စစ်မှန်တဲ့ဉာဏ်ပညာနဲ့ ဖတ်စေချင်သည့် စာတိုပေစများ (၂)

( 1 မှတ်ချက်)

18000 (ကျပ်)

ဆရာဒေါက်တာစိုးသန်း ရဲ့ Social Media ပေါ်က အင်္ဂလိပ်-မြန်မာ နှစ်ဘာသာနဲ့ တင်ခဲ့သမျှ ဖတ်စရာ၊ မှတ်စရာ အက်ဆေးစာတိုလေးများ စုစည်းထားတဲ့ Literature with a small L (2) “စစ်မှန်တဲ့ဉာဏ်ပညာနဲ့ ဖတ်စေချင်သည့်စာတိုပေစများ (၂)”  ဆိုတဲ့ စာအုပ်အသစ်လေးဖြစ်ပါတ်ယ။

စာအုပ်လေးဟာ အင်္ဂလိပ်စာ လေ့လာသူတွေအတွက်ရော၊ စာပေဝါသနာအိုးတွေအတွက်ပါ တွေးတွေးခေါ်ခေါ် အေးအေးလူလူ ဖတ်ရှုလို့ရမယ့် အကြောင်းအရာအစုံအလင် ပါဝင်တဲ့ Bilingual (နှစ်ဘာသာ) စာအုပ်ကောင်းလေးတစ်အုပ် ဖြစ်ပါတယ်။

စာမျက်နှာ

321 (Woodfree Paper)

စာအုပ်အရွယ်အစား

5.8 x 0.5 x 8.3 inches

ပုံနှိပ်မှတ်တမ်း

စိတ်ကူးချိုချိုစာပေ၊ 2026 ဩဂုတ်လ(ပထမအကြိမ်)

4 in stock

စစ်မှန်တဲ့ဉာဏ်ပညာနဲ့ ဖတ်စေချင်သည့် စာတိုပေစများ (၂) အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Zar Ga Nar –

    စိတ်ကူးချိုချို နှစ်ပတ်လည်အနေနဲ့ထွက်လာတဲ့စာအုပ်ပါ။
    ဒေါက်တာစိုးသန်းရေးတဲ့စစ်မှန်တဲ့ဉာဏ်ပညာနဲ့ ဖတ်စေချင်သည့်စာတိုပေစများ။
    တခုကောင်းတာက စာဖတ်ရင်း အင်္ဂလိပ်စာပါလေ့ကျင့်လို့ရပါတယ်။
    မြန်မာ အင်္ဂလိပ်နှစ်ဘာသာတွဲရေးထားတာကိုး။
    ပြန်ပြောပြစရာကများတာမို့ခြုံငုံပြီးသာပြောပါရစေ။
    စာတိုပေစလို့ဆိုထားသလို သိစရာ၊မှတ်စရာ၊ကျင့်စရာ စာများပါ။
    ဆိုပါတော့
    အားအကောင်းဆုံးသူက နူးညံ့သိမ်မွေ့တယ်။
    အသိဉာဏ်အရှိဆုံးသူက တိတ်ဆိတ်တယ်။
    ဒီလိုအကြောင်းအရာလေးတွေကိုချဲ့ကားစဥ်းစားပြထားတာ။
    ဂျပန်မှာအဆိုရှိတယ်။
    လူတယောက်မှာမျက်နှာသုံးခုရှိတယ်တဲ့။
    အများကမြင်ရတဲ့မျက်နှာ
    အရင်းနှီးဆုံးသူတွေသာမြင်ရတဲ့မျက်နှာ၊
    ကိုယ်တယောက်ထဲသာမြင်ရတဲ့မျက်နှာ။ တဲ့။
    သူငယ်ချင်းသုံးယောက်ရှိတယ်တဲ့။
    ကြီးပွားစေတဲ့သူ၊
    အမှန်ပြောတဲ့သူ၊
    ဝမ်းမြောက်ပေးတဲ့ သူ တဲ့။
    ဆင်ခြင်ရမဲ့စာများလဲဟုတ်ပြန်ပါတယ်။
    If you have kindness in your heart,put it to use.
    စိတ်ကောင်းရှိတယ်ပြောနေရုံနဲ့လုံလောက်ပါ့မလား။
    ထုတ်သုံးလိုက်ပါလား။
    ဒီအကြောင်းအရာကိုလဲ အသေအချာရှင်းထားပါတယ်။
    အင်္ဂလိပ်လိုပါပြည့်ပြည့်စုံစုံရေးပြထားလို့ကောင်းစွာနှလုံးသွင်းနိုင်မှာပါ။
    ဒေါက်တာစိုးသန်းရဲ့စာ နဲ့ပဲအဆုံးသတ်ခွင့်ပြုပါ။
    Live and let live,please.
    ကိုယ်ရှင်သန်သလို သူများကိုလဲရှင်သန်ခွင့်ပေးကြပါ။

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဒေါက်တာစိုးသန်း စာအုပ်များ