
Respect
18000 (ကျပ်)
သက်ကြီးဝါကြီးပညာဉာဏ်ကြီးမြတ်သူ ၁၆ ဦးရဲ့ Profile ကို မောင်ကိုကို(အမရပူရ) ရဲ့ရေးဟန်အတိုင်းဖတ်ရှုရမှာ ဖြစ်ပါတယ်။ ဆရာမောင်ကိုကို(အမရပူရ) ရဲ့ RESPECT ကဘယ်သူတွေလဲ၊ ဘာကြောင့် RESPECT လဲ။
ဆရာမကြီးကြည်အေးကလွဲပြီး ကျန်တဲ့စာရေးဆရာ ၁၅ ဦးကို လူချင်းတွေ့ဆုံပြီး ရေးသားထားတာဆိုတော့ စာချစ်သူများလေးစားတန်ဖိုးထားရတဲ့ စာရေးဆရာတွေဟာ ဘဝကိုဘယ်လိုဖြတ်သန်းရုန်းကန်ခဲ့ရလဲ၊ သူတို့ကြုံတွေခဲ့တဲ့ခေတ်စနစ်တွေ၊ လောကဓံအနိမ့်အမြင့်လှိုင်းလုံးတွေထဲ ဘယ်လိုကူးခတ်ခဲ့သလဲဆိုတာ ကနေ့ခေတ်မျိုးဆက်သစ်လူငယ်တွေ လေ့လာသိရှိခွင့်ရမယ့် သမိုင်းမှတ်တမ်းစာအုပ်တစ်အုပ်လည်းဖြစ်ပါတယ်။
ဆရာမောင်ကိုကို(အမရပူရ) တွေ့ဆုံခဲ့တဲ့ RESPECT စာရေးဆရာများထဲမှာ မောင်စွမ်းရည်၊ ဝင်းဖေ၊ မောင်ဒီ၊ ကြီးမြင့်စော တို့လေးဦးသာသက်ရှိထင်ရှားကျန်ရှိပြီး အခြား ၁၂ ဦးကတော့ကွယ်လွန်သွားကြပြီဖြစ်ပါတယ်။
| စာမျက်နှာ | 296 (woodfree Paper) |
|---|---|
| စာအုပ်အရွယ်အစား | 5.3 × 0.5 × 8.2 inches |
| ပုံနှိပ်မှတ်တမ်း | ဂျာနယ်လစ်စာပေ၊ 2026 မေလ (ပထမအကြိမ်) |
5 in stock





ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ