အဖြူရောင်ရနံ့
4000 (ကျပ်)
နှင်းမှုန်ဖြူလွလွလေးတွေ ဖွေးနေတဲ့ အဖြူရောင်တောင်ထိပ်ကို ပထမဆုံးခြေချခွင့်ရတာ ၂၀၁၄ ခုနှစ်မှာပါ ။ Swiss Apls လို့ခေါ်တဲ့တောင်တန်းတွေပေါ်က အပူချိန် အနုတ်ဒီဂရီအောက်အမြဲရှိနေတဲ့ မြို့ကလေးဟာ ပျော်ရွှင်စရာကောင်းလိမ့်မယ်လို့ ကျွန်မအစပိုင်းမှာ မမျှော်လင့်ခဲ့ပါဘူး ။ နောက်တော့ ရေခဲတောင်တွေနဲ့ကျွန်မရင်းနှီးသွားပါတယ် အမြင့်ပေ 4478 ရှိတဲ့ Switzerland ရဲ့ နာမည်ကျော် Matterhorn ကိုလဲတက်ခဲ့သလို Australia ကအမြင့်ပေ 2500 ကျော် Kosciusko ရေခဲတောင်ကိုလဲတက်ရောက်ခွင့်ရခဲ့ပါတယ်။
သိပ်လှတဲ့ လိပ်ပြာတွေ ရှားပါးသတ္တဝါတွေ အမှီပြုနေထိုင်တဲ့ ကျွန်မတို့ရဲ့ ခါကာဘိုရာဇီကို ရေခဲငါးကင်စားရင်း ဒီလို ငြိမ့်ငြိမ့်လေး ထိုင်ကြည့်ခွင့်ရရင်သိပ်ကောင်းမှာပဲလို့လဲ အခါခါ စိတ်ကူးယဉ်ခဲ့မိပါတယ်။၂၀၁၉ မှာတော့ ရေခဲတောင်တွေရဲ့ ရင်ခုန်သံကို အနီးကပ်ဆုံးနားထောင်နိုင်တဲ့ မြို့ငယ်လေးပူတာအိုကို အလည်ရောက်ရှိခဲ့ပါတယ်။ အမိမြေဆိုတဲ့အသိက အရာရာထက်ပိုနွေးထွေးစေတယ်ဆိုတာ ကိုယ့်မြေကိုချစ်တဲ့သူတိုင်းခံစားမိတတ်ပါတယ်။
ဘုရင်သီးတွေ ဂရိတ်ဖရုသီးတွေပေါတဲ့ မြို့ကလေးမှာနေထိုင်ရင်း ဒေသခံတွေနဲ့စကားပြောရင်း လက်ချားခရော့လို့ဆိုတဲ့ ရဝမ်လဘက်ရည်ပူပူသောက်ရင်း ဇီယာဒန်း၊ ဝါဆာဒမ်း၊ မချမ်းဘော့စတဲ့ မြို့ငယ်လေးတွေကို ထိတွေ့ရင်း …… ရင်ထဲကဆန္ဒတွေကို စာတစ်ပုဒ်အဖြစ် ဖန်တီးဖြစ်ခဲ့ပါတယ် ။ဒိလိုနဲ့ ဆွတ်ဆွတ်ဖြူတဲ့ ရေခဲတောင်တန်းမျာ အစဥ်ဖုံးလွှမ်းနေတဲ့ ပူတာအိုမြို့ကလေးနဲ့ ရေခဲမှုန် နှင်းလွင်ပြင်ကြီးဖြစ်ပြီး ရေခဲပြင်မြို့လေးဖြစ်ပြီး ပူတာအိုကနေ တစ်ရက်ခရီး ကားစီး၊ နှစ်ရက်တာ ခြေလျင်ခရီး သွားရတဲ့ ခေါင်လန်ဖူးမြို့ကလေးတွေကို နောက်ခံပြုပြီး သုတရသစာအုပ်လေးကို ရေးချယ်ဖြစ်ပါတယ်။
ဆေးကုသရင်းနဲ့ ဒေသဖွံ့ဖြိုးရေးပါ တွဲဖက်လုပ်ဆောင်တဲ့ ဒေါက်တာအောင်သူရိန်နဲ့အတူ ၊ မီးခိုးမထွက်တဲ့ စက်ရုံကိုခမ်းနားစွာ ဖွံ့ဖြိုးစေလိုတဲ့ ဟိုတယ်မန်နေဂျာမလေး မိနဲ့အတူ ချစ်ခြင်းတွေနဲ့ထုံမွှမ်းနေတဲ့ သင်းပျံ့နေတဲ့စာအုပ်ကလေး အဖြူရောင်ရနံ့ကိုထိတွေ့ကြည့်ပါဦး ။
| စာမျက်နှာ | 162 |
|---|---|
| စာအုပ်အရွယ်အစား | 5.7× 0.4×8.2 inches |
| ပုံနှိပ်မှတ်တမ်း | ဂျူလိုင်ကျော်မင်းစာပေ 2022 ဖေဖော်ဝါရီလ (ပထမအကြိမ်) |
9 in stock








ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ