မေတ္တာဖြင့်ရှင်သန်ခြင်းအနုပညာ
2500 (ကျပ်)
အဟိန်းအဟောက် အခြိမ်းအခြောက်တို့ဖြင့် ဟောပြောလေ့ရှိသော စာဟောဆရာတို့ လေသံမျိုး တလုံးတပါဒ မပါဘဲ ပြေလည်ညင်သာသိမ်မေ့စွာ သတိပေးစကား ဆိုနေဘိသို့ အာရုံစူးစိုက်မိအောင် ဖမ်းစားနိုင်စွမ်းပါသည်။ အဆီအငေါ် မတည့်ခြင်းများဖြင့် စိတ်ဝမ်းမကြည် ရှိနေခိုက်မှာ ဒီစာအုပ်လေးက ကျွန်မ၏ အကုသိုလ် စိတ်ကူးများကို ရှင်းသန့်ပေးလိုက်သည့်နှယ် ဖတ်မိသခိုက်မှာ ချမ်းမြေ့ကြည်လင် ပေါ့ပါးသွားရပါသည်။ (စမ်းစမ်းနွဲ့- သာယာဝတီ ၏ အမှာစာမှ…)
စာမျက်နှာ | 105 |
---|---|
စာအုပ်အရွယ်အစား | 5.4 × 0.4 × 7.5 inches |
ပုံနှိပ်မှတ်တမ်း | ဇလပ်နီစာပေ၊ 2021 ဩဂုတ်လ၊ (ပထမ-ကြိမ်) |
17 in stock
Mi Shwe Yee Win Htet –
ဘဝမှာအေးအေးချမ်းချမ်းလေးနဲ့ စိတ်ချမ်းသာစွာနေချင်တယ်ဆိုရင်တော့ မေတ္တာဖြင့်ရှင်သန်ဖို့က အရေးကြီးပါတယ်။လူတစ်ယောက်မှာ ဒေါသရှိလာပြီးဆိုရင် ကြောက်စရာကောင်းတဲ့လူတစ်ယောက်အဖြစ်သို့ ပုံပြောင်းသွားတာကို စာရေးဆရာက ဒေါသရဲ့ကြောက်မက်ဖွယ်တွေကို ရေးသားထားပါတယ်။ဒေါသတွေရဲ့ အစိတ်အပိုင်းသေးသေးလေးတွေအစ ဒေါသတွေကိုဘယ်လိုထိန်းချုပ်ရမလဲဆိုတာကိုလည်း ဗုဒ္ဓအဆုံးအမတွေနဲ့တကွ ရေးသားထားပါတယ်။
တစ်နေ့ကို အိုးတစ်ရာချက် ဆွမ်းသုံးကြိမ်လှူဒါန်းခြင်းထက် နို့တညှစ်စာ မေတ္တာပွားခြင်းသည် ပို၍ အကျိုးကြီးမား၏။☘️
မိမိရန်သူကို တုဖက်ပြီးတော့ အမျက်ထွက်တဲ့သူဟာ
ရန်သူနှစ်သက်အောင် ရန်သူ့အလိုကိုလိုက်ပြီး ပြုလုပ်ပေးနေတာနဲ့တူပါတယ်တဲ့။☘️
ဘဝမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ စိတ်ချမ်းသာကိုယ်ချမ်းသာနေချင်တယ်၊ဘေးရန်ကင်းချင်တယ်၊ဆိုရင်တော့ သတ္တာဝါအားလုံးကိုမေတ္တာလွှမ်းခြုံထားရမှာဖြစ်ပါတယ်။☘️
မေတ္တာပွားတော့မယ်ဆိုရင်…….
၁။မေတ္တာမပွားခင့်ပြင်ဆင်ရမယ့်စိတ်ထား၊
၂။မေတ္တာစ၍မပွားသင့်သော ပုဂ္ဂိုလ်များ
၃။မေတ္တာလုံးလုံးမပွားရသောပုဂ္ဂိုလ်များ
၄။မေတ္တာစပွားရမယ့်သူများ
၅။ဒေါသဖြေနည်း
၆။မေတ္တာအကျိုး
၇။ထားမေတ္တာနဲ့ပွားမေတ္တာ စတဲ့ မေတ္တာဖြင့်ရှင်သန်ခြင်းအနုပညာတွေကို ဘုရားလောင်းတော်လက်ထက်က သာဓကတွေ အဖြစ်အပျက်တွေနဲ့ ရှင်းပြထားပေးပါတယ်။❣️
မီးကိုမီးနဲ့ ငြှိမ်းသတ်လို့မရနိုင်သလို၊ အာဃာတကိုလည်း လက်စားချေခြင်းနဲ့ဖြေဖျောက်လို့မရနိုင်ပါဘူး။🌼☘️
ဒါကြောင့် စာချစ်သူတွေက မေတ္တာနဲ့ ဘဝကို အေးချမ်းစွာဖြတ်သန်းစေချင်တယ်ဆိုရင် မေတ္တာအကြောင်းတွေကို အသေးစိတ်ရေးထားတဲ့ ဆရာမင်းထက်ဟန်ရဲ့စာအုပ်ကိုဖတ်ကြည့်ပါနော်။
Thinn ei ei thaw –
မေတ္တာတရားဆိုတာ ဘယ်လောက်တောင်အေးချမ်းလဲဆိုတာ
ဖတ်ရင်းနဲ့ကို နှလုံးသားထဲမှာ သိမြင်လာအောင်
ပြောပြပေးတဲ့ စာအုပ်လေးပါ
🍁🍁🍁
Aeri Myat –
ဒီနေ့ဖတ်ဖြစ်တဲ့ဆရာမင်းထက်ဟန်ရဲ့စာအုပ်လေးထဲမှာတော့ဒေါသပယ်နည်းလေးတွေကိုဘုရားရှင်လက်ထက်ကသာဓကပုံပြင်လူ့သဘာဝထဲကတကယ့်အဖြစ်အပျက်လေးတွေနဲ့ဥပမာပေးပြီးရှင်းလင်းရေးဖွဲ့ထားပါတယ်
နောက်ပြီးတော့မှမေတ္တာပွားနည်း
အဆင့်ဆင့်
မေတ္တာသုတ်ရဲ့မြန်မာပြန်အနက်လေးတွေရှင်းလင်းပြောကြားပြီးမေတ္တာအစွမ်းကြီးမားလျှင်မျက်မှောက်အကျိုးကိုသာမကဘဝအဆက်ဆက်ကောင်းကျိုးများခံစားရစေမဲ့အကြောင်းလေးတွေကိုသာဓကဝတ္ထုကလေးများနဲ့ဆက်လက်ရေးဖွဲ့ထားတာကိုဖတ်ရှူနိုင်မှာပဲဖြစ်ပါတယ် မေတ္တာပွားရာတွင်လည်းမိမိကိုယ်တိုင်အတွက်အရင်ပွားပြီးမှချစ်ခင်သူ အလယ်အလတ် ရန်သူစသဖြင့်
အဆင့်ဆင့်ပွားများရမည်ဆိုတဲ့အကြောင်းမှတ်သားလေ့လာမိပါတယ်
အာရုံတွေနောက်လိုက်ပြီးဒေါသဖြစ်မဲ့အစားမေတ္တာထားခြင်းခွင့်လွှတ်ခြင်းဖြင့်စိတ်တွေအေးချမ်းစေတာပါပဲဒီစာအုပ်လေးကတော့စိတ်အေးချမ်းစေမဲ့နည်းလမ်းကောင်းတွေကိုရေးသားဖော်ပြထားတာမို့အခုလိုကာလမျိုးမှာဖတ်ဖို့သင့်တော်တဲ့စာအုပ်ကောင်းလေး၁အုပ်ပါပဲ..အောက်ကစာလေးကတော့(စာအုပ်ထဲကစာတစိတ်တပိုင်း)စာမြည်းအနေနဲ့ကူးယူရေးသားဖော်ပြလိုက်ပါတယ်
“မေတ္တာအကျိုး…
တနေ့ကိုအိုးတရာချက်ဆွမ်းသုံးကြိမ်လှူဒါန်းခြင်းထက်နို့တညှစ်စာမေတ္တာပွားခြင်းသည် ပို၍အကျိုးကြီးမား၏။”
#reviewby하은