
ဆက်ဆံရေးသတ္တဝါနှင့် မိုးခါးရေသောက်ခြင်း
3000 (ကျပ်)
“ဆက်ဆံရေးသတ္တဝါ” ဆိုသည်မှာ ဆောင်းပါးတစ်ပုဒ်နှင့် “မိုးခါးရေသောက်ခြင်း” ဆိုသည်က ဆောင်းပါးတစ်ပုဒ်၊ ၎င်းနှစ်ပုဒ်၏အမည်ကို တွဲဖက်၍ စာအုပ်ခေါင်းစဉ် အမည်ပေးထားခြင်းဖြစ်ပါသည်။
“ဆက်ဆံရေးသတ္တဝါ” ဆောင်းပါးသည် ဆက်ဆံရေးစိတ်ပညာ ဘာသာရပ်ကို အများနားလည်အောင် မိတ်ဆက်ပေးသည့် ဆောင်းပါးတစ်ပုဒ်ဖြစ်ပြီး “မိုးခါးရေသောက်ခြင်း” ဆိုသည်မှာ ဆက်ဆံရေးစိတ်ပညာနယ်ပယ်မှ စိတ်ပညာရှင်များ စိတ်ဝင်စားကြသည့်”Conformity” (အများလုပ်သည့်နောက်သို့ လိုက်လုပ်လိုသော လူ့သဘာ၀) အကြောင်းကို ရေးသားထားခြင်းဖြစ်ပါသည်။
ယင်းသဘာ၀ကို ထင်းခနဲ မြင်နိုင်စေရန် မြန်မာ့ယဉ်ကျေးမှုနယ်ပယ်မှ လူအများနှင့် ကျွမ်းဝင်နေသည့် “အများမိုးခါးရေသောက် သောက်မှ” ဆိုသည့် စကားပုံကို မှီ၍ ဆောင်ပါးနာမည်တပ်ထားခြင်း ဖြစ်ပါသည်။
ကျွန်တော်တို့သည် လူ့အသိုင်းအဝိုင်းနှင့် ကင်းကွာ၍မရသော ဆက်ဆံရေးသတ္တဝါများ ဖြစ်ကြပါသည်။ ရေထဲမှာနေထိုင်သော ငါးတို့သည် ရေ၏ဖိအားကို သတိမထားမိသကဲ့သို့ ဆက်ဆံရေးသတ္တဝါများဖြစ်သော ကျွန်တော်တို့လူသားများသည် တစ်ခါတစ်ရံတွင် လူ့အဖွဲ့အစည်းအတွင်းတွင် နေထိုင်ရမှုကြောင့် ပေါ်ပေါက်လာသော လူမှုဖိအား အခြေအနေများကို သတိမမူမိ၊ လူမှုဖိအားတို့သည် ကောင်းသည့်ဘက်ကို တွန်းပို့ပေးစေနိုင်သလို အဆိုးဘက်သို့ ဆွဲချနိုင်သည်လည်း ရှိတတ်ပါသည်။
ဆက်ဆံရေးစိတ်ပညာကို လေ့လာနားလည်ထားခြင်းက လူတစ်ဦးတစ်ယောက်၏ အပြုအမူ ယုံကြည်ချက်များအပေါ် ကျရောက်နိုင်သည့် လူမှုဩဇာလွှမ်းမိုးမှုတို့ကို နားလည်အသုံးချနိုင်ပါလိမ့်မည်။
စာမျက်နှာ | 176 |
---|---|
စာအုပ်အရွယ်အစား | 5.2 x 0.2 x 8.2 inches |
ပုံနှိပ်မှတ်တမ်း | ပင်ဝါးရုံစာပေ၊ 2006 ဇန်နဝါရီလ (ပ-ကြိမ်) |
1 in stock
ဒေါက်တာမြင့်လွင်(စိတ်ပညာ) စာအုပ်များ
-
ဒေါက်တာမြင့်လွင်(စိတ်ပညာ)
လူငယ်တို့အတွက်ဘဝနေထိုင်နည်း
4000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ဒေါက်တာမြင့်လွင်(စိတ်ပညာ)
အပြောင်းအလဲနှင့်ပုံသေစိတ်အစွဲ
2500 (ကျပ်)Rated 5.00 out of 5 based on 1 customer rating( 1 မှတ်ချက်) -
ဒေါက်တာမြင့်လွင်(စိတ်ပညာ)
ဆက်ဆံရေးသတ္တဝါနှင့် မိုးခါးရေသောက်ခြင်း
3000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ဒေါက်တာမြင့်လွင်(စိတ်ပညာ)
လျှာရှောင်လင်သိုင်းနှင့် စိတ်ထားပုပ်သူ လူညစ်ပတ်များကိုဆက်ဆံနည်း
3000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်)
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ