မိနစ်ပိုင်းစာ စီးပွားပညာ အတွဲ(၂)

( 0 မှတ်ချက်)

19000 (ကျပ်)

မိနစ်ပိုင်းစာ စီးပွားပညာဆိုတဲ့ နာမည်အတိုင်း အပိုင်းတစ်ခုချင်းဆီမှာပါတဲ့ ပြောပြချက်တွေကို စီးပွားရေးအကြောင်း စိတ်ဝင်စားတဲ့မည်သူမဆို နားလည်သဘောပေါက်လွယ်အောင် ရှင်းပြရေးသားထားပါတယ်။

“အခန်း (၁) ချမ်းသာကြွယ်ဝမှုလမ်းစဥ်များ ” မှာ ငွေကြေးပညာကိုလေ့လာချင်သူတွေ၊ ဝင်ငွေရှာဖွေမှု နည်းလမ်းတွေနဲ့ မှန်ကန်စွာ ချမ်းသာတဲ့ဘဝတစ်ခုဖြစ်ဖို့ သိသင့်တဲ့ အချက်၊ ရှိနေတဲ့ ထောင်ချောက်တွေအကြောင်း

“အခန်း (၂) မိမိကိုယ်တိုင် စီးပွားရေးလုပ်ငန်းတစ်ခု စတင်ခြင်း” မှာတော့ ငွေအရင်းအနှီးမရှိဘဲ လုပ်ငန်းတစ်ခု ဘယ်လိုစတင်မလဲ၊ စီးပွားရေးလုပ်တဲ့အခါ ဘယ်လိုစိတ်ထား ရှိသင့်လဲ၊ စီးပွားရေးလုပ်တဲ့အခါ ကြုံရမယ့် ပြဿနာတွေ၊ ထောင်ချောက်တွေအပြင် အားသာချက်၊ အားနည်းချက်တွေနဲ့ Customer Service အရေးကြီးပုံတွေရဲ့ အကြောင်း

“အခန်း (၃) ရင်းနှီးမြှုပ်နှံခြင်းဆိုင်ရာ အထွေထွေ ဗဟုသုတများ” မှာတော့ ရင်းနှီးမြှုပ်နှံမှုတစ်ခု လုပ်တဲ့အခါမှာ သတိထားရမယ့်အချက်များ၊ အိမ် တိုက်ခန်း မြေတွေ ရင်းနှီးတဲ့အခါမှာ ဘာတွေကြည့်ပြီးရင်းနှီးရမလဲဆိုတဲ့ အကြောင်း ပါဝင်ပါတယ်။

===

ယခုစာအုပ်ကို မိနစ်ပိုင်းလေး အချိန်ပေးဖတ်ရှုရုံနဲ့ စီးပွားရေး၊ ငွေကြေး၊ ရင်းနှီးမြှုပ်နှံမှု အပိုင်းတွေကို နားလည်လွယ်၊ ကိုယ်တိုင်လက်တွေ့ အသုံးချတတ်အောင်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ထွက်ရှိထားတာဖြစ်လို့ တကယ့်ဘဝမှာ အသုံးချပြီး တိုးတက်အောင်မြင်ကြအောင် ကြိုးစားကြဖို့လိုအပ်ပြီး ဖတ်သင့်တဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။

စာမျက်နှာ

270( Woodfree paper)

စာအုပ်အရွယ်အစား

5.2 x 0.5 x 8.3 inches

ပုံနှိပ်မှတ်တမ်း

ပန်နိုရာစာပေ ၊ 2025 ဒီဇင်ဘာလ ၊ (ပထမအကြိမ်)

9 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“မိနစ်ပိုင်းစာ စီးပွားပညာ အတွဲ(၂)” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Kaung Hein Soe(Strategic) စာအုပ်များ