အိမ်ခြံမြေရင်းနှီးမြှပ်နှံမှုဖြင့် ကြွယ်ဝမှုတည်ဆောက်ခြင်း

( 0 မှတ်ချက်)

19000 (ကျပ်)

“အိမ်ခြံမြေမှာ ဘာကြောင့်ရင်းနှီးမြှုပ်နှံကြသလဲဆိုရင် Rental Income ရဖို့နဲ့ Leverage ဆိုတဲ့ မူလတန်ဖိုးထက် အဆနဲ့ချီပြီး ဈေးနှုန်းမြင့်တက်မှုကို ရဖို့အတွက်ဖြစ်ပါတယ်။”

မြန်မာပြည်မှာ ကိုယ့်လက်ထဲငွေကြေးအရင်းအနှီးရှိလို့ ရင်းနှီးမြှုပ်နှံမှုလုပ်မယ်ရင် ပထမဆုံးပြေးမြင်မိကြတာက အိမ်ခြံမြေ (Real Estate) ပါပဲ။ အဓိကကတော့ အိမ်ခြံမြေရဲ့အားသာချက်က ပိုင်ဆိုင်မှုခိုင်မာတာကြောင့်နဲ့ စီးပွားရေးအခွင့်အလမ်းကောင်းရှိခြင်းကြောင့်ပဲဖြစ်တယ်။ နောက်တစ်ချက်က မြေဝယ်မကျဆိုပြီး ညွှန်းကြတဲ့အတိုင်း အိမ်ခြံမြေစျေးက အတက်ဘက်ကိုသာဦးတည်တဲ့အချက်ကလည်း ရင်းနှီးမြှုပ်နှံသူတွေအကြိုက်ဖြစ်ပါတယ်။ ပြီးတော့ အငှားဝင်ငွေ(Rental Income) အပြင် Capital Gains အမြတ်ပါ ရရှိနိုင်တဲ့အားသာချက်လည်းရှိပြန်ပါတယ်။ အားသာချက်တွေရှိသလို မှန်ကန်တဲ့ရင်းနှီးမြှုပ်နှံမှုဖြစ်ဖို့ သတိပြုရမယ့်အချက်တွေလည်းရှိတယ်။

“အိမ်ခြံမြေဝယ်မယ်ဆိုရင် စိတ်ခံစားချက်က ဘယ်လောက်ပါနေတယ်ဆိုတာကို အရင်စဉ်းစားဖို့လိုပါတယ်။ မဟုတ်ရင်တော့ ပထမဆုံးအတွေ့အကြုံမှာတင် ကွဲမှာပါပဲ။”

“ပိုင်ဆိုင်မှုတွေအားလုံးကို Asset တစ်ခုတည်းအပေါ်မှာ ပုံအောပြီး ရင်းနှီးမြှုပ်နှံလိုက်တာဟာ သိပ်ကို Risk များတတ်လေ့ရှိပါတယ်။ အိမ်ခြံမြေမှာလည်း ကိုယ့်မှာ လက်ထဲ သိန်းငါးထောင်ရှိတဲ့အခါ သိန်းငါးထောင်တန် မြေတစ်ကွက်ဝယ်ပြီး ရင်းနှီးထားလိုက်တာနဲ့စာရင် သိန်းတစ်ထောင်တန်မြေငါးကွက် ဝယ်ထားတာက ပိုပြီး အဆင်ပြေတတ်လေ့ရှိပါတယ်။”

“အိမ်ခြံမြေမှမဟုတ်ဘဲ ရင်းနှီးမြှုပ်နှံမှုတိုင်းအတွက် အချိန်ကာလတစ်ခုသတ်မှတ်ပြီး ထိုက်သင့်တဲ့အမြတ် ရရှိအောင် ဆောင်ရွက်ဖို့လိုအပ်ပါတယ်။ ငွေကြေးအမြတ်အစွန်း ကိုက်မကိုက်ဆိုတာ အချိန်ကာလအနည်းအများအပေါ် များစွာမူတည်နေပါတယ်။ “ စသဖြင့် ဒီစာအုပ်ကနေ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်လို့ အကြံဉာဏ်များစွာရရှိပါလိမ့်မယ်။

ဒီစာအုပ်မှာ တိုက်ခန်းနဲ့မြေဝယ်ရင် သတိပြုသင့်တာတွေကစလို့ အိမ်ခြံမြေမှာရင်းနှီးမြှုပ်နှံမယ်ဆိုရင် သိထားသင့်တဲ့အချက်တွေနဲ့ ရင်းနှီးမြှုပ်နှံမှုမဟာဗျူဟာတွေ၊ အိမ်တစ်လုံးရဲ့ Performance ကို ဘယ်တိုင်းတာမလဲ၊ အမြင့်ဆုံး Rental Income ကို ဘယ်လိုရယူမလဲ၊ အိမ်ခြံမြေတန်ဖိုးအပေါ်သက်ရောက်နေတဲ့ အကြောင်းရင်းတွေ၊ Investment တစ်ခုကို ဘယ်လောက်ကြာကြာကိုင်ထားသင့်လဲ စသဖြင့် စာရေးသူနှစ်ဦးက လေ့လာထားတဲ့သီအိုရီတွေ၊ အတွေ့အကြုံတွေအပြင် မဖြစ်မနေနားလည်သဘောပေါက်ထားရမယ့် ဥပဒေရေးရာအသိပညာတွေပါ ဝေမျှထားပါတယ်။

စာမျက်နှာ

192(Woodfree paper)

စာအုပ်အရွယ်အစား

5.6 x 0.4 x 8.3 inches

ပုံနှိပ်မှတ်တမ်း

စာပေလမ်း 2025 ၊ ဩဂုတ်လ (ပထမအကြိမ်)

20 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“အိမ်ခြံမြေရင်းနှီးမြှပ်နှံမှုဖြင့် ကြွယ်ဝမှုတည်ဆောက်ခြင်း” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Kaung Hein Soe(Strategic) စာအုပ်များ