တစ်ခါက အဝါရောင်ဘူတာ

( 0 မှတ်ချက်)

4500 (ကျပ်)

🍂 တစ်စုံတစ်ယောက်ဟာ ဘူတာငယ်လေးမှာ ကိုယ့်ကိုစောင့်ဆိုင်းနေတတ်တယ်ဆိုတာ သတိတရလွမ်းဆွတ်ရင်း ရေးချယ်ခဲ့တဲ့ ပါးပါးလှပ်လှပ် ဝါကျင်ကျင်အတိတ်ရပ်ဝန်းကလေး…

ထွက်ခွာတဲ့သူတွေ ဆိုက်ရောက်တဲ့သူတွေကို ဆုံစည်းစေတဲ့ ဘူတာငယ်လေးတွေကို မြင်ဖူးပါသလား..

အဝါရောင်ဘူတာဟာ အညာကျေးလက်ရဲ့ တခြား ဘူတာငယ်လေးတွေလိုပါပဲ။ လေအဝှေ့မှာ ဖုန်လုံးတွေက ခပ်ထူထူ ကြွေလုလု သစ်ရွက် ခြောက်နဲ့ သစ်ပင်အိုတွေ ဝန်းရံထားပြီး ယိုင်နဲ့နဲ့ အဖြူရောင် ဆိုင်းဘုတ်ပြားပေါ် နာမည်လေးသာ ရေးခြယ်ထားတဲ့ မခမ်းနားတဲ့ ဘူတာလေးတစ်ခုပါပဲ။

လမ်းခရီးတစ်လျှောက်က ဗေဒါအခင်းတွေ၊စပါးအခင်းတွေကို ဖြတ်ကျော်ရင်း အဝေးက ရှမ်းတောင်တန်းကြီးတွေကို အခါခါ ငေးရင်း စိမ်းညို့ညို့ သစ်ပင်တန်းတွေကို ထိတွေ့ရင်း စီးနင်းလိုက်ပါရတဲ့ ရထားခရီးစဉ်ဟာ အဝါရောင်ဘူတာလေးမှာ ခရီးဆုံးပြီးတော့ နတ်ဒိုးသံ ကြိုင်ကြိုင်ဆူနေတဲ့ တောင်ပြုန်းပွဲတော်ဟာ စည်ကားလှပစွာ အမြဲစီးလို့ ကြိုပါတယ်။

အဲ့ဒီတောင်ပြုန်းပွဲတော်မှာ ဆုံဆည်းတွေ့ရှိခဲ့ကြတဲ့ ဝါထွေးဖြူနဲ့လင်းဟန်သာတို့ရဲ့ အစဦး ချစ်ခြင်းပုံပြင် ၊ သူငယ်ချင်းသံယောဇဉ်တွေနဲ့ သူတို့ကြားက အတိတ်ပန်းချီကားတစ်ချပ်..

သမိုင်းတွေပြည့်နှက်နေတဲ့ ဒေသတစ်ခုဖြစ်တဲ့ မတ္တရာမြို့‌ဟောင်းကို အခြေခံပြီး သရဖီပန်းတွေ မွှေးမြနေအောင်ပွင့်တဲ့ သခင်မတောင်တော်။ ဘုရားဆင်းတုတော်တွေ ထုဆစ်ပြီး လှပအချိုးကြတဲ့ လက်ရာတွေ ထွက်ပေါ်လာတဲ့ စကျင်တောင်။ အကြီးကျယ် အခမ်းနားဆုံးသော ရိုးရာနတ်ပွဲ ကျင်းပရာ တောင်ပြုန်းပွဲတော် ၊ တစ်နှစ်မှာ တစ်ရက်သာ ကျင်းပတဲ့ အိုးပုတ်ပွဲတော် ၊ မန္တလေးမြို့ရဲ့ ၁၂ ရာသီပွဲတော်တွေအကြောင်းကို လွမ်းဆွတ်တမ်းတစိတ်နဲ့ ရေးဖွဲ့ထားတဲ့ ရသ၀တ္ထုတစ်ပုဒ်။

စာမျက်နှာ

111

စာအုပ်အရွယ်အစား

5.6× 0.4×8.1 inches

ပုံနှိပ်မှတ်တမ်း

စာရိပ်မြိုင်စာပေ 2024 မတ်လ (ပထမအကြိမ်)

14 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“တစ်ခါက အဝါရောင်ဘူတာ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

ဂျူလိုင်ကျော်မင်း စာအုပ်များ