လူမှုဗေဒပညာ

( 0 မှတ်ချက်)

40000 (ကျပ်)

လူ့အဖွဲ့အစည်းတွေနဲ့ လူ့အဖွဲ့အစည်းထဲက လူတွေကို သိပ္ပံနည်းကျ လေ့လာတဲ့ ဘာသာရပ်

မနုဿဗေဒ(Anthropology)၊ ရှေးဟောင်းသုတေသန(Archaeology)၊ ပထဝီ(Geography)၊ စီးပွားရေး(Economics)၊ ဥပဒေ (Law)၊ ဘာသာဗေဒ(Linguistics)၊ နိုင်ငံရေး (politics)၊ စိတ်ပညာ(Psychology)၊ လူမှုဗေဒပညာ (Sociology) ဘာသာရပ်တို့ကို လူမှုရေးသိပ္ပံ (Social Science)၊ ဘာသာရပ်များအဖြစ် သတ်မှတ်ထည့်သွင်းလေ့ရှိသည်။ အဆိုပါ ဘာသာရပ်များအား လူသားများပါဝင်သည့်၊ လူသားတို့နှင့် သက်ဆိုင်သည့် အရေးကိစ္စ(Social) တို့ကို သိပ္ပံနည်းကျ လေ့လာသည့် သာသာရပ်များဖြစ်ကြသဖြင့် လူမှုရေးသိပ္ပံ ဟု ခေါ်ဝေါ်သတ်မှတ်သည်။

လူမှုဗေဒပညာ (Sociology)ဆိုသည့် လူ့အဖွဲ့အစည်းများနှင့် လူတို့၏ အုပ်စုလိုက် အပြုအမူများကို သိပ္ပံနည်းကျ လေ့လာသည့် ပညာဖြစ်သည်။ စိတ်ပညာကဲ့သို့ လူတစ်ဦးချင်းစီ၏ အပြုအမူများကို သိပ်စိတ်မဝင်စား၊ မလေ့လာပါ။ သို့သော် လူတစ်ဦးချင်းစီ၏ အပြုအမူကိုမည်သည့် အချိန်တွင် စဉ်းစားသနည်း ဆိုပါမူ လူ့အဖွဲ့အစည်း၏ ပုံဖော်ပေးမှုကြောင့် လူတစ်ဦးချင်းစီ၏ အပြုအမူများအပေါ် မည်သို့ သက်ရောက်စေသနည်း ဆိုသည်ကို လေ့လာလိမ့်မည်။

ဤစာအုပ်သည် လူ့အဖွဲ့အစည်းအတွင်းသို့ ဝင်ရောက်တော့မည့် ကျောင်းသားလူငယ်များ၊ စိတ်ပညာကျောင်းသားများနှင့် အခြားလူမှုရေးသိပ္ပံကျောင်းသားများ၊ သူနာပြုသင်တန်းသားများ၊ စိတ်ကျန်းမာရေးပညာရှင်များအတွက်ပါ အထောက်အကူပြုနိုင်မှာဖြစ်ပါသည်။

▪️လူ့အဖွဲ့အစည်းတွေ ဘယ်လို ဆင့်ကဲ ပေါ်ပေါက်လာသလဲ။
▪️ရုပ်ယဥ်ကျေးမှုနဲ့ ရုပ်ဝတ္ထုမဲ့ယဥ်ကျေးမှုတွေ ဘယ်လို ဆင့်ကဲ ထွန်းကားလာသလဲ။
▪️လူမှုအလွှာတွေ ဘယ်လို ဖွဲ့စည်းပေါ်ပေါက်လာပြီး လူတွေအပေါ် ဘယ်လို သက်ရောက်မှုတွေ ရှိသလဲ။
▪️ရာဇဝတ်မှုခင်း၊ ကျင့်ဝတ်စည်းကမ်း မလိုက်နာမှုတွေ ဘာကြောင့် ဖြစ်လာသလဲ။
▪️မိသားစုအဖွဲ့အစည်း၊ စီးပွားရေး၊ ပညာရေး၊ ဘာသာရေး၊ နိုင်ငံအစိုးရအဖွဲ့အစည်းတွေ ပေါ်ပေါက်လာပုံ။
▪️လူဦးရေ ဖွဲ့စည်းမှုရဲ့ လူတွေအပေါ် သက်ရောက်မှု။
▪️မြို့ပြများ ဖြစ်ပေါ်ပြောင်းလဲလာမှုအကြောင်း။
▪️ကမ္ဘာ့နိုင်ငံအလွှာအဖွဲ့အစည်းတွေ၊ ပဋိပက္ခတွေ၊ တော်လှန်ရေးတွေ ဘယ်လို ဖြစ်ပေါ်လာသလဲ။
လူ့အဖွဲ့အစည်းအတွင်းက လူတွေရဲ့ အပြန်အလှန် တုံ့လှယ်မှုပုံစံတွေ၊ သဘောသဘာဝတွေဟာ ကျွန်ုပ်တို့ဘဝတွေအပေါ် ဘယ်လို လွှမ်းမိုးအကျိုးသက်ရောက်နိုင်သလဲ ဆိုတာကို လူမှုဗေဒပညာရပ်က ရှင်းလင်း အဖြေရှာပေးပါလိမ့်မယ်။

စာမျက်နှာ

700 (ကတ်ထူအဖုံး)-(Woodfree Paper – စက္ကူအဖြူ)

စာအုပ်အရွယ်အစား

6.3 x 1.3 x 9 inches

ပုံနှိပ်မှတ်တမ်း

ဆုရောင်စဉ်စာပေ၊ 2023 ဇူလိုင်လ၊ (ပ-ကြိမ်)

2 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“လူမှုဗေဒပညာ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဒေါက်တာမြင့်လွင်(စိတ်ပညာ) စာအုပ်များ