ရှင်သန်တိုးတက်ရေးအတွက် အလိုက်သင့်ပြောင်းလဲနိုင်စွမ်း
16000 (ကျပ်)
ကမ္ဘာကြီးမှာ အပြောင်းအလဲတွေ အမြဲဖြစ်နေတယ်။ နည်းပညာတွေက အပြောင်းအလဲသိပ်မြန်လွန်းသလို စီးပွားရေးအခြေအနေတွေ၊ လူတွေရဲ့ အကြိုက်တွေကလည်း လျင်လျင်မြန်မြန်ပြောင်းလဲနေပါတယ်။ တကယ်လို့ ကိုယ့်ရဲ့စီးပွားရေးကို ယခင်ကလုပ်တဲ့နည်းအတိုင်းပဲ ဆက်သွားနေမယ်ဆိုရင်တော့ အားလုံးထက် နောက်ကျကျန်နေခဲ့တော့မှာ သေချာပါတယ်။
အပြောင်းအလဲတိုင်းဟာ လှိုင်းလုံးကြီးတွေနဲ့တူပါတယ်။ လှိုင်းလုံးလာရာကို ကောင်းကောင်းခန့်မှန်းနိုင်ပြီး နေရာယူမှန်ခဲ့ရင်တော့ လှိုင်းလုံးထိပ်ထိ အားနဲ့မြင့်တက်သွားနိုင်သလို နေရာယူမှားရင်တော့ လှိုင်းပုတ်အားနဲ့ ရေအောက်ထိ စုံးစုံးမြုပ်သွားနိုင်တာကို သတိပြုမိဖို့လိုပါတယ်။
အမြန်ဆုံး လိုက်လျောညီထွေပြောင်းလဲနိုင်တဲ့မျိုးစိတ်တွေပဲ ရှင်ကျန်ခဲ့တာပါ။ ဒီလိုပဲ စီးပွားရေးလုပ်ငန်းတွေအနေနဲ့လည်း အပြောင်းအလဲတွေနဲ့ကြုံရတဲ့အခါ ရှင်သန်နိုင်ဖို့အတွက် Adaptation လိုက် လုပ်ဖို့လိုပါတယ်။ ပြောင်းလဲမှုနဲ့အတူ လိုက်လျောညီထွေရှိစွာ ရှင်သန်နိုင်ဖို့ပါပဲ။ တကယ်လို့ Adaptation လုပ်လို့မရဘူးဆိုရင် Exaptation ဆိုတဲ့ ကိုယ့်ရဲ့ အစိတ်အပိုင်းတစ်ခုခုက လုပ်ဆောင်ချက်တွေကို ပြောင်းလဲလိုက်ပြီး အပြောင်းအလဲမှာ ရှင်သန်ဖို့ လုပ်ဆောင်ရမှာပါပဲ။
“ရှင်သန်တိုးတက်ရေးအတွက် အလိုက်သင့်ပြောင်းလဲနိုင်စွမ်း” စာအုပ်ထဲက ကောက်နုတ်ထားတာပါ။ ဒီစာအုပ်မှာ ဘ၀၊ အလုပ်နဲ့ စီးပွားရေးမှာကြုဲံရနိုင်တဲ့ ထောင်ချောက်တွေ၊ အပြောင်းအလဲတွေကြုံရချိန် တုံ့ပြန်ပုံအလိုက် ရှင်သန်တိုးတက်နိုင်စွမ်းအခြေအနေတွေ၊ အပြောင်းအလဲကို အကောင်းဆုံးကျော်ဖြတ်ဖို့အတွက် အရေးကြီးတဲ့ အလိုက်သင့်ပြောင်းလဲနိုင်စွမ်း (Adaptability)၊ လိုက်လျောညီထွေဖြစ်အောင်ပြောင်းလဲကြရင်း အကျိုးမဲ့တဲ့ပြိုင်ဆိုင်မှုသံသရာထဲပိတ်မိနိုင်တာကို သတိချပ်သင့်တဲ့အကြောင်းတွေ စသဖြင့် ဖတ်ရှုရမှာဖြစ်ပါတယ်။
| စာမျက်နှာ | 126 |
|---|---|
| စာအုပ်အရွယ်အစား | 5.7 x 0.4 x 8.5 inches |
| ပုံနှိပ်မှတ်တမ်း | စာပေလမ်း 2024 စက်တင်ဘာလ (ပထမအကြိမ်) |
10 in stock






ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ