စိတ်ကိုနေရာချထားခြင်း
6000 (ကျပ်)
နေ့စဥ်ဘဝရဲ့ စိတ်သောကတွေ ဖိစီးကြောင့်ကြမှုတွေကြားမှာ စိတ်ကို နေရာအထားမှန်ဖို့ ဖတ်သင့်တဲ့ စာအုပ်လေးတစ်အုပ်…
-အသုံးတတ်တဲ့အခါ အမှိုက်ကလေးတစက အစ အကျိုးရှိပြီး အသုံးမတတ်တဲ့အခါ အဖိုးတန်ရတနာပင် ဖြစ်လင့်ကစား အကျိုးယုတ်စေတာဟာ လောကရဲ့ နိယာမပါပဲ။
-ဒီစာအုပ်လေးထဲမှာ မိမိရဲ့ စိတ်ကလေး ထားတတ်အောင်၊ အသုံးတတ်အောင် ဘယ်လို နေရာချထားရမယ် ဆိုတာကို ဗုဒ္ဓဘုရားရှင်ရဲ့ ဓမ္မလမ်းစဥ်တွေ၊ ရဟန်းပညာရှိ၊ လူပညာရှိတို့ရဲ့ နီတိပုံပြင်လေးတွေနဲ့ စာဖတ်သူ အလွယ်တကူ နားလည်သိရှိနိုင်အောင် ရေးသားတင်ပြထားတဲ့ ဓမ္မရသ စာစုလေးတွေ ပါဝင်ပါတယ်။
-နေ့စဥ်ဘဝမှာ စိတ်ကို တော်တည့်မှန်ကန်စွာ နေရာချထားတတ်ဖို့ ဒီစာအုပ်လေးက အနည်းငယ်သော အသိကို ပေးနိုင်လိမ့်မယ်လို့ ယုံကြည်မျှော်လင့်မိပါတယ်။
| စာမျက်နှာ | 110 (Woodfree paper) |
|---|---|
| စာအုပ်အရွယ်အစား | 5.2 × 0.2 × 7.5 inches |
| ပုံနှိပ်မှတ်တမ်း | ဇလပ်နီစာပေ၊ 2025 ဩဂုတ်လ၊ (တတိယအကြိမ်) |
5 in stock








Aeri Myat –
ဒီစာအုပ်လေးကတော့ ဆရာမင်းထက်ဟန်ရဲ့ ငယ်ဘဝလက်ရာစာအုပ်လေးလို့ အမှာစာဖတ်ရင်း သိရပါတယ်။အသက်၂၀ကျော်မှာ တွေးမိ၊ရေးမိတဲ့ စာစုလေးတွေလို့ ဆိုပေမယ့်လည်း မှတ်သားစရာများတဲ့ စာအုပ်ကောင်းလေး တစ်အုပ်ပါပဲ။ဘဝအသိရော ဓမ္မအသိပါ ရစေမယ့် စာစုပေါင်း (၁၃)ခု
စုစည်းထားတာ ဖြစ်ပါတယ်။
ဖတ်ရင်း Noteထုတ်ဖြစ်တဲ့ အချက်လေး
တစ်ချို့ကို အနည်းငယ် မျှဝေချင်ပါတယ်။
◇ရုပ်ရည်ဖြူဖို့ထက် စိတ်ထားဖြူစင်ဖို့
◇ ကောင်းမှုကုသိုလ်တွေများများလုပ်ဖို့
◇သဒ္ဓါတရားစစ်စစ် ထားတတ်ဖို့
ဒီအချက်လေးတွေကို အဓိကထားပြီး
တင်ပြသွားတာကို တွေ့ရပါတယ်။
အဓိကတော့ သီလ၊သမာဓိ၊ပညာ ဆိုတဲ့ သိက္ခာသုံးပါးနဲ့ လောဘကို ထိန်းဖို့၊
ကောင်းသော အတွေး၊ ကောင်းသော အပြော၊ ကောင်းသော အလုပ်ကိုသာ လုပ်ဖို့
remindလုပ်ပေးနိုင်တဲ့ စာအုပ်လေးပါ။
ဒီနှစ်အတွက် ကျွန်မဖြစ်ချင်တယ်၊လုပ်ချင်တယ်လို့ တွေးထားတာလေးတွေကတော့ တရားမှတ်စုရေးဖို့နဲ့ ကုသိုလ်စုဗူးလေး လုပ်ဖို့ဆိုတာလေး နှစ်ခုပါ။
နှစ်အစမှာပဲ ဖြစ်ချင်တဲ့အရာအတွက် အလင်းတစ်စကိုလည်း ရှာဖွေတွေ့ရှိခဲ့တယ်။ကိုယ့်ဘက်က လုံ့လ၊ဝိရိယ အပြည့်နဲ့ ကြိုးစားအားထုတ်ဖို့လည်း တွေးထားပါတယ်။အခုစာအုပ်လေး ဖတ်ရတော့လည်း ကုသိုလ်စိတ် ဖြစ်မိတာပါပဲ။
ဓမ္မအသိ တိုးပွားစေတဲ့ ဒီစာအုပ်လေးကိုလက်ဆောင်ပေးတဲ့ ညီမလေးကေကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်🥰🤎
ဖတ်ခွင့်ရတဲ့အတွက် စာရေးသူ ဆရာမင်းထက်ဟန်ကိုလည်း ကျေးဇူးတင်ပါတယ်🙏
#စိတ်ကိုနေရာချထားခြင်း
#မင်းထက်ဟန်
#ဇလပ်နီစာပေ
#reviewby하은
#Jan32024