အိမ်မြှောင်များ
5000 (ကျပ်)
တောကျီးကန်းဆိုသူမှာ နာမည်ရင်းက ကိုကျော်သန်းပါ။ သူ နေတာ ၃၅ လမ်းရဲ့ တောင်ဖက်အရပ်ဒေသပေါ့။ ကျောက်စိမ်းလုပ်ငန်း၊ကျောက်သွေးလုပ်ငန်း လုပ်ကိုင်ကြတဲ့ ရပ်ကွက်တွေပါ။အရင်က ကျောက်ဝိုင်းလည်း ရှိတယ်။ ကျောက်ဝိုင်းက မနက် ၅ နာရီကနေ နေပွင့်ချိန်အထိ အတော် စည်ပါတယ်။ ကိုကျော်သန်းကို ကိုသင်းပန်တို့ ကိုနီမောင်တို့ ကိုမိုးရည်တို့က တောကျီးကန်း လို့ ခေါ်ကြတယ်။
တောကျီးကန်းရဲ့ ကဗျာကို ကျွန်တော် မဖတ်ဖူးဖူး။စာရေးတာထက် စာဖတ်တဲ့ ဘက်မှာ သူ ပို အားသန်တယ်။မြန်မာလို စာအုပ် တော်တော်စုံစုံ သူ ဖတ်ဖူးတယ်။နတ်နွယ်တွေ ဖတ်သလို ဒဂုန်တာရာလည်း ဖတ်တာပဲဘာသာပြန်လည်း ဖတ်တယ်။ဒဂုန်တာရာရဲ့ စာပေသဘောတရားတို့ဘာတို့တော့ သူ မဖတ်ဖူး။နောက် အပျော်ဖတ် ဝတ္ထုလိုင်းကို သူ မဖတ်ဖူး။ဒေါ့စတိုယက်စကီး ဝတ္ထုတွေကို နတ်နွယ် မှီးပြီး ရေးတာတွေ သူ ကြိုက်တယ်။အဲလဘတ်ကမူး ဝတ္ထုကို ထင်လင်း ဘာသာပြန်တဲ့ စည်းအပြင်က လူကို သူ ကြိုက်တယ်။ထင်လင်း ပြန်တဲ့ အဆိပ်တို့၊တစ်ကျွန်းစံ၏ အပြန်လမ်းတို့ သူ ကြိုက်တယ်။အေဂျီခရိုနင်ဝတ္ထုပေါ့။
စာမျက်နှာ | 151 |
---|---|
စာအုပ်အရွယ်အစား | 5.3 x 0.2 x 8.2 inches |
ပုံနှိပ်မှတ်တမ်း | နှစ်ကာလများစာပေ၊ 2023 ၊ ဇူလိုင်လ (ပထမ-ကြိမ်) |
4 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ