


ကိုယ်တွင်းသမားတော်
15000 (ကျပ်)
ခန္ဓာကိုယ်ကို ကုသဖို့ စိတ်ကို ဘယ်လို သုံးမလဲ…
သင့်ခန္ဓာကိုယ် နာမကျန်းဖြစ်နေပြီ ဆိုတာဟာ
သူ့မှာ တစ်ခုခု မှားယွင်းနေပြီလို့ သင့်ကို ပြောပြနေတာပဲ ဖြစ်တယ်။
– Louise L. Hay
ရုပ်ပိုင်းဆိုင်ရာ နာမကျန်းမှု ဆိုတာဟာ ခန္ဓာကိုယ်တွင်းက စွမ်းအင်တွေ ဟန်ချက်မညီ ဖြစ်ခြင်းနဲ့ သဟဇာတ မဖြစ်ခြင်းတွေကနေတစ်ဆင့် တိုးတက် ပေါ်လွင် ထင်ရှားလာတာပါ။ အတွေးစိတ်ကူးတွေဟာ ခံစားမှုတွေကို ဖန်တီးတယ်။ ဒီခံစားမှုတွေကတစ်ဆင့် ခန္ဓာကိုယ်ကို ဘယ်လို တုံ့ပြန်ဖို့ ဆိုတာကို အသင့်ပြင်ထားစေတယ်။ စိတ်တွင်းမှာ ဘာအကြောင်းအရာတွေပဲ ဖြစ်ဖြစ် အဲဒီအကျိုးဆက်ဟာ ခန္ဓာကိုယ်မှာ နီးကပ်ထင်ဟပ် ပေါ်လွင်နေပါတယ်။
မိမိကိုယ်ကို ကိုယ်တိုင် ကုသကာကွယ်ဖို့ ထူးခြားအားတက်ဖွယ် အချက်တစ်ချက်မှာ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံစွမ်းအား လုပ်ငန်းတွေကို ထိန်းချုပ်ဖို့ ဦးနှောက်ကို စေစားနိုင်တယ် ဆိုတာပဲ ဖြစ်တယ်။
ဒီစာအုပ်ဟာ တကယ်လို့ သင် နာမကျန်းဖြစ်နေရင် သင့်ကိုယ်သင် ကိုယ်တိုင် ကုသမှုဖြစ်စဥ်မှာ ဘယ်လို ပါဝင်လုပ်ဆောင်ရမယ်၊ နာမကျန်း ဖြစ်နေတာ မဟုတ်ရင် ဘယ်လို ကောင်းကောင်းမွန်မွန် နေထိုင်နိုင်တယ် ဆိုတာကိုလည်း ပြောပြလိမ့်မယ်။ မိမိကိုယ်မိမိ အမှန်တကယ် ချစ်မြတ်နိုးမှု၊ ဂရုစိုက် စောင့်ရှောက်မှုတို့ကို ပြုကြရမယ့် အကြောင်း၊ အင်အားကြီးမားတဲ့ စိတ်စွမ်းအင်၊ မှန်ကန်တဲ့ စိတ်ထားနဲ့ မိမိကိုယ်ကို ကုစားနိုင်ပုံ နည်းလမ်းတွေ၊ အဲဒီ နည်းတွေကို အသုံးပြုပြီး သေလောက်ဖွယ် နာမကျန်းမှု ဖြစ်နေရာမှ ကုစားလွတ်မြောက်နိုင်ခဲ့ကြသူတို့ရဲ့ သာဓက များစွာတို့ကို ဗဟုသုတရဖွယ် တင်ပြထားတယ်။
စိတ်တွင်းအာရုံဖော်ခြင်း၊ ကမ္မဌာန်းထိုင်ခြင်း၊ ခန္ဓာကိုယ်သင့် အဆိပ်တို့ကို ကြေးချွတ်ပစ်ခြင်း၊ ဗီတာမင် ဖြည့်စွက်စာတွေ၊ အနှိပ်ကုထုံး၊ အပ်စိုက်ကုထုံး၊ အခိုင်အမာ အဆိုပြုခြင်းနည်း၊ ချက္ကရာအလုပ်နဲ့ မိမိကိုယ်မိမိ ချစ်ခြင်းနည်းတွေလည်း စုံစုံလင်လင် ပါဝင်ပါတယ်။
| စာမျက်နှာ | 291 (Woodfree Paper – စက္ကူအဖြူ)) |
|---|---|
| စာအုပ်အရွယ်အစား | 5.3 x 0.5 x 8.2 inches |
| ပုံနှိပ်မှတ်တမ်း | ဆုရောင်စဉ်စာပေ၊ 2024 အောက်တိုဘာလ၊ (ဒု-ကြိမ်) |
4 in stock
ဒေါက်တာမြင့်လွင်(စိတ်ပညာ) စာအုပ်များ
-
ဒေါက်တာမြင့်လွင်(စိတ်ပညာ)ဆက်ဆံရေးသတ္တဝါနှင့် မိုးခါးရေသောက်ခြင်း
5000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ဒေါက်တာမြင့်လွင်(စိတ်ပညာ)လျှာရှောင်လင်သိုင်းနှင့် စိတ်ထားပုပ်သူ လူညစ်ပတ်များကိုဆက်ဆံနည်း
5000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ဒေါက်တာမြင့်လွင်(စိတ်ပညာ)လူမှုဗေဒပညာ
40000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ဒေါက်တာမြင့်လွင်(စိတ်ပညာ)ကိုယ်တွင်းသမားတော်
15000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ဒေါက်တာမြင့်လွင်(စိတ်ပညာ)ကုစားမှုပေးသော မီး နှင့် ဖြစ်ရပ်မှန်ကိုယ်တွေ့ဇာတ်လမ်းများ
25000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်)


ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ