတာမို့ ဖတ်ရတာစိတ်ဝင်စားဖို့ပိုကောင်းတယ်။ ဥပမာပြောရရင် ဇာတ်ကောင်ဖြစ်တဲ့ မြတ်လေးနေတဲ့ အန်ဒါမတ်မြို့ကနေ မွန်ထရိုမြို့ကိုအသွား ရထားပေါ်ကနေ မြင်ရတဲ့ မြင်ကွင်း၊ စိတ်ခံစားမှုတွေကို ရေးပြထားတာ ခရီးသွားစာပေဖတ်နေရသလို ခံစားရစေပါတယ် ။မန္တလေးကို နောက်ခံပြုရေးတဲ့အချိန်က ၁၉၉၀ ဝန်းကျင်ပိုင်းကို ပုံဖော်ထားတာမို့ တစ်ခေတ်တစ်ခါက PCO ဖုန်းလေးတွေ၊ အိတ်ချိန်းကတဆင့် ဖုန်းခေါ်ရတာတွေ၊ အဝေးရောက်နေသူတွေကို Skpye, Gtalk ကနေ ဆက်သွယ်ရတာတွေ၊ ခုလို အဝေးပြေးကားတွေ ခေတ်မစားသေးတော့ ရထားနဲ့ သွားလာကြပုံတွေ၊ အဲဒီခေတ်အခါက ဘုရားပွဲနဲ့ ဇာတ်ပွဲကြည့်ကြတဲ့ပုံရိပ်တွေကို သရုပ်ဖော်ထားပါတယ်။
| စာမျက်နှာ | 189 |
|---|---|
| စာအုပ်အရွယ်အစား | 5.3× 0.3×8.1 inches |
| ပုံနှိပ်မှတ်တမ်း | ဂျူလိုင်ကျော်မင်းစာပေ 2022 နိုဝင်ဘာလ (ပထမအကြိမ်) |
13 in stock








ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ