ဟန်ချက်ညီသော ခြေလှမ်းများ
3500 (ကျပ်)
ဘဝခရီးလမ်းကို လှမ်းလျှောက်ကြရာမှာ… အချို့က မြန်မြန်သွက်သွက် လျှောက်လှမ်းနိုင်ကြတယ်။ အချို့က ဖြည်းဖြည်းနှေးနှေးသာ လျှောက်လှမ်းနိုင်ကြတယ်။
မြန်မြန်သွက်သွက်ပဲ လျှောက်လျှောက်…၊ ဖြည်းဖြည်းနှေးနှေးပဲ လျှောက်လျှောက်…၊ ဟန်ချက်ညီညီနဲ့ လျှောက်လှမ်းနိုင်မယ်ဆိုရင် ဘဝခရီးမှာ ရည်ရွယ်ထားတဲ့ ပန်းတိုင်ကို ပိုင်ပိုင်နိုင်နိုင် လှမ်းကိုင်နိုင်မှာ အသေအချာ။
ဟန်ချက်ညီသော ခြေလှမ်းများ စာအုပ်ထဲမှာ… ဘဝခရီးလမ်းကို ဘယ်လိုစိတ်ထားမျိုးနဲ့ ဟန်ချက်ညီညီ လျှောက်လှမ်းကြမလဲ… ယုံကြည်ရာ ပန်းတိုင်ကို ဘယ်လိုမျိုး လှမ်းဆွတ်ယူနိုင်မလဲ… ဆိုတာတွေကို ရဟန်းပညာရှိ၊ လူပညာရှိတို့ရဲ့ အဆိုအမိန့်တွေ၊ ပုံပြင်တွေ၊ ဗုဒ္ဓရှင်တော် ဟော်တော်မူခဲ့တဲ့ ဒေသနာ အကိုးအကားတွေနဲ့ ဖတ်ရှုရမှာပါ။
ဤစာအုပ်လေးတွင် စာပေခရီးသွားများ စာအုပ်တိုက်မှ စီစဉ်ထုတ်ဝေသော ‘ရောက်တဲ့နေရာမှာ ရပ်နေမှာလား’၊ ကိုယ်ပိုင်လား အငှါးလား’ အစရှိသည့် လူငယ်စာစဉ်တွင် ရေးသားဖော်ပြခဲ့သော လူငယ်ဆောင်းပါးများကို စုစည်းထုတ်ဝေထားခြင်း ဖြစ်သည်။
| စာမျက်နှာ | 117 |
|---|---|
| စာအုပ်အရွယ်အစား | 4.6 × 0.2 × 7.2 inches |
| ပုံနှိပ်မှတ်တမ်း | ဇလပ်နီစာပေ၊ 2023 မေလ ၊ (ပထမကြိမ်) |
| စျေးနှုန်းအပြောင်းအလဲ | 2.4.2026 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 6000 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။ |
4 in stock





ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ